ဒုတိယကမ္ဘာစစ် အတွင်းက spy လေးအဖြစ် ကစားရမယ့် Enigma: Tiny Spy – Point & Click Adventure Game

၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်တုန်းက ပုံစံအတိုင်း ကစား ရမှာပါ။ မိတ်ဆွေရဲ့အဓိကတာဝန်က Spy အဖြစ် လျှို့ဝှက် code စာအုပ်ကို စောင့်ရှောက်ပြီး အမိမြေဆီကို ပြန်သယ်လာပေးရမှာဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေတွေကို ဖြတ်သန်းရမှာဖြစ်ပြီး challenges တွေကိုရင်ဆိုင်ရမှာဖြစ်တယ်။ ဒီ game ထဲမှာ မိတ်ဆွေက Spy အဖြစ်ဆောင်ရွက်ရမှာ ဖြစ်သလို လိုအပ်ရင်လည်း သူခိုးလုပ်ရမှာဖြစ်တယ်။လမ်းမှာတွေ့တဲ့ပစ္စည်းတွေကို လိုက်စုထားပြီး လိုအပ်တဲ့နေရာတွေမှာ အသုံးပြုရမှာပါ။

Europe တစ်ခွင်ကို လှည့်ပတ် သွားရမှာဖြစ်ပြီး ပေါက်ကွဲမှုတွေ ၊ zombies တွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်တယ်။တမူထူးခြားတဲ့ ပုံစံမျိုးဖြစ်ပြီး အသစ်အဆန်းကြိုက်တဲ့ gamer တွေအကြိုက်တွေ့စေမှာပါ။ လမ်းခရီးမှာတွေ့တဲ့ characters တွေနဲ့ conversation တွေလုပ်ရမှာဖြစ်ပြီး အဲ့ဒီ conversation တွေကပဲ မိတ်ဆွေလုပ်ဆောင်ရမယ့် missions တွေကို လမ်းညွှန်ပေးမှာဖြစ်တယ်။

Game တစ်လျှောက်လုံး ချစ်စရာကောင်းတဲ့ minimalistic Graphic နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ သံစဉ်တွေက လိုက်ဖက်ညီနေမှာဖြစ်တယ်။ Story mode နဲ့ ကစားရမှာဖြစ်ပြီး mysterious puzzles တွေအများကြီးပါဝင်တယ်။ Locations နဲ့ plots တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေမှာဖြစ်ပြီး hints တွေလည်းပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့ ပုပုသေးသေး funny characters လေးတွေကြောင့် မိန်းကလေးရော ယောင်္ကျား လေးရော သဘောကျနှစ်သက်မယ့် game ကောင်းလေးတစ်ခုဖြစ်တယ်။ Offline game အမျိုးအစားဖြစ်တာကြောင့် အချိန်တိုင်းနေရာတိုင်းမှာ ကစားနိုင်မှာဖြစ်တယ်။

Android အတွက် free to play ဖြစ်ပြီး IOS အတွက် $0.09 ကျသင့်မှာဖြစ်တယ်။ အသစ်အဆန်း ပုံစံလေးဖြစ်တာမို့ မိတ်ဆွေ စမ်းကစားကြည့်သင့်တဲ့ game ကောင်းလေးဖြစ်တယ်။

Notes!

–  Android တွင် Enigma: Super Spy – Point & Click Adventure ခေါင်းစဉ်နှင့် တွေရပြီး Rating 4.6 အထိရရှိထားပါတယ်။ IOS တွင် Enigma: Tiny Spy – Point & Adventure ခေါင်းစဉ်နဲ့တွေ့ရမှာဖြစ်ပြီး rating 4.4 ရရှိထားပါတယ်။ ခေါင်းစဉ်အနည်းငယ်ကွဲလွဲချက်ရှိပါတယ်။

 

 

 

 

Image Source –  Enigma: Tiny Spy – Point & Click Adventure Game

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password