Reviews

ပုန်ကန်သူနဂါးလေးအဖြစ်ကစားရမယ့် Drag’n’Boom

ဒီဂိမ်းထဲမှာ မိတ်ဆွေက နဂါးလေးနေရာကနေ ခုန်၊ ပျံ၊ မီးမှုတ်ပြီး အိမ်နီးချင်းတိုင်းပြည် တွေကို တိုက်ခိုက်ရမှာပါ။ Phone screen ရဲ့ဘယ်ဘက်အခြမ်းကို ခုန်တာတွေ ပျံတာတွေ လုပ်တဲ့နေရာမှာအသုံးပြုရမှာဖြစ်ပြီး  ညာဘက်အခြမ်းကိုတော့ မီးဘောလုံး ပစ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

အိမ်နီးချင်းတိုင်းပြည်တွေ အကုန်လုံးကို ပုန်ကန်တိုက်ခိုက်ပြီး ရွှေ တွေကို သိမ်းပိုက်ရမှာဖြစ်တယ်။ ကိုယ်လိုချင်တဲ့ position ကို လိုသလို ချိန်ညှိလို့ရပြီး မီးဘောလုံးကိုလည်း ကိုယ်ပစ်ချင်တဲ့ သူဆီပစ်လို့ရပါတယ်။ Powers အသစ်တွေကို unlock လုပ်ရမှာဖြစ်ပြီး ရွှေတွေ များလာရင်များ သလောက် powers လည်း များလာမှာဖြစ်တယ်။

လမ်းတစ်လျှောက်မှာရှိတဲ့ အတားအဆီးရန်သူ တွေကိုတိုက်ခိုက်ချေမှုန်းရမှာဖြစ်တယ်။ ဒီဂိမ်းလေးက အခြားဂိမ်းတွေလို လူကောင်းနေရာက ကစားရမှာမဟုတ်ပဲ ဗီလိန် နည်းနည်းဆန်တဲ့ဘက်က ကစားရမှာပါ။ တိုင်းပြည်တွေအများကြီးကို တစ်ခုချင်း unlock လုပ်၊ တိုက်ခိုက် ဖြတ်သန်းရမှာဖြစ်ပြီး level ပေါင်း 50 ကျော်လောက် ပါဝင်မှာဖြစ်တယ်။ ကစားရတာ စိတ်ဝင်စားဖို့ကောင်းပြီး နဂါးလေးကလည်း ပုပုသေးသေး လေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

Offline ဂိမ်းအမျိုးအစားဖြစ်တာကြောင့် အချိန်တိုင်းနေရာတိုင်းမှာ ဖုန်းဘေလ် မလိုပဲ ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ကမှ နောက်ဆုံး version 1.1.0 ကို ထွက်ရှိထားတာဖြစ်တယ်။ ကစားသူအရေအတွက်အရမ်းများပြီး rating လည်း အရမ်းကောင်းနေတဲ့ game လေးဖြစ်လို့ကစားကြည့်သင့်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ဖြစ်ပါတယ်။ Android အတွက် version 4.4 နှင့်အထက် ၊ iOS အတွက် version 7.0 နှင့်အထက် တွင် ကစားနိုင်ပါတယ်။ Rating ပိုင်းမှာလည်း Android ရော iOS ရော 5 မှာ 4.9 အထိကိုရရှိနေတဲ့ အတွက် အရမ်းမိုက်တဲ့ ဂိမ်းဆိုတာ သိသာပါတယ်။ ကဲ…. ဘယ်လိုလဲ မိတ်ဆွေ..  ပုန်ကန်သူ နဂါးလေးလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား ?

 

 

Image Source  – Drag’n’Boom

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: