Reviews

အမြင်ဆန်းသစ်တဲ့ ပုံစံနဲ့ ကစားလို့အရမ်းကောင်းတဲ့ ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်တဲ့ Don’t Starve : Pocket Edition

Don’t Starve ကို ကစားဖို့အတွက် iOS version 8 ရှိဖို့လိုအပ်ပါတယ်။ iPhone 5 , iPad 3 (သို့) iPad mini2 တို့နဲ့သာ နောက်ဆုံး ကစားလို့ရပြီး မန်မိုရီ ကန့်သက်ထားမှုကြောင့် devices အဟောင်းတွေနဲ့ ကစားလို့မရပါဘူး။

Don’t Starve က အရင်ဆုံး PC ဂိမ်းအဖြစ်ထွက်ရှိထားတာပါ။ PC ဂိမ်းလောကမှာ နာမည်ကြီး ဂိမ်းတစ်ခုဖြစ်ခဲ့ပြီး ကစားသူ ၄ သန်းကျော် ထိရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ iPhone နဲ့ iPad, Android တွေအတွက်ပါ ကစားလို့ရနေပါပြီ။

သိပွံ နဲ့ မှော်ပညာ ပေါင်းစပ်ထားတာတဲ့ဂိမ်းဖြစ်တဲ့အတွက် ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။ သင်က ဂိမ်းထဲမှာ ပဟေဋ္ဌိ ဆန်တဲ့ ကမ္ဘာကြီး ထဲ ထောင်ချောက်မိနေတဲ့ သိပွံ ပညာရှင်လေး Wilson အဖြစ်ကစားရမှာပါ။ Wilson က အိမ်ပြန်နိုင်ဖို့ နဲ့ ပဟေဋ္ဌိဆန်တဲ့ ကမ္ဘာကြီးအတွင်းကနေ လွတ်မြောက်ဖို့အတွက် ပတ်ဝန်းကျင်အနေအထား ကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲဆိုတာ လေ့လာရမှာပါ။

အဲ့တာကြောင့် သင်ကလည်း Wilson ရောက်ရှိနေတဲ့ ကမ္ဘာက ထူးခြားတဲ့သက်ရှိတွေ ၊ အန္တရာယ်တွေ ၊ နဲ့
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အရာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သူလေး ရရှိထားတဲ့ ဆုတွေက –

  • Independent Games Festival: Grand Prize Nominee
  •  Independent Games Festival: Excellence in Design Nominee
  •  Independent Games Festival: Audience Award Nominee
  •  Capsule Computers : Editor’s Choice
  •  Indie Game Reviewer : Game of the Year တို့ပဲဖြစ်ပါတယ်။ (ဆုတွေနဲ့တင်သေလောက်တယ် XD )

အရောင် ကာလာက အမှောင်ဘက်နည်းနည်း ရောက်ပြီး စွဲမက် ဖွယ်ကောင်းပါတယ်။ 2D နဲ့ 3D ပေါင်းစပ်ထားတဲ့ ရုပ်ထွက်ဖြစ်တဲ့အတွက် ကြည့်ရတာ နည်းနည်း အမြင်ဆန်းနေမှာပါ။

iOS အတွက်ရော ၊ Android အတွက်ရော ကစားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၆၈၀၀ ကျပ် လောက်ကျသင့်မှာဖြစ်ပါတယ်။ ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

 

Download – Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: