News

Gameloft ရဲ့ “Dungeon Hunter Champions” ထွက်နေပြီနော်

အခုနောက်ပိုင်း MOBA (multiplayer Online Battle Arena) တွေ အရမ်းကို ခေတ်စားလာတဲ့အတွက် Gameloft ကလည်း 5v5 RPG ဂိမ်း တစ်ခု ဖန်တီးလိုက်တာ ဆန်းတော့ မဆန်းပါဘူး။ “Dungeon Hunter Champions” က စတင်မိတ်ဆက်ပြီး နှစ်လကြာမှ ထွက်ရှိခဲ့တာကြောင့် အချိန်ကွာဟချက် နှစ်လအတွင်းမှာ လူစိတ်ဝင်စားမှုတွေလည်း အရမ်းကိုများနေခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။

RPG ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းရဲ့ single-player campaign story ကိုရေးတဲ့သူက ဝါရင့်သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာကြီး Dan Abnett ပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာ ပုံစံအမျိုးမျိုးရှိတဲ့ မစ်ရှင်တွေ ပါဝင်ပြီး သူတို့တွေထဲမှာ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေ၊ရန်သူတွေနဲ့၊ပတ်ဝန်းကျင် အသစ်တွေကို မြင်ရမှာပါ။ Trailer ထဲမှာ တွေ့ရတဲ့ Graphic ဒီဇိုင်းနဲ့ ဇာတ်ကောင်တွေရဲ့ စတိုင်တွေကတော့ လုံးဝကို အမိုက်စားတွေပါပဲ။

Multi-player mode မှာ ပထမဦးဆုံးရင်ဆိုင်ရမှာက 4v4 Arena ပါ။ 4v4 တိုက်ပွဲကိုရင်ဆိုင်ပြီးမှ 5v5 real-time Combat ကိုဝင်နွှဲရမှာပါ။ တိုက်ပွဲတွေမှာ အနိုင်ရဖို့အတွက်ကတော့ Player ရဲ့ ကိုယ်ပိုင် ဗျူဟာစွမ်းရည် နဲ့ Champions ရွေးချယ်တဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ အခြား RPG ဂိမ်းတွေလိုမျိုးပဲ တိုက်ပွဲတွေမှာ များများအနိုင်ရမှ Leaderboard ကိုတတ်နိုင်ပြီး random items တွေရယူနိုင်မှာပါ။ Download ကတော့ အခမဲ့ ဖြစ်ပေမယ့် App-purchase တွေရဲ့ Gems ဈေးနှုန်းတွေကတော့ အနည်းဆုံး $4.99 ကနေပြီး အများဆုံး $99.99 အထိရှိတယ်လို့သိရပါတယ်။ အကြမ်းစား RPG ဂိမ်းအမျိုးအစားတွေထဲက ကစားလို့ကောင်းတဲဂိမ်းကို ရှာနေတာဆိုရင်တော့ “Dungeon Hunter Champions” ကို ကစားကြည့်ဖို့ recommend ပေးချင်ပါတယ်။ Play Store နဲ့ App Store တို့မှာ download ရယူနိုင်နေပါပြီ။

 

Ref – www.ubergizmo.com

Download – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password