
Dragon Ball Legends ကို လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက App Store နဲ့ Google Play Store တို့မှာ download လုပ်လို့ရနေပြီလို့ သိရပါတယ်။ တစ်ကမ္ဘာလုံးကိုတော့ ဘယ်အချိန်ဖြန့်ချီမှာလဲဆိုတာ ဂျပန် publisher က မပြောခဲ့တဲ့အတွက် ဘယ်နေ့ထွက်မလဲ အတိအကျ မသိခဲ့ပါဘူး။ ထွက်လာမယ့် အချိန်ကိုသာ ခန့်မှန်းချေနဲ့ မျှော်လင့်နေခဲ့ရတာပါ။ ဒါပေမယ့် Dragon Ball Legends ကို ပြီးခဲ့တဲ့ အပတ်ကတည်းက ကမ္ဘာတစ်ဝှမ်းမှာ download လုပ်ယူ ကစားလို့ရနေပြီတဲ့နော် သိပြီးကြပြီလား။ Pre-register လုပ်ထားတဲ့သူဆိုရင်တော့ သိမှာပါ။ Dragon Ball fan ဆိုရင် ကစားကြည့်ဦးနော်..။
Dragon Ball Legends ထွက်ထွက်ချင်း Admin လည်း ဘယ်လိုပုံစံလေးလဲဆိုပြီး စမ်းပြီး ကစားခဲ့ပါတယ်။ ကစားပုံလေးကတော့ PvP battle ပုံစံဖြစ်တဲ့အတွက် one by one ချရတာပါ။ တစ်ဖက်က ပြိုင်ဘက်ကလည်း တိုက်ရတာတော်တော် ခက်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကလည်း ပါဝါတွေပြည့်နေတဲ့အတွက် အေးဆေး အနိုင်တိုက်လို့ရပါတယ်။ ဂိမ်း စတင် မကစားခင်မှာဘာသာစကားရွေးချယ်ခိုင်းပါတယ်။ Language မှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ တရုတ်၊ ကိုရီးယား ဘာသာစကားတွေပါဝင်ပြီး အသံပိုင်းမှာတော့ ဂျပန်နဲ့ အင်္ဂလိပ် နှစ်ခုကို ရွေးချယ်နိုင်ပါတယ်။
ဂိမ်း အစပိုင်းမှာတေ့ free ဖြစ်ပေမယ့် နောက်ပိုင်းမှာ app-purchase နဲ့ ဝယ်ယူရမှာပါ။ Character တွေရဲ့ ရုပ်ထွက် version quality ကို High Reso နဲ့ Lite Version ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ ရုပ်ထွက် ကောင်းကောင်းနဲ့ ကစားချင်တယ်ဆိုရင်တော့ High Reso ကိုရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် level တစ်ခု တက်တိုင်း equipment တွေနဲ့ character အသစ် တွေကို download ဆွဲဖို့လိုအပ်ပါတယ်။ ဂိမ်းမစခင်ကတည်းက ဂိမ်းတစ်ခုလုံးကို download လုပ်မှာလား အပိုင်းတစ်ခုထဲမှာလားလို့မေးထားပါတယ်။ Admin ကတော့ တစ်ပိုင်းချင်းဆီပဲ download လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ တစ်ပိုင်းချင်းစီ download လုပ်ရင်တော့ ခဏခဏ download ဆွဲနေရတာနဲ့ ကစားရတာ အဆင်မပြေပါဘူး။ နောက်တစ်ခုပြောချင်တာက wifi နဲ့ play ဖို့ recommend ပေးချင်ပါတယ်။ ဖုန်းဘေလ်နဲ့ ကစားရင်တော့ လုံးဝမကိုက်ပါဘူး။ ဘေလ်တော်တော်ကုန်ပါတယ်။
Dragon Ball Legends အောင်မြင်မှုရရှိဖို့အတွက် Bandai Namco က မတ်လ ကတည်းက Pre-launch campaign ကိုပြုလုပ်ခဲ့ပါတယ်။ Pre-launch campaign မှာ register ပြုလုပ်သူ စုစုပေါင်း ၄.၅ သန်း ရှိခဲ့တဲ့အတွက်ကြောင့် မထွက်ခင်ကတည်းက အောင်မြင်မှုရရှိခဲ့တယ်လို့ဆိုရမှာပါ။
Dragon Ball Legends မှာ Goku အပြင် အခြား ဇာတ်ကောင်အသစ် ၃ ယောက်ဖြစ်တဲ့ Shallot, Zahha, နဲ့ mysterious hooded man တို့လည်း ပါဝင်ပါတယ်။ တစ်ခုမှတ်ထားရမှာက Dragon Ball ကို free download လုပ်ယူနိုင်ပေမယ့် အချို့ items တွေနဲ့ gameplay ကို ပိုကောင်းစေဖို့အတွက် ဝယ်ယူရမယ့် app-purchase တွေပါဝင်တယ်ဆိုတာပဲဖြစ်ပါတယ်။ တခြားအားနည်းချက်တော့ သိပ်ပြီးမရှိပါဘူး။ ကစားလို့ကောင်းတဲ့ဂိမ်းတစ်ခုပါ။ ဂိမ်းထဲမှာ ကိုယ်တိုင်ဝင်တိုက်နေရတဲ့အတိုင်း အတိုင်းပါပဲ။ Battle တစ်ခုပြီးတိုင်း နောက်တစ်ခုကို ဒေါင်းလုတ်ဆွဲနေတာ စောင့်ရတာတော့ တော်တော် စိတ်ရှည်ရပါမယ်။ Wifi free ရပြီး စိတ်ရှည်မှ play သင့်တဲ့ဂိမ်းပါ။
ကဲ… Playon ထဲမှာတော့ Dragon Ball Legends ကို ကစားနေတဲ့သူတွေရှိနေပြီလား။ မကစားရသေးတဲ့သူတွေလည်း စိတ်ဝင်စားရင် try ကြည့်သင့်တယ်နော်။ JRPG ဂိမ်းတစ်ခုရဲ့ အရသာစစ်စစ်ကို ပေးစွမ်းနိုင်တဲ့ ဂိမ်းဖြစ်တာကြောင့် fighting ဂိမ်း fan တွေ ကြိုက်ကြမယ်လို့ထင်ပါတယ်။
Ref – Phonearena