အသစ်တစ်ဖန် ပြန်လည် မြင်တွေ့လာရနိုင်တဲ့ Dragon’s Lair

NETFLIX ရဲ့ Stranger Things တစ်ဟုန်ထိုးအောင်မြင်လာပြီးနောက်မှာတော့ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ Trend ဖြစ်ခဲ့တဲ့ Fashion တွေ၊ Accessories တွေဟာ တစ်ဖန်ပြန်လည် ဆန်းသစ်လာပါတယ်။ မကြာခင်က Stranger Things Season 2 အတွက်ထွက်ရှိလာတဲ့ Trailor မှာလည်း ၁၉၈၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Dragon’s Lair ဂိမ်းလေးဟာလည်းပါဝင်လာပါတယ်။ Trailor စစချင်းမှာပဲ Dragon’s Lair နဲ့စခဲ့တာပါ။ ခေတ်မီ ဂိမ်းစက်တွေမပေါ်သေးတဲ့ ၁၉၈၀ ဝန်းကျင်မှာတော့ Furniture ပုံစံ Cabinet ဂိမ်းစက်ကြီးဟာ Dustin တို့သူငယ်ချင်းတစ်သိုက်အတွက်တော့ ခေတ်ဟောင်း PS4 ပါပဲ။ Dragon’s Lair ဟာ Laserdisc Video Game အမျိုးအစားဖြစ်ပြီးတော့ Cinematronics မှ 1983 မှာထုတ်လုပ်ခဲ့တာပါ။ ဂိမ်းပုံစံလေးကတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား Disney ဇာတ်လမ်းလေးတွေလိုပါပဲ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Dirk the Daring ဟာ နတ်ဆိုး Dragon Singe ရဲ့ အကျဉ်းချခြင်းကိုခံထားရတဲ့ Princess Daphne ကိုကယ်တင်ရမှာပါ။ Dragon’s Liar ကို Mobile Device တွေပေါ်မှာမြင်တွေ့လာရမယ်ဆိုရင်တော့ အရင်ဆုံးအတိုင်းမသိဝမ်းသာမိမယ့်သူက ကျွန်တော်ပါပဲ။ Stranger Things The Game ထွက်ရှိလာတဲ့အချိန်မှာလည်း Pixelated ဂိမ်းပုံစံလေးနဲ့ထွက်ရှိလာတာကို တော်တော်လေးကျေနပ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုဂိမ်းပုံစံတွေဟာ ကျွန်တော်တို့ငယ်ဘဝကို ပြန်ပြီးသတိရစေလို့ပါပဲ။ Stranger Things Season 2 နဲ့ အတူ Dragon’s Liar ကိုမျှော်လင့်စောင့်စားရင်း…….

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password