Basketball ဆော့ရတာကြိုက်နှစ်သက်တဲ့ Mobile Player များအတွက် Dude Perfect 2!

တခြား Basketball ဂိမ်းတွေနဲ့ မတူတာကိုတော့ အာမခံပါတယ်။ တကယ့် Basketball ဆော့သလို တော့ပြေးလွှားပြီးဆော့နေရမှာမဟုတ်သလို၊ အဖွဲ့နဲ့ဆော့ရမှာလည်းမဟုတ်ပါဘူး။ မိတ်ဆွေတစ်ယောက်တည်းဆော့ရမှာပါ။ မိတ်ဆွေတစ်ယောက်တည်းဘောလုံးကိုင်ပြီး Basketball ဂိုးတိုင်ထဲကိုသွင်းရမှာပဲဖြစ်ပါတယ်။ တစ်ယောက်တည်းကိုင်ပြီးသွင်းရမယ်ဆိုပေမဲ့ ထင်သလောက်မလွယ်ကူပါဘူး။ In-game System နဲ့ ဆော့ရမယ့်ပုံစံလေးတွေကိုအောက်စာပိုဒ်မှာရှင်းပြပေးထားတာမို့ ဆက်လက်လိုက်ပါ စေချင်ပါတယ်။

 

ဆော့ရမယ့်ပုံစံ တစ်ဝက်လောက်က အပေါ်က ရေးတဲ့ထဲမှာ ပါပြီးနေပြီဖြစ်ပါတယ်။ ဘောလုံးကိုင်ပြီး Basketball ဂိုးတိုင်ထဲကိုသွင်းရမယ်ဆိုတာပါ။ ဂိုးတိုင်ထဲဝင်အောင်မိတ်ဆွေက ဘောလုံးကို နည်းမျိုးစုံစဉ်းစားပြီး ပစ်ရမှာပါ။ ဘောလုံးပစ်တဲ့အခါ အခြေအနေတွေက မိတ်ဆွေထင်သလိုမဖြစ်တဲ့အခြေအနေတွေလည်းရှိတတ်တာကြောင့် သေချာဂရုစိုက်ပြီးပစ်ရမှာပါ။ ပြီးတော့ ပစ်တဲ့အခါမှာလည်း အကန့်အသတ်ရှိပါတယ်။ အဲ့ဒါကတော့ဘောလုံးပါ။ ဘောလုံးကို 10 လုံး (သို့) 10 လုံးကျော်ကျော်လောက်ပဲပေးထားတာပါ။ အဲ့ဒီဘောလုံး 10 လုံးကုန်သွားပြီးတာတောင် ဂိုးတိုင်ထဲဘောလုံးမဝင်ခဲ့ရင်တော့ မိတ်ဆွေ Game Over မှာဖြစ်ပါတယ်။


ဂိမ်းစစချင်းဝင်တဲ့ အခါ Play, Store, နဲ့ Videos ဆိုပြီးအရင်ဆုံးတွေ့ရမှာပါ။ အပေါ်နားမှာ Weekly Competition ဆိုပြီး Option တွေရှိနေမှာပါ။ တခြား Option အနည်းအငယ်ပါပေမဲ့ ကျွန်တော်က အဓိက Option လေးတွေကိုပဲဖော်ပြပေးထားပါတယ်။

Play ထဲဝင်လိုက်ရင်တော့ Level တွေအများ နဲ့ Chapter သုံးပိုင်းရှိနေတာကိုတွေ့ရမှာပါ။ Chapter 1 မှာတော့ Level အနေနဲ့ ၂၀ ပိုင်းရှိနေမှာပါ။ Chapter 2 နဲ့ 3 ကတော့ Level အနေနဲ့ အခန်း  ၂၀ ရှိမယ်လိုတော့ခန့်မှန်းရပါတယ်။ ကျွန်တော်ကိုယ်တိုင် Chapter 2 နဲ့ 3 မပွင့်သေးတဲ့ အတွက် သေချာမပြောနိုင်တာ စိတ်မရှိပါနဲ့ မိတ်ဆွေ။

ဒီဂိမ်းမှာ Character တွေအများကြီးပါဝင်ပါတယ်။ Character အနေနဲ့ ၁၂ ယောက်ပါဝင်ပါတယ်။ ၅ ယောက်ကတော့ ဂိမ်းစစချင်းထဲက မိတ်ဆွေကိုပေးထားမှာဖြစ်ပါတယ်။ ကျန်တာတွေကိုတော့ In-Game Coin တွေနဲ့ ဝယ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်မိတ်ဆွေကိုင်ရမယ့် ဘောလုံးတွေကိုလည်း Store ထဲမှာပဲဝယ်ယူနိုင်ပါတယ်။ ဘောလုံးအမျိုးအစား ၁၂ မျိုးရှိနေမှာဖြစ်ပါတယ်။ စစချင်းမှာမိတ်ဆွေက တစ်မျိုးတည်းပိုင်ဆိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ဘောလုံးတွေကတော့ မိတ်ဆွေကိုယ်တိုင် In-game Coin နဲ့ unlock လုပ်ရမှာပဲဖြစ်ပါတယ်။ Videos ဆိုတဲ့ Option ထဲမှာတော့ ဒီဂိမ်း Character တွေနဲ့ ရုပ်တူတဲ့ အဖြူကောင်တွေရှိနေမှာပါ။ အမိုက်စား Video မို့လို့ အချိန်ရရင်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး ဆော့သင့်တဲ့ Mini Game တစ်ခုထဲမှာပါဝင်တာကြောင့်မိတ်ဆွေအားဆော့ကြည့်ဖို့တိုက်တွန်းပါရစေ။ Download ကတော့ Playon ရဲ့ Category Tab ထဲမှာရှာဖွေပြီး Download နိုင်ပါတယ်။

ပြန်မသွားချင်သူများအတွက် – https://playon.com/dude-perfect-2/

 

Image Source :

https://play.google.com/store/apps/details?id=com.miniclip.dudeperfect

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password