News

Dx2 Shin Megami Tensei ဂိမ်း မကြာမီထွက်တော့မည်

Yes.. More anime games! ထပ်ဆောင်းပြောရရင် western release ထွက်မယ့် anime ဂိမ်းပါ။ အင်္ဂလိပ်ဘာသာစကားနဲ့ anime ဂိမ်းတွေဆိုတာ အသည်းအသန်လိုက်ရှာရတယ်ဆိုတာ ကိုယ်တိုင် anime fan ဖြစ်မှသိပါလိမ့်မယ်။ အများစုက ဂျပန်ပြည်တွင်းကနေ အပြင်ကိုမထွက်လာတော့ moonrunes တွေနားမလည်ပဲ ပုံတွေချည်းပဲကြည့်၊ ပြီးတော့ wiki ဖတ်ပြီးဆော့ရတဲ့ဘဝကတော့ ပြောကိုမပြောပြချင်တော့ပါဘူး။ အဲဒီတော့ အင်္ဂလိပ်လိုထွက်မယ့်ဂျပန်ဂိမ်းလို့ဆိုလိုက်တာနဲ့ လာထား welcome ပါပဲ။

မနေ့က Sega ကြေညာလိုက်တဲ့ဂိမ်းကတော့ Dx2 Shin Megami Tensei: Liberation လို့အမည်ရပါတယ်။ Anime ကြည့်တဲ့သူတွေကတော့ Devil Survivor 2 The Animation ဆိုတဲ့ anime ကို ကြားကောင်းကြားဖူးကြမှာပါ။ အဲဒီ anime က Megami Tensei series ရဲ့တစ်ပိုင်းကိုယူရိုက်ထားတာဖြစ်ပါတယ်။ ဒီတော့ အဲဒီ anime ကိုနှစ်သက်တယ်ဆိုရင် ဒီဂိမ်းကိုသဘောကျသွားနိုင်ပါတယ်။

ဒီဂိမ်းမှာ ကစားသူတွေဟာ ရန်သူ Demon တွေကိုရင်ဆိုင်ဖို့အတွက် ကိုယ်ပိုင် Demon တွေကိုဆင့်ခေါ်အသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် Demon တွေကိုပေါင်းစပ်ပြီး ပိုကြမ်းတဲ့အကောင်တွေရအောင်ပြုလုပ်လို့ရဦးမှာပါ။ နောက်ပြီးတော့ ဒီဂိမ်းမှာ AR Function ပါဝင်မှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလန်းစား Demon တွေကို AR မြင်ကွင်းနဲ့ ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။

ဒီဂိမ်းကို Android နဲ့ iOS platform ၂ ခုလုံးအတွက်ထုတ်ပေးမှာဖြစ်ပါတယ်။ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံတွေမှာအရင်ဆုံးထွက်ရှိမှာဖြစ်ပြီး သိပ်မကြာခင်မှာ world wide release ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ဇာတ်လမ်းပိုင်းကို Berserk 2016 နဲ့ Psycho Pass တို့မှာပါဝင်ခဲ့တဲ့ Makoto Fukami က တာဝန်ယူရေးသားပေးနေပြီး Ace Attorney ဂိမ်းတွေနဲ့ Monster Strike The Animation တို့မှာပါဝင်ခဲ့တဲ့ Tatsurou Iwamoto က character design တွေကိုရေးဆွဲပေးထားတာဖြစ်တဲ့အတွက် quality ပိုင်းကိုတော့ စိတ်ချလို့ရလောက်ပါတယ်။ လောလောဆယ်တော့ ဒီဂိမ်းရဲ့ အဖွင့်ဗီဒီယိုကိုကြည့်ပြီး hype ထားလိုက်ကြရအောင်လား။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: