Action နဲ့ Puzzle နှစ်မျိုးလုံးကြိုက်တဲ့မိတ်ဆွေများအတွက် Escape The Prison: Jail Break!

ဒီဂိမ်းလေးကတော့ Action နဲ့Puzzle နှစ်မျိုးရောထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ဒီဂိမ်းမှာသင်ဟာ ထောင်ကထွက်ပြေးဖို့ကြိုးစားတဲ့အကျဉ်းသားနေရာကဆော့ရမှာပါ။

အကျဉ်းသား ဆိုပေမဲ့သူဟာ အပြစ်ကင်းပါတယ်။ တရားခံ မှားဖမ်းတာကြောင့် ထောင်ကျသွားတာ ဖြစ်တယ်။ သူထောင်ဖောက် ရ တာကလည်း သူ တရားခံမဟုတ်ကြောင်း သက်သေပြဖို့ပဲဖြစ်ပါတယ်။ ထောင်ဖောက်ရတာ မလွယ်တာမိတ်ဆွေတို့ သိမှာပါ။ မိတ်ဆွေတို့ထောင်ဖောက် ဖူးလို့သိမည်ဟုဆိုလိုခြင်း မဟုတ်ပါဘူး။ ရဲတွေအများကြီး ရှိတာကို တစ်ယောက်မှမသိဘဲ ထောင်ထဲကထွက်ရမှာ အလွန်ခက်ခဲကြောင်း ပြောပြချင်တာဖြစ်တယ်။

 

ထောင်ကြီးကကျယ်တာ ကြောင့်မိတ်ဆွေတို့အနေနဲ့ Level 40 လောက်ထိဆော့ရမှာ ဖြစ်တယ်။ တခြားဂိမ်းတွေလိုဘဲ Level  မြင့်လာတာ နဲ့ ခက်လာမှာဖြစ်တယ်။ ထောင်ဖောက်ရတာ မို့ မိတ်ဆွေတို့ရဲ့ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးရမှာဘဲ ဖြစ်ပါတယ်။ စာတွေ၊အလုပ်တွေ ပြီးလို့  ဉီးနှောက်အပန်းဖြေတဲ့ အခါဆော့ ကစားနိုင်ပါတယ်။  ထောင်ဖောက်ရတာဖြစ်တာ ကြောင့်စိတ်လှုပ်ရှားစရာတွေနဲ့ လည်း ကြိုတွေ့ရမှာပါ။

Android online ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Free to play ပါ။ Graphic ပိုင်းမှာလည်း တော်တော်လေးအဆင်ပြေတဲ့အပြင် Sound System ကလည်း Dramatic sound အမိုက်စားလေးဖြစ်တာမို့ မိတ်ဆွေတို့အားလပ်ချိန်ဆော့လို့ရအောင် သတင်းပေးလိုက် ပါတယ်။

Image Sources:

https://play.google.com/store/apps/details?id=jail.break.prison.escape&hl=en

https://play.google.com/store/apps/details?id=com.fxb.prison&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password