Dual-Class Arena Mode ဆော့ကစားလို့ရမယ့် Hearthstone ရဲ့ Hallow’s End Event

Halloween ရာသီရောက်လာပြီဆိုတော့ ဂိမ်းပေါင်းစုံက Halloween Event တွေကိုကြီးကြပ်ပေးရတဲ့ Headless Horseman ခမျာလည်း အလုပ်ရှုပ်ရရှာပါပြီ။ အခုလည်း Blizzard ကခိုင်းလို့ Hearthstone ရဲ့ Hallow’s End Event ကို ဦးဆောင်ပေးရပါဦးမယ်။ ဒါပေမယ့်လည်းမညည်းပါဘူးတဲ့။ ကစားသူတွေစိတ်ကျေနပ်ဖို့ အကောင်းဆုံး Halloween Event ဖြစ်အောင် လုပ်ဆောင်ပေးရမှာက သူ့တာဝန်ပါလို့ Headless Horseman ကရင်ဖွင့်ထားပါတယ်။

ဒီနှစ် Event ကိုတော့ အသစ်အဆန်းလေးဖြစ်သွားအောင် Dual-Class Arena Mode ဆိုတဲ့ Game Mode အသစ်ကိုစီစဉ်ပေးထားပါတယ်လို့ Headless Horseman ကပြောကြားလာပါတယ်။ ဒီ Mode မှာ ကစားသူက Hero တစ်ကောင်ကိုအရင်ရွေးချယ်၊ နှစ်သက်ရာ Hero Power ကိုရွေးချယ်၊ ပြီးတော့ Deck ကို အဲဒီ Hero Class ၂ ခုလုံးက Card တွေနဲ့တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စဉ်းစားရင် စဉ်းစားနိုင်သလောက် OP ဖြစ်တဲ့ Deck တွေကို တည်ဆောက်လို့ရသွားစေပါတယ်။ ဒီ Mode ကို လူတိုင်းပါဝင်ဆော့ကစားလို့ရအောင် Event ကာလဖြစ်တဲ့ အောက်တိုဘာ ၂၄ ကနေ နိုဝင်ဘာ ၆ ရက်နေ့အတွင်းမှာ Organizer ဖြစ်တဲ့ Headless Horseman ကနေ Card Pack တစ်ခုနဲ့ Arena Ticket တစ်စောင်စီကို တစ်ပတ်တစ်ကြိမ်လက်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ သူကျင်းပတဲ့ပွဲကို သူကိုယ်တိုင်ဆင်နွှဲချင်တဲ့ Headless Horseman က အောက်တိုဘာ ၂၅ ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ‘The Headless Horseman Rides’ လို့အမည်ပေးထားတဲ့ Special Tavern Brawl မှာ ကစားသူတွေနဲ့ Hearthstone ယှဉ်ပြိုင်ကစားဦးမှာပါ။ ဒီ Brawl မှာ ကစားသူတွေက ဝတ်စုံအမျိုးစုံဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲကြရမှာပါ။ ဝတ်စုံတစ်မျိုးစီမှာ Class ပေါင်းစုံက Card တွေကို ရောထားတဲ့ Deck တစ်ခုစီပါရှိမှာဖြစ်တဲ့အတွက် ကျရာ Deck နဲ့အဆင်ပြေအောင် ဆော့ကစားရမယ့် Game Mode ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကိုအရမ်းအနိုင်မကျင့်ဖို့ Headless Horseman က ကြိုပြီးတောင်းပန်ထားပါတယ်။

ဒီ Game Mode ၂ ခုအပြင် Warlock Hero အသစ် Nemsy Necrofizzle ကို Fireside Gathering တွေမှာ ရယူနိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီချစ်စရာ Gnome Warlock လေးကို ဘယ်လိုရယူရမလဲဆိုတာကို ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Event စတင်ဖို့ ရက်အနည်းငယ်လိုသေးတဲ့အတွက် လောလောဆယ်တော့ Witch Costume နဲ့လန်းနေတဲ့ Jaina Proudmoore ကိုကြည့်ပြီး Hallow’s End Event ကို စောင့်မျှော်လိုက်ကြရအောင်လား…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password