News

Dota 2 ကို Mobile Platform မှာ Run လို့ရနေပြီဆိုတာ သင်သိပါသလား?

No.. No.. No.. ခါတိုင်းမြင်နေကျ “ဟေ့.. ဒီမှာ Dota 2 ကို ငါ့ဖုန်းပေါ်မှာဆော့ပြထားတယ်.. လာကြည့်ကြည့်” ဆိုပြီး နောက်မှ “ဟီးဟီး.. PC နဲ့ Screen Share” ထားတာဆိုတာမျိုး မဟုတ်ပါဘူး။ တကယ် အစစ်အမှန် Run လို့ရတာဖြစ်ပါတယ်။ ဘယ်သူကပြောတာလဲ… Valve Corporation ရဲ့ ဥက္ကဌ Gabe Newell ကပြောတာပါ။

Gaben ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Gaming Journalist တွေကို Valve HQ ဆီခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အဲဒီမှာ TI7 တုန်းကကြေညာသွားခဲ့တဲ့ Artifact လို့အမည်ရတဲ့ Dota 2 ကိုအခြေခံထားတဲ့ TCG (Trading Card Game) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီမှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကို သိရှိခဲ့ရပါတယ်။ အဲဒါကတော့ Artifact ဟာ Source 2 Engine နဲ့အလုပ်လုပ်မှာဖြစ်ပြီး PC ရော Mobile အတွက်ပါထွက်ရှိလာမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက~

 

Source 2 Engine က Mobile Platform တွေဖြစ်တဲ့ Android နဲ့ iOS တွေပေါ်ကို ရောက်ရှိလာတော့မှာပါ

 

Gaben ဒီအကြောင်းပြောပြနေတာကို အောက်ကဗီဒီယိုရဲ့ ၁၃ မိနစ်အမှတ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

 

ဒီအချက်က တော်တော်လေးကို ကြီးမားတဲ့ Development တစ်ခုပါ။ Source 2 Engine ဟာ Valve ရဲ့ကိုယ်ပိုင် Game Engine ဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်မှာ Dota 2 Reborn Update နဲ့အတူမိတ်ဆက်လာခဲ့တာပါ။ ပြောမယ်ဆိုရင် လက်ရှိအချိန်မှာ Dota 2 ဟာ Source 2 Engine ပေါ်မှာအလုပ်လုပ်နေတာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ သဘောပေါက်လောက်ပြီလို့ယူဆပါတယ်။ ဟုတ်ပါတယ်.. Source 2 က Mobile Platform ပေါ်ကိုရောက်လာပြီဆိုတော့ Source 2 နဲ့ Run နေတဲ့ဂိမ်းတွေ.. အထူးသဖြင့် Dota 2 ကရော???

Gaben ကြီးကတော့ လက်ရှိအချိန်မှာ Dota 2 ကို iPad ပေါ်မှာ Run လို့ရနေပြီလို့ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဒါပေမယ့် အရမ်းကြီးစင်းလုံးချောမဟုတ်သေးပဲ Performance နဲ့ Control စနစ်ပြဿနာတွေရှိသေးတယ်လို့ ထပ်ဆောင်းပြောကြားထားပါတယ်။

Dota 2 ကို Mobile Device တွေပေါ်မှာ အဆင်ပြေပြေနဲ့မြင်ရဖို့ကတော့ တော်တော်တော့လိုဦးမှာပါ။ Performance ပြဿနာကိုရှင်းနိုင်ရင်တောင် Control က တော်တော်တိုင်ပတ်စေမှာပါ။ MOBA ဂိမ်းတွေက Mobile ပေါ်မှာအလုပ်ဖြစ်တယ်ဆိုတာ လက်ရှိ Mobile Market ထဲမှာ နာမည်ကြီးနေတဲ့ Arena of Valor, Mobile Legends, Vainglory စတာတွေကို ကြည့်လိုက်ရုံနဲ့ သိရှိနိုင်ပါတယ်။ ဒါပေမယ့် Dota 2 Mobile ရဲ့ Control စနစ်ကို သူတို့အတိုင်းသာလိုက်လုပ်ရင် PC သမားတွေရဲ့ အမုန်းကြိတ်ခြင်းကိုခံရမှာပါ။ အဲဒီ Control ပြဿနာကိုမရှင်းနိုင်သရွေ့ Dota 2 Mobile တကယ်ထွက်လာရင်တောင် Standalone Mobile Port အနေနဲ့သာ မြင်တွေ့ရနိုင်ပါတယ်။ PC နဲ့ Mobile Cross-Platform ကစားဖို့ မဖြစ်နိုင်သလောက်ပါပဲ။

ဘာပဲပြောပြော ကိုယ်တွေကတော့ လောလောဆယ်အချိန်မှာ ဒီလောက်နဲ့တင်ကျေနပ်ပါတယ်။ လုံးလုံးမဖြစ်နိုင်တဲ့အခြေအနေကနေ မျှော်လင့်ချက်ရေးရေးလေးပေါ်လာတော့ မဆိုးလှဘူးလို့ပြောရမှာပါ။ ဒီလို Source 2 က Mobile ပေါ်ရောက်လာတော့ နောက်ထွက်မယ့် Valve ရဲ့ဂိမ်းအသစ်တွေကိုလည်း Mobile Platform ပေါ်မှာ မြင်တွေ့လာရနိုင်ခြေရှိပါတယ်။ Valve ကုမ္ပဏီထဲမှာ PC ဂိမ်းတွေကို Mobile ဆီကို Port လုပ်ဖို့ စိတ်အားထက်သန်တဲ့သူရှိရင် ဒီကိစ္စက တကယ်ဖြစ်လာနိုင်ပါတယ်။ ကဲ.. လာထား Half-Life 3, Portal 3, Dota 3 Mobile Version တွေ.. ဟီးဟီး.. ဒီလိုပဲစိတ်ကူးယဉ်ကြည့်ရတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် Gaben ကြီးတစ်ယောက် Compendium နဲ့ Steam Sales ကရတဲ့ပိုက်ဆံတွေကို ဒီနေရာမှာသုံးနေတယ်သိရတော့ ဘယ်လိုပြောရမလဲ… ဂွတ်တယ်ပေါ့ဗျာ။ 😁

Ref: Touch Arcade

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: