ArticleNews

IOS platform မှာတင် ဝင်ငွေ ၃၅၀ မီလီယံ အထိသိမ်းပိုက်ထားပြီးပြီဖြစ်တဲ့ Fortnite

Epicgames ရဲ့ Battle Royale ဂိမ်း Fortnite ဟာတော့ iPhone, iPad အစရှိတဲ့ iOS platform မှာ ဆော့ကစားသူတွေဆီကနေ ဒေါ်လာ ၃၅၀ မီလီယံအထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ တခြား Platform တွေမပါပဲ iOS တစ်ခုတည်းမှာကိုတင် ၃၅၀ မီလီယံအထိ သိမ်းပိုက်ထားနိုင်တာကြောင့်  တော်တော်လေးဟန်တဲ့အနေအထားတစ်ခုလို့ဆိုရမှာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Fortnite မှာ Halloween Theme တစ်ခုထည့်သွင်းပေးခဲ့တာ Player တွေတော်တော်များများသိပြီးကြမှာပါ။ အဲ့ဒီ event ရဲ့အရှိန်ကြောင့်လို့ပဲဆိုရမလား Fortnite ရဲ့ဝင်ငွေ ၃၅၀ မီလံယံထဲက ၅၅.၄ မီလီယံက အောက်တိုဘာလ တစ်လအတွင်းမှာရရှိခဲ့တဲ့ ဝင်ငွေဖြစ်တယ်လို့ Sensor Tower ရဲ့မှတ်တမ်းအရသိရှိရပါတယ်။ အောက်တိုဘာလ မှာရရှိခဲ့တဲ့ဝင်ငွေဟာပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကထက် ၆ ရာခိုင်နှုန်းကျော်မြင့်တက်လာတာဖြစ်သလို Google Play store နဲ့ Apple store တို့မှာရှိတဲ့ ဝင်ငွေအများဆုံး နံပါတ် ၁၀ app နေရာကို ရပ်တည်စေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ Epicgames မှာ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Tencent, Disney တို့အပါအဝင် ကုမ္ပဏီတော်တော်များများ ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားကြတာဖြစ်ပြီး ရင်းနှီးမြုပ်နှံငွေ ၁.၂၅ ဘီလီယံ အထိရှိနေတယ်လို့လဲသိရပါတယ်။ ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားတဲ့ ကုမ္ပဏီတွေထဲက Tencent, Disney, Endeavour တို့က Epicgames ရဲ့ Minority Stake Owners အဖြစ်တည်ရှိနေမှာဖြစ်ပေမယ့် ထိန်းချုပ်မှုအားလုံးကတော့ Epic ရဲ့ CEO Tim Sweeney လက်အောက်မှာပဲရှိနေမယ်လို့သိရပါတယ်။

Fortnite battle royale ကတော့ iOS အတွက်ဆိုရင်တော့ App store က Download ဆွဲဆော့ကစားနိုင်ပါတယ်။ Android အတွက်တော့ device တော်တော်များများနဲ့ compatible ဖြစ်နေပြီး မကြာခင် Device အားလုံးမှာဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ (Google Playstore ကနေတော့ Fortnite ကို Download ဆွဲလို့ရမှာမဟုတ်ပါဘူးနော်။)

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password