Reviews

ချစ်စရာအရမ်းကောင်းတဲ့ Heroes လေးတွေနဲ့ ဖိုက်ရမယ့် Dragon’s Watch RPG

အပီအပြင်ဖိုက်ရမယ့် game ပါ။ Heroes တွေကလည်းအရွယ်နဲ့ မလိုက်အောင်ကို စွမ်းအင်ပြည့်ကြပါတယ်။ နတ်ဆိုးမိစ္ဆာတွေကို တိုက်ခိုက်ပြီး အဖမ်းခံထားရတဲ့ Dragons တွေကို ပြန်လည်ကယ်တင်ပေးရမှာဖြစ်တယ်။

ရန်သူတွေကို ၃ဆင့် ၃ခါ တိုက်ခိုက်ဖြတ်ကျော်ပြီး မှ အနိုင်ရမှာဖြစ်တယ်။ ကိုယ့်ဘက်က ဖိုက်သလို သူ့ဘက်ကလည်း ပြန်ဖိုက်မှာဖြစ်တယ်။ Heroes ၆ ကောင်ကို swap လုပ်ပြီးကစား နိုင်မှာဖြစ်တယ်။ Heroes တွေရဲ့ အသားချက် အားနည်းချက်တွေကို ဖော်ပြထားတဲ့အတွက် သင့်တော်တဲ့ အရည်အချင်းကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

အစပိုင်းမှာတော့အရမ်းလွယ်ကူမှာဖြစ်ပေမယ့် နောက်ပိုင်းတွေ တဖြည်းဖြည်း ခက်လာမှာဖြစ်တယ်။ ကြောက်စရာကောင်းတဲ့ ဘီလူးကြီးတွေ၊ Zombies တွေ၊ Monsters တွေနဲ့ပါ ရင်ဆိုင်ရမှာဖြစ်တယ်။

မိစ္ဆာတွေသိမ်းထားတဲ့ နယ်မြေတွေကို တစ်ခုချင်း unlock လုပ်ပြီး Dragons လေးတွေကို ကယ်တင်ပေးရမှာဖြစ်တယ်။ ဂိမ်းရဲ့လျှို့ဝှက်ချက်တွေ ၊ puzzles တွေကို ဖြေရှင်းပြီး Heroes cards တွေကို upgrade လုပ်နိုင်မှာဖြစ်တယ်။ ငွေလိုရင်ကိုယ့်ဆီမှာရှိတဲ့ Heroes တွေကိုပြန်ရောင်းလို့ရပါသေးတယ်။ အမိုက်စား Graphic designs တွေနဲ့ audio ပိုင်းက အရမ်းကိုဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။

ရိုးရှင်းတဲ့ ထိန်းချုပ်မှု system နဲ့ ချစ်စရာကောင်းတဲ့ characters လေးတွေက ဒီ gameရဲ့ အားသာချက်ပါ။ အမြဲတမ်း internet ဖွင့်စရာမလိုပါဘူး။ Game content အသစ်တွေ သွင်းဖို့တစ်နေ့ကို တစ်ကြိမ်လောက်ပဲ internet ဖွင့်ဖို့ လိုပါတယ်။ အကောင်းမွန်ဆုံး systems တွေထည့်သွင်းပေးထားလို့ RPG game တွေထဲမှာ လူကြိုက်များနေတဲ့ ဂိမ်းတစ်ခု ဖြစ်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ၅ရက်နေ့ကမှ နောက်ဆုံး update ကိုထွက်ရှိထားပြီး လက်ရှိ version 1.0.9 ဖြစ်ပါတယ်။

Android, iOS နှစ်မျိုးစလုံးမှာ free to play ဖြစ်ပါတယ်။ Android အတွက် version 5 နှင့်အထက်၊ IOS အတွက် ios 10.0 နှင့်အထက်တွင် ကစားနိုင်ပါတယ်။

 

 

Image Source  – Dragon’s Watch RPG

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password