News

လူတွေ အမှန်အကန် Hype နေကြတဲ့ Dragon Ball Legends

Bandai Namco ရဲ့ နောက်ဆုံးထွက်ဂိမ်းတစ်ခုဖြစ်လာမယ့် Dragon Ball Legends ဟာ ပူပူနွေးနွေးလေးပဲ Pre-Registration ပြုလုပ်သူဦးရေ ၂.၅ သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ဂိမ်းက ကောင်းလားမကောင်းလား တိတိပပပြောလို့မရသေးပေမယ့် Beta ဆော့လိုက်ရတဲ့သူတွေရဲ့ Feedback အရ လူတွေ ရှယ် Hype နေကြတာဖြစ်ပါတယ်။

လောလောဆယ်လိုက်ကြည့်သလောက်တော့ ဂိမ်းက 1 vs 1 Fighting ဂိမ်းကို Card စနစ်နဲ့ပေါင်းထားတာပါ။ Online ကနေတဆင့် ကမ္ဘာတဝန်းက အခြား Player တွေနဲ့ ယှဉ်ပြိုင်ကစားရမှာမျိုးဖြစ်ပါတယ်။ Graphic တွေက လန်ထွက်နေသလို Control ကလည်း အင်မတန်လွယ်ကူအဆင်ပြေတယ်လို့ ပြောနေကြပါတယ်။ Hero တစ်ယောက်ချင်းစီရဲ့ Special Attack တွေကလည်း ကြည့်ရတာ တော်တော်အားရဖို့ကောင်းပါတယ်။ အမိုက်ဆုံးကတော့ ကိုယ်တွေရဲ့အသည်းစွဲ Dragon Ball Character တွေအများကြီးပါဝင်တာပါပဲ။ သူ့ရဲ့နမူနာ Gameplay လေးကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

လောလောဆယ်တော့ Pre-Register အဆင့်ပဲရှိသေးပြီးတော့ Pre-Register ပြုလုပ်သူတွေများလာနဲ့အလျှောက် Milestone ပေါ်မူတည်ပြီး In-Game Reward တွေပေးသွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ၂.၅ သန်းကျော်သွားပြီဆိုတော့ Goku, Frieza နဲ့ Crystal တွေအများကြီးရရှိပြီးဖြစ်ပါတယ်။ Appstore ပေါ်က Pre-Order Page မှာဖော်ပြထားချက်အရတော့ ဒီဂိမ်းက ဇွန်လ ၁၄ ရက်နေ့ထွက်ရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့ Dragon Ball Fan တွေကတော့ အောက်မှာပေးထားတဲ့ Link မှာသွားရောက်ပြီး Pre-Register ပြုလုပ်ထားနိုင်ပါတယ်။ Fast-Paced Fighting ဂိမ်းတွေနှစ်သက်သူတွေအတွက်ကတော့ စောင့်မျှော်စရာတစ်ခု တိုးလာပြီပဲဖြစ်ပါတယ်။

Dragon Ball Legends – Pre-Register

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: