ကြောက်စရာကောင်းတဲ့နဂါးကြီးကိုထိန်းချုပ်ပြီးစီးနှင်းရမယ့် Dragon Hills!

မင်းသမီးတိုင်းက ဘေးအန္တရာယ်တစ်ခုကျရောက်ပြီဆိုရင် မင်းသား (သို့) တစ်ယောက်ယောက် လာကယ်တာကို စောင့်မျှော်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီဂိမ်းထဲကမင်းသမီးလေးကတော့ အခက်အခဲကျရောက်နေချိန်မှာလာကယ်မယ့် သူကိုစောင့်မနေဘဲ နဂါးကြီးစီးပြီးတော့ကိုရဲတိုက်ကထွက်ပြေးတာပါ။ နဂါးတစ်ကောင်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ အားကောင်းတဲ့ ယောကျာ်းတစ်ယောက်အတွက်တောင် မလွယ်ကူလှပါဘူး။ အဲ့ဒါကို ကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်တယ်ဆိုတော့ ချီးကျုးစရာပါပဲ။

မိတ်ဆွေကဒီဂိမ်းထဲမှာ နဂါးကိုထိန်းချုပ်ထားတဲ့ မင်းသမီးနေရာ က ဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီတော့မိတ်ဆွေရဲ့ Character ကအလိုလို နဂါးဖြစ်သွားပါတယ်။ အဲ့ဒီနဂါးနေရာကနေ လမ်းတစ်လျှောက်မှာတွေ့သမျှအရာတွေကိုဝင်တိုက်ပြီးဖျက်ဆီးရမှာဖြစ်ပါတယ်။

နဂါးဖြစ်နေတဲ့အတွက်မိတ်ဆွေကို တော်တော်များများကအန္တရာယ်မပြုနိုင်ပါဘူး။ မိတ်ဆွေရဲ့ နဂါးကို အန္တရာယ်ပြုနိုင်တဲ့ ပစ္စည်းအချို့၊ လူအချို့ လည်း လမ်းတစ်လျှောက်မှာရှိနေမှာပါ။ လူဆိုတာကတော့ ရန်သူ Boss ပါ။ Boss နဲ့တွေ့ပြီဆိုရင်တော့ မိတ်ဆွေအရင်လကဉီးအောင်သတ်မှ အဆင်ပြေမှာပါ။ အကယ်၍မိတ်ဆွေ အရင်မသတ်လိုက်နိုင်ရင်တော့ Boss သတ်လို့ မိတ်ဆွေသေမှာဖြစ်ပါတယ်။

လမ်းတလျှောက်ကပစ္စည်း တစ်ခုခု နဲ့သာတိုက်မိရင်လည်း မိတ်ဆွေရဲ့ နဂါးကသေမှာဖြစ်သလို နဂါးအပေါ်ကမင်းသမီးလည်းပြုတ်ကြလာမှာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေဆိုရင်တော့ မိတ်ဆွေ Game Over ပြီဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပေမဲ့ Level တွေတော့ခွဲထားပါတယ်။ Score မြင့်လာတာနဲ့အမျှ Level လည်းတက်လာမှာဖြစ်ပါတယ်။

 

 

Level မြင့်လာတာနဲ့အမျှ မိတ်ဆွေသွားရာလမ်းတွေကလည်းပြောင်းလဲလာမှာဖြစ်ပြီး နေရာဒေသတွေလည်းပြောင်းလဲလာမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မျိုးစုံကိုလှပအောင်ဖန်တီးထားတာ ကြောင့်ဂိမ်းဆော့ရင်းနဲ့ ပတ်ဝန်းကျင်အလှအပကိုခံစားနိုင်မှာလည်းဖြစ်ပါတယ်။ တွေ့သမျှဖျက်ဆီးရမှာဖြစ်တာကြောင့် စိတ်ကျေနပ်မှုရရှိစေမယ့် ဂိမ်းလေးဖြစ်မှာကိုတော့ အာမခံပါတယ်။ မိတ်ဆွေစစချင်း စီးနှင်းရမယ့် နဂါးကအနီရောင်ဖြစ်ပါတယ်။ အဲ့ဒီနဂါးကို မကြိုက်ဘူးဆိုရင် တခြား Skin ထူပြီး Armor များတဲ့ နဂါးတွေကို Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ နဂါးအမျိုးအစားများစွာရှိပြီး Skin တွေကလည်းအမျိုးအစားမတူတာကြောင့် မိတ်ဆွေများရွေးချယ်စရာအများကြီးရှိနေမှာပါ။

Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Android မှာတော့ Free To Play ဖြစ်ပြီး IOS မှာတော့ Dollar 1.99 ဖြင့် Download ရယူနိုင်မှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်အလှအပကိုခံစားရင်း လမ်းတစ်လျှောက်ကအရာဝတ္တုတွေကိုစိတ်ကြိုက်ဖျက်ဆီးနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအား မိတ်ဆက်ပေးလိုက်ပါတယ်။

 

 

Image Source : Dragon Hills 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password