News

English ဘာသာစကားနဲ့ Steam ပေါ်ကိုရောက်လာတဲ့ Illusion ရဲ့ ‘VR Kanojo’

Mobile ဂိမ်းနဲ့တော့ မဆိုင်ပါဘူး.. ဒါပေမယ့် ပြောကိုပြောပြသင့်တဲ့ သတင်းလေးမို့ ရေးလိုက်ရပါတယ်။ (ဟွင်းဟွင်း)

ဂိမ်းအကြောင်း နှံ့နှံ့စပ်စပ်သိတဲ့သူတွေကတော့ ဂျပန်ဂိမ်းကုမ္ပဏီ Illusion ကို ကြားဖူးကြမှာပါ။ Illusion ဟာ သူ့ရဲ့ Eroge (Adult Game) တွေနဲ့နာမည်ကြီးပြီး Fanboy တွေရဲ့ သစ္စာရှိရှိအားပေးခြင်းခံရတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ် (Pun Intended)။ သူဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဂိမ်းတွေရေးဆွဲထုတ်လုပ်နေခဲ့ပေမယ့် အဲဒါတွေက ဂျပန်ဘာသာစကားနဲ့ ဂျပန်နိုင်ငံအတွက်ပဲထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပထမဦးဆုံးအကြိမ်အနေနဲ့ သူ့ရဲ့နောက်ဆုံးထွက်ဂိမ်းတစ်ခုဖြစ်တဲ့ ‘VR Kanojo‘ ကို အင်္ဂလိပ်ဘာသာစကားနဲ့ Steam ကနေတစ်ဆင့် ဖြန့်ချိပေးလိုက်ပြီဖြစ်ပါတယ်။

VR Kanojo‘ (Virtual Girlfriend) လို့အမည်ရတဲ့ဒီဂိမ်းဟာ Illusion ရဲ့ VR Gaming လောကထဲ ပထမဦးဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒီဂိမ်းဟာ Bandai Namco ရဲ့ PS4 Exclusive တစ်ခုဖြစ်တဲ့ ‘Summer Lesson‘ နဲ့ သဘောတရားချင်းတူတူပါပဲ.. 18+ Content လေးပဲပိုလာတာပါ (Illusion ထုံးစံအတိုင်းပေါ့)။ VR Kanojo မှာ ကောင်မလေးတစ်ယောက်နဲ့ အခန်းထဲမှာ စကားလေးဘာလေးပြော.. ဘာဘာညာညာလေးတွေလုပ်ရမှာပါ။ တစ်ခုရှိတာက Steam Version မှာတော့ Default အနေနဲ့ Adult Scene တွေကိုဖြုတ်ထားတယ်လို့ဆိုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Patch တွေဘာညာလုပ်ပြီး ပြင်လို့ရတယ်လို့လည်း ဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ လူတော်တော်များများမှာ VR Headset တွေမရှိကြသေးပါဘူး။ အဲဒီတော့ ဒီဂိမ်းကိုဝယ်မယ်ဆိုရင်တောင် VR Headset မရှိရင် ဆော့လို့မရတဲ့အတွက် ဒီကလူတော်တော်များများနဲ့ အလှမ်းဝေးနေဦးမှာပါ (Headset ရှိရင်တော့ ထွေထွေထူးထူးတောင် တိုက်တွန်းစရာ မလိုလောက်ဘူးထင်ပါတယ် 😆)။

ဒီသတင်းမှာ အရေးအကြီးဆုံးအချက်ကတော့ ဆရာကြီး Illusion က သူ့ဂိမ်းတွေကို English ဘာသာစကားနဲ့ စထုတ်လာတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ နောက်ပိုင်းမှာလည်း ဒီလမ်းစဉ်အတိုင်းဆက်သွားမလား မျှော်လင့်လို့ရလာပါပြီ။ တကယ်တမ်းသာဖြစ်လာရင် သူ့ဂိမ်းအသစ်ထွက်တိုင်း Crack တွေ၊ English Patch တွေ မျှော်ရတဲ့ဒုက္ခကနေ ကင်းဝေးရတော့မှာပါ။

ကဲ.. ဒီဂိမ်းကို စိတ်ဝင်စားတဲ့သူတွေကတော့ အောက်မှာပေးထားတဲ့ Steam Link မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဆော့မယ့်သူတွေကို တစ်ခုလောက်အကြံပေးပါရစေ.. အခန်းတံခါးပိတ်ပြီးမှဆော့ပါလို့.. (ဟွင်းဟွင်း) 😁

‘VR Kanojo’ @ Steam

vr kanojo .         vr kanojo

 

Ref: Polygon

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: