သူငယ်ချင်းနဲ့အတူတကွ အချိန်ဖြုန်းနိုင်မယ့် Multiplayer ဂိမ်းလေးတစ်ခုဖြစ်တဲ့ Drive Ahead!

သတ်ကွင်းကြီးထဲမှာ မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ပြိုင်ဘက်နှစ်ယောက်သာရှိပြီး အချင်းချင်းသတ်ဖြတ်ရမယ့် ဂိမ်းလေးဖြစ်ပါတယ်။ ဘာလက်နက်မှပေးထားမှာမဟုတ်ဘဲ တစ်ယောက်ကိုကားတစ်စီးသာပေးထားမှာဖြစ်ပါတယ်။ အဲ့ဒါတော့ သတ်ကွင်းထဲမှာ ကားကိုအသုံးပြုပြီးတစ်ယောက်နဲ့တစ်ယောက်အချင်းချင်း တိုက်သတ်ရမှာဖြစ်ပါတယ်။ သတ်ကွင်းဘောင်အတွင်းမှာ မိတ်ဆွေနဲ့ ပြိုင်ဘက်နှစ်ဦးသာရှိနေပေမယ့် သတ်ကွင်းဘောင် အပြင်မှာတော့ အားပေးနေတဲ့ပရိသတ်များစွာကိုတွေ့ရမှာဖြစ်ပါတယ်။

သတ်ကွင်းကြီးကအကျယ်ကြီးဖြစ်နေတာကြောင့် ပုန်းစရာနေရာမရှိပါဘူး။ လွှစက်၊ မီးမိုးတွေ၊ ရေကန်ကြီးတွေ စတဲ့ထောင်ချောက်တွေကလည်း စောင့်ကြိုနေပါတယ်။ အဲ့ဒီတော့ ဘာမှမလုပ်ရသေးခင် သေဖို့အခွင့်အရေးက ၇၀% လောက်ကိုရှိနေပါပြီ။ နိုင်ချင်ရင်တော့တစ်နည်းပဲရှိပါတယ်။ အဲ့ဒါကတော့ မိမိမသေခင် ပြိုင်ဘက်ကိုအရင်သေအောင်လုပ်တာပါ။ သူသေကိုယ်သေ ဖိုက်ရင်တောင် ပြိုင်ဘက်က စက္ကန့်ပိုင်းလောက်စောပြီးသေတာနဲ့ မိတ်ဆွေအနိုင်ရရှိမှာဖြစ်ပါတယ်။


အရှိန် နဲ့ပြိုင်ဘက်ကားပေါ်ကိုတက်ဖိတာတွေ၊ ကားမှောက်သွားအောင်တွန်းတာတွေ၊ ထောင်ချောက်ထဲရောက်အောင်အရှိန်နဲ့တွန်းပို့တာတွေ စတဲ့နည်းလမ်းတွေနဲ့ ပြိုင်ဘက်ကိုသတ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်မိတ်ဆွေက ကိုယ့်အရှိန်ကို ကိုယ်မနိုင်ဘူးဆိုရင်တော့ မိတ်ဆွေကားမှောက်ပြီး မိတ်ဆွေအရင် RIP ဖြစ်သွားမှာဖြစ်ပါတယ်။ တစ်ခါ သတ်/သေ ရုံနဲ့တော့ Game Over မဖြစ်ဘူးဗျ။ Battle တစ်ပွဲမှာ Round က ၅ ခုရှိနေတာကြောင့် ၅ ခါအရင် သတ်နိုင်မှသာအနိုင်ရမှာဖြစ်ပါတယ်။

In-game System ဘက်လေးတစ်ချက်လှည့်ပါရစေ။ Multiplayer သာမက Single player ပါဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ ဂိမ်းစစချင်းမှာ 1Player နဲ့ 2Player ဆိုပြီး ရွေးချယ်ခိုင်းမှာဖြစ်ပါတယ်။

  • 1 Player ထဲမှာ Mission, Classic, King of The Hill အစရှိတဲ့ Option တွေကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။ AI တွေနဲ့ကစားရမှာပါ။
  •  2 Player ထဲမှာတော့ Local နဲ့ Wi-fi ဆိုပြီး Option နှစ်ခုရှိမှာပါ။ Local ကတော့ Device တစ်ခုထဲမှာအတူတူဆော့ကစားရမှာဖြစ်ပြီး Wi-fi ကတော့ Server ထောင်ပြီးဆော့ရမှာဖြစ်ပါတယ်။ ရိုးရိုးဖုန်းအသေးတစ်လုံးနဲ့ 2 Player ကို Local ဆော့ရင်အဆင်မပြေလောက်ပေမဲ့ Tablet, i-pad စတာတွေနဲ့ဆော့ရင်တော့အဆင်ပြေပါတယ်။ Wi-fi ကတော့ ကိုယ့် Device မှာကိုလွတ်လွတ်လပ်လပ်ဆော့နိုင်တာကြောင့် အေးဆေးပါပဲ။

အနီနဲ့ အပြာ Character နှစ်ကောင်သာပါဝင်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ကားအမျိုးအစား တစ်ရာကျော်ပါဝင်ပြီး စစချင်းမှာအချို့သာ unlock ဖြစ်နေမှာပါ။ သတ်ကွင်းထဲမဝင်ခင်မှာ မိတ်ဆွေရော ပြိုင်ဘက်ရောကို ကြိုက်ရာကားပေးရွေးမှာဖြစ်ပြီး မရွေးလိုက်ရင်တော့ Random ဆော့ရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး သူငယ်ချင်း နဲ့အချိန်ကုန်လို့ကောင်းတဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Drive Ahead 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password