ArticleReviews

How to Train Your Dragon ကို အခြေတည်ထားတဲ့ Match 3 puzzler ဂိမ်း Dragons: Titan Uprising

ဒီတစ်ခေါက်မှာတော့ လူအများရဲ့ အချစ်တော်ကာတွန်းဇာတ်ကားလေးဖြစ်တဲ့ How to Train Your Dragon ကို အခြေတည်ထုတ်လုပ်ထားတဲ့ ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့နာမည်လေးက Dragons : Titan Uprising ဖြစ်ပြီး ဂိမ်းအမျိုးအစားကတော့ match three puzzler ဂိမ်းဖြစ်ပါတယ်။

Match three puzzler ဂိမ်းဆိုတာကတော့ Candy Crush လို့ အရောင်တူ အမျိုးအစားတူလေးတွေကို ၃တန်းမှစပြီး အတန်းလေးတွေ တန်းအောင်လုပ်ပြီး ကစားသွားရမယ့် ဂိမ်းပုံစံမျိုးလေးကို ပြောတာပါ။

Dragon: Titan Uprising ကိုအခု ချိန်မှာ Android ရော iOS ရောအတွက် ကစားလို့ရနေပါပြီ။ ဂိမ်းထဲမှာ Dragon တွေကို မွေးထုတ်ပေးလို့ရသလို တိုက်ပွဲတွေပြုလုပ်ပေးလို့ရတဲ့ feature တွေကိုpuzzle format နဲ့ ထည့်ပေးထားပါတယ်။ နမူနာ ဗီဒီယိုလေးကို တစ်ချက် ဝင်ရှိုးလိုက်ပါဦး။


အကယ်၍ သင်က Hiccup နဲ့ Toothless တို့ရဲ့ ဖန်တစ်ယောက်ဆိုရင် ဒီဂိမ်းလေးကို လုံးဝလက်လွှတ်မခံပဲ ကစားကြည့်သင့်တယ်နော်။ ဂိမ်းပုံစံလေးက နည်းနည်း ရိုးရှင်းတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ ဇာတ်ကောင်လေးတွေကြောင့် လုံးဝကို ဆွဲသွားစေမှာပါ။ Dragons: Titan Uprising ကို Android ရော iOS ရောအတွက်အခမဲ့ ဒေါင်းလုတ်လုပ်ယူပြီး ကစားလို့ရနေပါပြီ။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password