ArticleNews

ခြောက်ခြားဖွယ်ရာ အိမ်ကြီးထဲမှာ ပီဇာပို့သမားအဖြစ်ဆောင်ရွက်ရမယ့် Emily Wants To Play

ခုတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့တွေကို Emily Wants To Play ဆိုတဲ့ horror ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Emily Wants To Play က ခြောက်ခြားစရာတွေနဲ့ ပြည့်နေတဲ့ horror ဂိမ်းတစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားဖို့တော် တော် လေးကောင်းပါတယ်။ ဂိမ်းရဲ့ storyline က ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိနေပါသေးတယ်။ ဂိမ်းရဲ့ storyline လေးကို အောက်မှာဖော်ပြပေးမယ်နော်…

အချိန်က ညဘက် ၁၁ နာရီရှိနေပါပြီ။ သင်ကလည်း သင့်ရဲ့ နောက်ဆုံး ပီဇာပို့ရမယ့် အိမ်ကို သွားနေတာပါ။ မီးတွေက ပွင့်နေတယ်။ အိမ်ရှေ့တံခါးကြီးလည်း ပွင့်နေတယ်။ အဲ့အိမ်ကြီးရဲ့ ပြတင်းပေါက်တွေအားလုံးက ကြောချမ်းစရာကြီး။ မြတ်ပင်တွေကလည်း တောထနေတယ်။ ပီဇာတစ်ချပ်ပို့ဖို့ တကယ့်ကို ထူးဆန်းနေတဲ့နေရာကြီးဖြစ်ပေမယ့် တစ်ယောက်ယောက်တော့ အထဲမှာ ရှိတဲ့ပုံပါပဲ။မုန်တိုင်းက တော်တော်လေး ဆိုးရွားလာတာကြောင့် သင်က အဲ့အိမ်ကြီးရဲ့ ရှေ့တံခါးဆီကို ပြေးသွားခဲ့တယ်။ ပြီးတော့ပြောလိုက်တယ်။ “ဟဲလို ပီဇာရောက်ပါပြီ” ဒါပေမယ့် ဘယ်သူမှ ပြန်မဖြေပါဘူး။ တိတ်ဆိတ်ငြိမ်သတ်နေပါတယ်။မိုးရေတွေပတ်လာတဲ့အတွက် တုံ့ဆိုင်းမနေတော့ပဲ ဘေးဘက်ဝန်းရံကိုကြည့်ပြီး တံခါးအတွင်းပိုင်းကို ဝင်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမှာပဲ တံခါးကြီးက ပိတ်သွားပါတယ်။သင်က သင့်ရဲ့နောက်ဆုံးကျန်တဲ့ အိမ် delivery ကို ပို့ပေးချင်ယုံပါပဲ ။ ဒါပေမယ့် အခုတော့ အဲ့ဒီ ကြက်သီးထစရာ အိမ်ကြီးထဲကနေ ထွက်ဖို့ ကြိုးစားရပါတော့မယ်။အိမ်ထဲမှာ သင်နဲ့ ကစားချင်နေတဲ့ Emily ဆိုတဲ့ကောင်မလေးနဲ့ သူ့အပေါင်းအသင်းတွေရှိနေကြမှာနော်…အဲ့ဒီ့ သည်းထိတ်ရင်ဖို ကြောက်စရာ အိမ်ကြီးထဲကလွတ်အောင်ဘယ်လိုလုပ်ကြမလဲ???

Emily Wants To Play ကို App Store မှာရော Play Store မှာရော ဒေါင်းလုတ်လုပ်ယူလို့ရနေပါပြီ။ Trailer လေးကိုတော့ အောက်မှာ ကြည့်သွားလိုက်ပါနော်…

ကဲ…ဘော်ဒါတို့ရေ ဘယ်လိုလဲ?Emily နဲ့တွေ့ဖို့ အဆင်သင့်ပဲလား????

Source- https://m.apkpure.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password