သားသားမီးမီးတို့အတွက် ‘DreamWorks Universe of Legends’

DreamWorks က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ‘DreamWorks Universe of Legends’ လို့အမည်ရတဲ့ RPG ဂိမ်းတစ်ခုကိုထုတ်ဝေခဲ့ပါတယ်။ ဒီဂိမ်းလေးရဲ့ထူးခြားချက်ကတော့ DreamWorks ရဲ့ ကာတွန်းဇာတ်လမ်းတွေထဲက နာမည်ကြီးဇာတ်ကောင်တွေကို Hero အဖြစ်နဲ့အသုံးပြုပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ Kung Fu Panda ၊ How to Train Your Dragon ၊ Shrek ၊ Penguins of Madagascar ၊ Croods စတဲ့ ဇာတ်လမ်းတွေထဲကဇာတ်ကောင်တွေအပြင် အခြားဇာတ်ကောင်တွေအများကြီးပါဝင်ပါတယ်။

ဒါပေမယ့် DreamWorks ကာတွန်းဇာတ်ကောင်တွေကို အသုံးပြုလို့ရတာကလွဲပြီးတော့ Gameplay ပိုင်းမှာ အများကြီးထူးခြားတာမျိုးမရှိပါဘူး။ တိုက်ပွဲတွေထဲကို အဖွဲ့ဝင် ၅ ယောက်အထိခေါ်ဆောင်သွားနိုင်ပြီး ကစားသူက Leader ဖြစ်တဲ့ Character ကိုပဲထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။ ဥပမာ Kung Fu Panda ထဲက Po ကို Leader အဖြစ်ထားထားရင် သူ့ရဲ့ Movement တွေကိုပဲ တိုက်ရိုက်ထိန်းချုပ်လို့ရမှာဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေက အလိုအလျောက်ချနေကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်တိုင်းရဲ့ Special Move တွေကိုတော့ ကစားသူကိုယ်တိုင်က လိုက်သုံးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Energy စနစ်ကိုထည့်သွင်းထားပြီး Mission တွေလုပ်ဖို့ Energy လိုအပ်မှာဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်တိုင်းကျ ဆက်တိုက်ဆော့ကစားလို့ရမှာမဟုတ်ဘဲ Energy ပြန်ပြည့်ဖို့အချိန်စောင့်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂိမ်းထဲမှာ စခန်းတွေလည်း တည်ဆောက်လို့ရမှာဖြစ်ပါတယ်။ DreamWorks ဇာတ်လမ်းတွေထဲက အထင်ကရအဆောက်အအုံတွေဖြစ်တဲ့ Mr.Ping ရဲ့ ခေါက်ဆွဲဆိုင်၊ Dragon Training Room စတာတွေအပါအဝင် အခြားအဆောက်အအုံများစွာကိုတည်ဆောက်ပြီး သင့်စခန်းကို အလှဆင်လို့ရမှာပါ။ စခန်းတည်ဆောက်တာအပြင် In-Game Currency ကိုအသုံးပြုပြီး သင့် Hero ရဲ့ Equipement တွေ၊ Skill တွေကိုပါ Upgrade လုပ်လို့ရမှာဖြစ်ပါတယ်။

 .         

ဒီဂိမ်းရဲ့အဓိက Feature က DreamWorks Character တွေလို့ပြောရမှာပါ။ အဲဒီတော့ အဲဒီ Character တွေကိုဘယ်လိုရရှိနိုင်မလဲဆိုတာ သိချင်ကြမှာပါ။ စိတ်မကောင်းစွာပဲ ‘DreamWorks Universe of Legends’ ဟာ Free-to-Play ဂိမ်းတွေထုံးစံအတိုင်း Gacha စနစ်ကိုအသုံးပြုထားပါတယ်။ ဆိုလိုတာကတော့ သင်နှစ်သက်တဲ့ Hero ကိုရရှိနိုင်ဖို့က သင့် Luck နဲ့ ပိုက်ဆံဘယ်လောက်သုံးနိုင်သလဲဆိုတာအပေါ်မှာ သွားမူတည်နေပါတယ်။ လူကြီးတွေအတွက်ရည်ရွယ်တဲ့ဂိမ်းတွေမှာ Gacha စနစ်ထည့်သွင်းတာက ပြဿနာသိပ်မဟုတ်ပေမယ့် ကလေးငယ်တွေကိုဦးတည်တဲ့ ဒီလိုဂိမ်းမျိုးမှာ Gacha စနစ်ထည့်သွင်းထားတာကိုတော့ သိပ်သဘောမကျမိပါဘူး။ ဒီအပိုင်းနဲ့ပတ်သက်ပြီး DreamWorks ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ချင်မိပါတယ်။

ချုပ်ပြီးပြောရမယ်ဆိုရင် ‘DreamWorks Universe of Legends’ ဟာ Free-to-Play ဂိမ်းတွေရဲ့ Template ထဲကို DreamWorks ကာတွန်းဇာတ်လမ်းတွေထဲက Character တွေကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ RPG Hardcore ပရိသတ်တွေအတွက်ကတော့ ဒီဂိမ်းက ထူးခြားတဲ့ Experience ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်တွေအတွက်ကတော့ သူတို့ရဲ့အချစ်တော်ကာတွန်းဇာတ်ကောင်တွေကို အသုံးပြုပြီးဆော့ကစားရမှာဖြစ်လို့ နှစ်သက်ကြမှာပါ။ သူ့ရဲ့ရိုးရှင်းတဲ့ Gameplay ကလည်း ကလေးငယ်တွေ ဆော့ကစားရအဆင်ပြေစေမှာဖြစ်ပါတယ်။ သားသားမီးမီးတွေကိုပေးဆော့တဲ့အခါ IAP နဲ့ပတ်သက်ပြီး နည်းနည်းသာဂရုစိုက်ပေးပါလို့ အကြံပေးလိုပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password