News

သြဂုတ်လ ၉ ရက်နေ့မှာ ထွက်ရှိလာမယ့် Escape From Chernobyl

Escape From Chernobyl ဂိမ်းက ၁၉၈၆ ခုနှစ်တုန်းက နူကလိယားဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ဖြစ်လာခဲ့တဲ့ ကပ်ဆိုက်မှု နဲ့ ပတ်သတ်ပြီးဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Chernobyl က ကမ္ဘာပေါ်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်ကြီးတစ်ခုဖြစ်တာကြောင့် သူ့ကို သိနှင့်ပြီးသားသူတွေလည်း ရှိကောင်းရှိကြမှာပါ။ ၂၀၀၇ မှာထွက်ခဲ့တဲ့ Call of Duty 4 ရဲ့ level တစ်ခုမှာလည်း Chernobyl power plant ဖြစ်ပွားခဲ့တဲ့နေရာတစ်ခုကို ထည့်သွင်းထားပါတယ်။ အဲ့ဒီနေရာကို Call of Duty 4 ရဲ့ ဒီဂျစ်တယ် ဖန်တီးမှုတွေနဲ့ တွေ့ရတာတော့ တကယ့်ကို ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖို့အရမ်း ကောင်းခဲ့ပါတယ်။

Chernobyl က Pripyat, Ukraine မှာတည်ရှိပြီး အဲ့ဒီနေရာမှာ နူကလိယားဓာတ်ပေါင်းဖို ပေါက်ကွဲမှု စတင်ဖြစ်ပွားစဉ်ကတည်းက အစိုးရက ပြည့်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ခဏတာရွေ့ပြောင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီမြို့မှာ နေထိုင်ခဲ့ကြတဲ့ လူဦးရေ ၅၀၀၀၀ ခန့်ဟာလည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအများစုကို မကြာခင်ပြန်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထားခဲ့ကြပါတယ်။ အဆိုပါရွေ့ပြောင်းချက်က ယာယီမှ အမြဲတမ်းအဖြစ်ပြောင်းလဲသွားပြီး စွန့်ခွာသွားတဲ့ လူတွေလည်း ပြန်မလာခဲ့ကြတော့ပါဘူး။ စွန့်ပစ်နေရာတစ်ခုလို မြို့ပျက်ကြီးလို တည်ရှိနေတဲ့ Chernobyl ဟာ အခုအချိန်ထိ လူတိုင်းရဲ့အမြင်အာရုံထဲမှာ ကြက်သီးထစရာကောင်း တဲ့နေရာတစ်ခုအဖြစ် တည်ရှိနေတုန်းပဲဖြစ်ပါတယ်။

ပျောက်ဆုံးပျောက်ကွယ်သွားတာ ရာစုနှစ် ၃ ခုကျော်သွားပြီဖြစ်တဲ့ အဲ့ဒီမြို့ကြီးဟာ အခုအချိန်မှာတော့ ရုပ်ရှင်ရိုက်သူများ ၊ ဓာတ်ပုံဆရာများ နှင့် အခြား ဒီဇိုင်းနဲ့ ပတ်သတ်သော ပညာရှင်များရဲ့ အသုံးချစရာနေရာတစ်ခုအဖြစ်တည်ရှိနေပါတယ်။ အဲ့ဒီနေရာမှာ Escape From Chernobyl ဂိမ်းရဲ့ setting ကိုချထားတယ်ဆိုတော့ကာ ခြောက်ခြားစရာတော့လုံးဝကိုကောင်းနေမှာနော်

Escape from Chernobyl က survival horror ဂိမ်းတစ်ခုထက်ပိုတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အဲ့တာကြောင့် player တွေအတွက်တော့ ကမ္ဘာပေါ်မှာ အစစ် အတိုင်းတည်ရှိနေတဲ့ လျှို့ဝှက်ဆန်းကျယ်ပြီး အန္တရာယ်များတဲ့နေရာတစ်ခုကို ဝင်ခွင့်ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုပေါ့နော်။ အသေးစိတ် ပြင်ဆင်ဖန်တီးထားတဲ့ အဆောက်အဦးတွေနဲ့ အခန်းငယ်လေးတွေကို လုံးဝကို ထိထိမိမိ ရှိတဲ့ sci-fi story နဲ့ပေါင်းစပ်ထားတဲ့ဂိမ်းဖြစ်တာကြောင့် Admin ကတော့ တော့ စမ်းကစားကြည့်ဖို့ အရမ်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ နမူနာဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

ဗီဒိုယိုထဲက Gameplay ပုံစံက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတယ်မဟုတ်လား။ Admin သူ့ကိုကြွေသွားသလို အားလုံးလဲ ကြွေသွားမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို အရမ်း အရမ်းကို ဂေါ်တဲ့ Escape from Chernobyl ကို နောက်အပတ် သြဂုတ်လ ၉ ရက်နေ့မှာ မြင်တွေ့ရတော့မှာတဲ့နော် ဘော်ဘော်တို့ရေ… အပီအပြင် ဝုန်းဖို့ “Ready” ပဲလား??? 😛)

 

Ref: Toucharcade

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password