နဂါးလေးတွေကိုချစ်တဲ့ Mobile Player များအတွက် Dragons: Rise of Berk!

ဒီဂိမ်းမှာတော့မိတ်ဆွေကနဂါးတွေနဲ့တရင်းတနှီးဆော့ရမှာပါ။ တွေ့ဆုံရမယ့် နဂါးတွေကတော့ပုံမှန်နဂါးတွေတော့မဟုတ်ပါဘူး။ မိတ်ဆွေကြိုက်ခဲ့တယ့် How To Train Your Dragon 2 ထဲကနဂါးလေးတွေပဲဖြစ်ပါတယ်။ How To Train Your Dragon 2 Movie ကတော့ 2014 မှာထွက်ရှိထားတာဖြစ်ပါတယ်။ Join Hiccup, Toothless အပြင် အခြားနဂါးတွေကိုပါတွေ့ရမှာဖြစ်ပါတယ်။                      

မိတ်ဆွေ ဆော့ရမယ့်အပိုင်းကတော့ကိုယ်ပိုင် Berk ကိုစတင်တည်ဆောက်ရမှာဖြစ်ပါတယ်။ Berk ဆိုတာကတော့ကိုယ့်ရဲ့နယ်မြေအခြေချစခန်းကိုပြောတာဖြစ်ပါတယ်။ မိတ်ဆွေကကိုယ့်နယ်မြေမှာနဂါးလေးတွေကိုကယ်တင်မွေးမြူပြီးလေ့ကျင့်ပျိုးထောင်ပေးရမှာပဲဖြစ်ပါတယ်။ပျိုးထောင်ထားတဲ့နဂါးတွေကတော့မိတ်ဆွေရဲ့နယ်မြေကိုရန်သူတွေလာရောက်တိုက်ခိုက်တဲ့ရန်က ကာကွယ်ပေးမှာပါ။ နယ်မြေငြိမ်းချမ်းရေးကိုခြိမ်းခြောက်တဲ့ရန်သူတွေကိုပြောတာဖြစ်ပါတယ်။ ရန်သူတွေထဲမှာ How To Train Your Dragon နဲ့ How To Train Your Dragon 2 ထဲက Villain တွေလည်းပါဝင်မှာဖြစ်ပါတယ်။ မိတ်ဆွေကနဂါးလေးတွေကိုအောင်မြင်စွာလေ့ကျင့်ပေးပြီးပါကနဂါးလေးတွေဘက်ကလည်း Power အသစ်တွေပြသတာကိုတွေ့မြင်ရမှာပါ။ အဲ့ဒီ Power အသစ်တွေကတော့မိတ်ဆွေရဲ့နယ်မြေအနာဂတ်အတွက်အထောက်အကူအများကြီးဖြစ်စေပါတယ်။How To Train Your Dragon ထဲကနဂါး 12 ကောင်ကို မိတ်ဆွေစိတ်ကြိုက်ရှာဖွေရမှာပါ။ Toothless, Stormfly, Hookfang, Skullcrusher အပါအဝင် အခြားနဂါးတွေကိုလည်းတွေ့မှာဖြစ်ပါတယ်။ ပြီးတော့ မတူညီတဲ့နဂါးမျိုးစေ့ 18 မျိုးကိုရှာဖွေစုဆောင်းပြီးကြီးပြင်းအောင်လုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။ Deadly Nadder, Monstrous Nightmares , Typhoomerangs စတဲ့မျိုးစေ့တွေလိုပေါ့ဗျာ။ ကွဲပြားနေပြီး Viking Territory  တွေရှိတဲ့ 25 ကျွန်းကိုစူးစမ်းရှာဖွေရဦးမှာပါ။ DreamWorks Dragon ထဲက Character  တွေနဲ့မိတ်ဆွေက Mission တွေကိုပြီးမြောက်အောင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ မိတ်ဆွေမြင်တွေ့နေရတဲ့ Visual Effect အပြင် Audio Effect တွေကိုပါ3D animation နဲ့ပြုလုပ်ထားတာကြောင့်ဆော့ရတာတော်တော်အဆင်ပြေပါတယ်။ ဒီဂိမ်းဆော့ပြီဆိုရင်မိတ်ဆွေရဲ့တာဝန်ကနဂါးမွေးမြူတာနဲ့ ရွာကိုကြီးပွားအောင်လုပ်ရမှာပဲဖြစ်ပါတယ်။

Free To Play ပါ။ ဒါပေမဲ့ တချို့ Game Item တွေကတော့တကယ့် ပိုက်ဆံနဲ့ဝယ်ယူရမှာပါ။ Online Game အမျိုးအစားဖြစ်ပြီးAndroid နဲ့ IOS နှစ်မျိုးလုံးဆော့နိုင်တယ်ဆိုတာ Playon မှသတင်းပေးပါရစေ။

 

Image Source:

https://play.google.com/store/apps/details?id=com.ludia.dragons&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password