Reviews

အရှိန်မှန်မှန်ခုတ်မောင်းနေတဲ့ Nexon ရဲ့ Domination ရထားကြီး

အားလုံးပဲမင်္ဂလာပါ …. Playon ရဲ့ ဂိမ်းကမ္ဘာကနေကြိုဆိုပါတယ်ခင်ဗျ။ ဒီတစ်ခေါက်မှာတော့ဂိမ်းအသစ်မဟုတ်ပဲနဲ့ Old But Gold လို့ပြောရမယ့်အဟောင်းထဲကအကောင်းဆုံးဂိမ်းတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်။ ဆော့ကစားနေကြသူတွေရှိပေမယ့် အရမ်းပေါ်ပြူလာဖြစ်တဲ့ဂိမ်းမဟုတ်ခဲ့တာကြောင့်မသိသေးသူတွေအတွက်ရှာဖွေတင်ဆက်ပေးတာပါခင်ဗျာ။ ဂိမ်းနာမည်က Domination လို့ခေါ်ပြီးတောင်ကိုရီးယားအခြေစိုက် NEXON Company ကနေရေးဆွဲထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Game ရဲ့အမျိုးအစားက Rpg/Strategy အမျိုးအစားဖြစ်ပြီးအရင်က Clash of Clans (CoC) ဂိမ်းနဲ့ကစားပုံအနည်းငယ်ဆင်တူပါတယ်။

CoC ရဲ့များစွာသောပုံစံတူဂိမ်းတွေထဲကမှဘာကြောင့်စာရေးသူကကွက်ပြီးညွှန်းရသလဲဆိုရင်တော့အချက်နှစ်ချက်နဲ့ဖြေရပါလိမ့်မယ်။ ပထမတစ်ချက်က…… သူ့ရဲ့ Rpg/Strategy ဆိုတဲ့အမျိုးအစားကြောင့်ပါ။ CoC ကရိုးရိုး Strategy ဂိမ်းတစ်ခုဖြစ်ပြီးတော့ Domination မှာတော့ Rpg style တွေဖုံးလွှမ်းနေပါတယ်။ ဒါကပဲဂိမ်းရဲ့အခြေခံကြီးတစ်ခုလုံးကိုပြောင်းလဲစေပြီးဂိမ်းရဲ့အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။ Rpg လို့ပြောတဲ့နေရာမှာဘာတွေလည်းဆိုတော့……။ Player ဟာကိုယ့်ရဲ့ base ကိုတစ်ဆင့်ခြင်းတည်ဆောက်သွားတဲ့နေရာမှာကွာသွားပါတယ်။ CoC လို town hall level တွေနဲ့မဟုတ်ပဲ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စက်မှုခေတ် အစရှိတဲ့ခေတ်အဆက်ဆက်ကိုကျော်ဖြတ်ဆော့ကစားရမှာပါ။

သံခေတ်ရောက်တာနဲ့ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ဂျပန် etc. အစရှိတဲ့နိုင်ငံတွေထဲကကြိုက်နှစ်သက်ရာနိုင်ငံတစ်ခုကိုရွေးချယ်နိုင်ပါပြီ။ နိုင်ငံတစ်ခုစီတိုင်းမှာထူးခြားတဲ့စစ်သားနဲ့စွမ်းရည်တွေကိုယ်စီရှိပြီး နိုင်ငံတစ်ခုခုကိုရွေးချယ်လိုက်တာနဲ့ကိုယ့်ရဲ့ base အဆောက်အဦးတွေဟာအဲ့ဒီ့နိုင်ငံရဲ့ယဉ်ကျေးမှုစတိုင်အတိုင်းပြောင်းလဲသွားမှာပါ။ ဒီလို Rpg အငွေ့အသက်တွေဖုံးလွှမ်းနေတဲ့အချက်ဟာ Domination ကိုအခြားဂိမ်းတွေနဲ့မတူစေတဲ့အချက်တွေထဲကတစ်ခုဖြစ်ပါတယ်။

စာရေးသူ Domination ကိုညွှန်းရတဲ့ဒုတိယအကြောင်းအရင်းကတော့ ဒီဂိမ်းရဲ့ Developer ဖြစ်တဲ့ NEXON ကြောင့်ပါ။ NEXON ဟာတော်တော်လေးကိုတီထွင်ဖန်တီးမှုကောင်းတဲ့ company တစ်ခုပါ ဒါကိုအခြား  NEXON ဂိမ်းတွေဆော့ဖူးသူတွေဆိုရင်အပြည့်အဝလက်ခံကြမှာပါ ။ အခုလည်းဘယ်လိုပဲ Coc ကနေဂိမ်းကိုခိုးထားတယ်လို့ပြောပါစေသူ့ထက်သာအောင်လုပ်ပြသွားနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး မရိုးနိုင်တဲ့ event တွေ၊ ရက်ရောလွန်းတဲ့ free giveaway တွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ quest တွေနဲ့ player တွေကိုဆွဲဆောင်ထားနိုင်တာက NEXON ပါ။ ဒီဂိမ်းမှာလည်း video ad လေးတွေကြည့်ရုံနဲ့ crown(coc မှာဆိုရင် gem ) ကိုရှယ်သုံးနိုင်တဲ့အထိပေးပါတယ်။ ဈေးကြီးပေးရပါတယ်ဆိုတဲ့ item တွေလည်း free ရနိုင်ပါတယ်။ Update တွေ event တွေကလည်းလုံးဝမရိုးနိုင်လောက်အောင်လုပ်ပေးနေပါတယ် ဒါကြောင့်လည်းအရှိန်မှန်မှန်နဲ့ခုတ်မောင်းနေတဲ့ရထားကြီးလို့တင်စားထားတာပါ။ အချိန်တွေကုန်ဆုံးဖို့ထိုက်တန်တဲ့ဂိမ်းတစ်ခုကိုလိုက်ရှာနေတယ်ဆိုရင်တော့ Domination ကိုလက်ညှိးထိုးပါရစေ။

ကဲ..ညွှန်းတာတွေလည်းများနေပြီဆိုတော့အရေးကြီးတာလေးပြောပါ့မယ်။ ဒီဂိမ်းကိုမြန်မာနိုင်ငံမှာအရေးတစ်ယူစိုက်မတ်မတ်ဆော့ကစားနေတဲ့အင်အားစုတွေရှိနေတယ်ဆိုတာပါပဲ။ River Ayar 1,2,3, MyanmarPyithar 1,2 အစရှိတဲ့ alliance တွေထောင်ပြီးတော့တက်တက်ကြွကြွကစားနေကြပါတယ်။ စာရေးသူသိသလောက်တော့ River Ayar clan တွေမှာမိသားစုလိုပြောဆိုဆော့ကစားကြပြီးလူချင်းလည်းရင်းနှီးကြပါတယ်။ ဂိမ်းကစားတာဟာအချိန်ဖြုန်းတာမဟုတ်မှန်းသက်သေပြဖို့အကြောင်းအရင်းတစ်ခုကတော့ RA clan တွေထဲဟာစုပေါင်းပြီးပရဟိတလုပ်ငန်းတွေလုပ်ကြတဲ့အပြင်အဖွဲ့အဝင်အချင်းချင်းလူမှုရေးကိစ္စတွေကိုပါကူညီတတ်ကြတာပါ။ တကယ်လို့ playon ပရိတ်သတ်ကြီးဆော့ခဲ့မယ်ဆိုရင်လည်းမြန်မာဖြစ်ကြောင်းပြောပြီးသွား Join နိုင်ပါတယ်။ ဂိမ်းနဲ့ပါတ်သတ်ပြီးစာရေးသူပြောပြပေးခဲ့တဲ့အချက်တွေဟာအမြည်းသဘောလောက်ပဲရှိသေးတာဖြစ်ပြီးတော့နောက်ထပ်အများကြီးကိုယ်တိုင်ရှာဖွေအရသာခံနိုင်ပါသေးတယ်။ ဆော့ကစားချိန်တစ်နှစ်ကနေနှစ်နှစ်အတွင်းလုံးဝရိုးအီမသွားအောင်လုပ်စရာတွေပုံနေမှာပါ။ ကဲစာလည်းရှည်သွားပြီဆိုတော့ထုံးစံအတိုင်း Domination ဂိမ်းကိုအောက်က link မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ သာယာတဲ့ Gaming နေ့လေးတစ်နေ့ဖြစ်ပါစေ…..။

Download link – Android (GooglePlay, APKpure) / iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: