လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးဆော့ကစားနိုင်တဲ့ Dunk Hit!

ဘောလုံး (သို့) အရာဝတ္ထုတစ်ခုခုကို Basketball ဂိုးတိုင်ထဲကို ဝင်အောင်သွင်းပြီး ဆော့ရမှာကြောင့် ရိုးရှင်းတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အချိန်နဲ့ဆော့ကစားရမယ့်ဂိမ်းလေးဖြစ်တာကြောင့် ပေးထားတဲ့အချိန်အတွင်းမှာ တစ်ဂိုးဝင်အောင်သွင်း နိုင်မှသာ နောက် Challenge တစ်ခုဖြစ်တဲ့နောက် တစ်ဂိုးကိုသွင်းနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဂိုးမသွင်းနိုင်ရင်တော့ Game Over မှာဖြစ်ပါတယ်။ စစချင်းမှာတော့ ဂိုးသွင်းဖို့ အချိန်အများကြီးပေးထားပေမယ့် နောက်ပိုင်း Challenge တွေမှာတော့ ဂိုးသွင်းဖို့ အချိန်အနည်းငယ်သာပေးထားမှာကြောင့် ခက်လာမှာကတော့အသေအချာပါပဲ။ Endless ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် Challenge တွေကတော့ပြီးဆုံးသွားမှာမဟုတ်ပါဘူး။

မိတ်ဆွေက စစချင်းမှာတော့ Basketball နဲ့သာဆော့ရမှာဖြစ်ပါတယ်။ Donut, Flash, Hummer အပါအဝင် Skin ပေါင်း ၂၅ ခုရှိနေတာကိုလည်းတွေ့ရမှာပါ။ အဲ့ဒီ Skin တွေကိုတော့ မိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ထူးခြားတာက Unlock လုပ်တဲ့နေရာပါ။ ဘာလို့လဲဆိုတော့ တခြားဂိမ်းတော်တော်များများက လိုချင်တာကို Unlock လုပ်တဲ့အခါမှာ In-game Coin (သို့) တကယ့်ပိုက်ဆံနဲ့ Unlock လုပ်ရတာပါ ဒါပေမဲ့ ဒီဂိမ်းမှာတော့ မိတ်ဆွေရဲ့ Score နဲ့မှ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ Skin တစ်ခုချင်းစီမှာ Score တွေသတ်မှတ်ပြီးသားပါ။ သတ်မှတ်ထားတဲ့ Score အထိမိတ်ဆွေရောက်ရှိမှ သာလိုချင်တဲ့ Skin ကို Unlock လုပ်နိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေကဂိုးကိုသတ်မှတ်ထားတဲ့ အချိန်မရောက်ခင် နှစ်ခါ၊ သုံးခါလောက်သွင်းနိုင်ခဲ့ရင်တော့ မိတ်ဆွေရဲ့ဘောလုံး မှာ မီးတောက်လာမှာပါ။ On fire ဖြစ်နေတဲ့ဆိုတာဖော်ပြတာပဲဖြစ်ပါတယ်။ မိတ်ဆွေဆော့နေတဲ့အရာဝတ္ထုကိုလိုက်ပြီး ထွက်ပေါ်လာတဲ့အရောင်တွေကပြောင်းသွားမှာဖြစ်ပါတယ်။ ဘောလုံးဆိုရင်တော့ မီးတောက်ပေါ်လာမှာဖြစ် အခြားအရာဝတ္တုတွေဖြစ်တဲ့ Flash တို့ Donut တို့မှာဆိုရင်တော့ တခြားလှပတဲ့အလင်းတန်းတွေပေါ်ထွက်လာမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဒီဂိမ်းမှာ ကြော်ငြာတွေအရမ်များပါတယ်။ ကြော်ငြာတွေကလည်း တခြားဟာတွေမဟုတ်ပါဘူး၊ ဂိမ်းကြော်ငြာတွေပါ။ ဂိမ်းကြော်ငြာတွေ အရမ်းများတာကဒီအတိုင်းကြည့်ရင်တော့ စိတ်ရှုပ်စရာကောင်းနေပေမယ့် ကောင်းတဲ့အချက်ရှိပါတယ်။ ကောင်းတဲ့အချက်ကတော့ တခြားဂိမ်းတော်တော်များများ ကိုမိတ်ဆွေသိသွားတာပဲဖြစ်ပါတယ်။ တခြားဂိမ်းတော်တော်များများကိုတွေ့ လို့မဆော့ခင်ဂိမ်းအကြောင်းလေး တွေသိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Playon ဆီကိုလာရောက်ဖို့ဖိတ်ခေါ်ပါရစေ။

Free To Play ဂိမ်းဖြစ်ပါတယ်။ Android နဲ့ IOS Platform နစ်မျိုးလုံးမှာကစားနိုင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့  Sport ဂိမ်းအမျိုးအစားဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : https://play.google.com/store/apps/details?id=com.onlinegamerworld.dunkhit

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password