ArticleNews

ပထမဆုံးသော FORTNITE TOURNAMENT အတွက် Epic မှ ဒေါ်လာတစ်ရာမီလျံထောက်ပံ့မည်

iOS အတွက် ထွက်ရှိတာလပိုင်းပဲရှိသေးပေမယ့် အောင်မြင်မှုကြီးကြီးမားမားရရှိထားတဲ့ Fortnite ကတော့ ဆက်ပြီးတော့ ခြေလှမ်းတွေ ခပ်ကျဲကျဲလှမ်းနေဆဲပါပဲ။ 2018-2019 season အတွက် ဒေါ်လာတစ်ရာမီလျံ provide လုပ်သွားမှာဖြစ်ကြောင်း မနေ့ကပဲ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ (နည်းနည်းနောနောပမာဏလားနော် one hundred million dollars တဲ့ 😱😱)

ဒီ one hundred million dollars ဟာ ဆုကြေးသီးသန့်အတွက်ပဲဖြစ်တာမို့လို့ ဆုတွေကိုဘယ်လိုသတ်မှတ်ပြီးပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Fortnite အနေနဲ့ ပြိုင်ပွဲတွေစတင်လုပ်ဆောင်တော့မှာဖြစ်ပေမယ့် ပါဝင်ကစားသူတွေနဲ့ ပွဲကြည့်ပရိသတ်တွေကိုပိုပြီး စိတ်ပျော်ရွှင်မှုပေးဖို့ကိုပဲ အဓိကရည်ရွယ်ပါတယ်လို့ဆိုထားပါတယ်။

နောက်ဆက်တွဲသတင်းတစ်ခုကတော့ Jetpack ကြီးပါလာတော့မယ်ဆိုတဲ့အကြောင်းဖြစ်ပြီး သိပ်စောင့်စရာမလိုပါဘူး။ မနက်ဖြန် release လုပ်မယ့် 4.2 content update မှာ ပါနိုင်တယ်လို့ သတင်းကြားထားပါတယ်။

Android user တွေအနေနဲ့လဲ သိပ်မကြာခင်မှာ android version release လုပ်တော့မှာမို့လို့ စိတ်ရှည်ရှည်ထားပြီးစောင့်ပေးကြပါနော်။ ဒီကြားထဲ စိမ်းမနေအောင် သတင်းလေးတွေနားစွင့်ပြီး အသင့်ပြင်ထားမယ်ဆိုရင်တော့ ထွက်ပြီဆိုတာနဲ့ တန်းပြီးတီးလို့ရမှာပါ။

Related Post >> Android version ထွက်ရှိမယ့်ရက်ကို ကြေငြာလိုက်တဲ့ Fortnite

Fortnite Esports Tournament နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သိပ်မကြာခင်မှာပဲ Epic ကနေပဲ ဆက်ပြီးထုတ်ပြန်ပေးသွားမှာဖြစ်လို့ stay tuned ပါလို့…….

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password