News

Fortnite Season 5 ထွက်ရှိမယ့် အချိန်ကို တရားဝင်ကြေညာလိုက်တဲ့ Epic Games

Playon က Fortnite fan တို့ရေ Fortnite Season 4 အဆုံးသတ်တော့မယ်နော်။ ဒါပေမယ့် စိတ်မပူပါနဲ့။ Fortnite Season 5 ရောက်လာပါတော့မယ်။ ပြီးခဲ့တဲ့ အပတ်က Fortnite developer ရဲ့ တရားဝင် ကြေညာချက်အရ Fortnite Season 5 ကို ဇူလိုင်လ ၁၂ ရက်နေ့ (4a.m.ET) မှာ စတင်တော့မယ်လို့သိရပါတယ်။ Season 4 အဆုံးသတ်ပြီး နောက်တစ်ရက်ပေါ့နော်။ Season 5 က မကြာခင်မှာရောက်ရှိလာတော့မယ်ဆိုပေမယ့် Season အသစ်မှာ ဘယ်လိုတွေပြောင်းလဲမှုတွေကို သယ်ဆောင်လာမှာလဲဆိုတာ အခုချိန်ထိ သေသေချာချာ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်တုန်းက မိတ်ဆက်ခဲ့တဲ့ Missile Launch မှာ ကောင်းကင်နဲ့ Map ပေါ်မှာ rifts သိသာထင်ရှားစွာပေါ်လာတာကို စတင် တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် Gameplay ပုံစံကိုတော့ ထိခိုက်နှောင့်ယှက်ခြင်းမရှိခဲ့ပါဘူး။ အစင်းတန်းကြီးတွေပဲပေါ်နေတာပါ။ Season 4 ပြီးလာဖို့နီးလာလေလေ တစ်ရက်ထက်တစ်ရက် ကောင်းကင်နဲ့ Map ပေါ်မှာ rifts တွေများလာလေလော ဖြစ်လာတာတွေ့ရပါတယ်။

အရင်က ထွက်ရှိခဲ့တဲ့ Fortnite Season တွေလိုပဲ အခုထွက်ရှိလာမယ့် Season 5 မှာလည်း အချိန် ၁နာရီ/ ၂နာရီ (downtime) ခဏ ရပ်တန့်သွားမယ့် sever maintenance နဲ့ စတင်မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးရင်တော့ Player တွေက Patch အသစ် v5.0 ကို update ပြုလုပ်ပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာကို ဂိမ်းထဲမှာ ချက်ချင်း ဝင်ကြည့်နိုင်မှာပါ။ အခုချိန်မှာတော့ Season 5 တရားဝင် ထွက်ရှိမလာသေးတာကြောင့် ဘာမှသေသေချာချာ ပြောလို့မရသေးပေမယ့် Season 5 ထဲမှာ Player တွေအတွက် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေ နဲ့ ကစားနေရင်း ရရှိနိုင်မယ့် unlockable cosmetics တွေ ၊ rewards တွေကို ပြင်ဆင်ထားတယ်လို့သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း Season 5 နဲ့ ပတ်သတ်တဲ့ စိတ်လှုပ်ရှားစရာ သတင်းတွေကိုလည်း Guess လုပ်တဲ့သူတွေအများ အပြား ရှိနေပါတယ်။

Playon ကဘော်ဘော်တို့ရေ Season 4 ကို နှုတ်ဆက်ပြီး Season 5 ဆီကို ချီတက်ဖို့ အဆင်သင့်ဖြစ်နေပြီလား??? သိပ်မလိုတော့ပါဘူး နောက်ထပ် တစ်ပတ်လောက်ပဲ ထပ်ပြီးစောင့်ဖို့လိုပါတော့တယ်။

 

Ref: Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password