Global Version ထွက်ရှိလာပြီဖြစ်တဲ့ Monster Hunter နဲ့ဆင်တူတဲ့ဂိမ်း Dragon Project

Monster Hunter လိုမျိုးပဲ အကောင်တွေလိုက်သတ်ရမယ်၊ ရတဲ့ Material တွေနဲ့ လက်နက်တွေ ပြုလုပ်ရမယ်၊ အဲဒီဂိမ်းကတော့ ပူပူနွေးနွေး Global Version ထွက်ရှိထားတဲ့ Dragon Project ဖြစ်ပါတယ်။ Monster Hunter နဲ့ Theme ချင်းတူညီတဲ့အပြင် Free-to-Play ဖြစ်တဲ့အတွက် Mobile ပေါ်မှာ Monster Hunter မဝယ်ချင်သူတွေ အာသာပြေ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Dragon Project ဟာ ထွက်ရှိစဉ်တုန်းက ဂျပန်နိုင်ငံရဲ့ App Store တွေပေါ်မှာ နံပတ် ၁ နေရာအထိ ရောက်ရှိသွားခဲ့တဲ့ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ကောင်းကွက်ကတော့ Mobile Device တွေမှာ ဆော့ကစားရတာအဆင်ပြေအောင် လက်ချောင်းတစ်ချောင်းတည်း အသုံးပြုပြီး ဆော့ကစားလို့ရတဲ့ Control စနစ်ကို ထည့်သွင်းပေးထားတာပါ။ ဒါကြောင့် Bus တိုးစီးနေရင်းတောင် ဆော့ကစားလို့ အဆင်ပြေပါတယ်။ Graphic ပိုင်းကလည်း Mobile Game တစ်ခုအနေနဲ့ဆိုရင် မဆိုးလှပါဘူး။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့အတူ Co-op ဆော့ကစားလို့ရဦးမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နဂါးကြီးတွေပါပဲ။ ဧရာမနဂါကြီးတွေနဲ့ တိုက်ခိုက်ရမှာကို ဘယ်သူကများ မကြိုက်ဘူးလို့ ပြောနိုင်မှာလဲ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password