သင့်မှတ်ဉာဏ်နဲ့ အကွက်ကြိုမြင်မှုတွေကိုစမ်းသပ်မယ့် Does not Commute

သင်ဟာ ရန်ကုန်မြို့ထဲမှာ ကားမောင်းနေတယ်ဆိုပါစို့။ အခြားကားတွေက မိမိကားရှေ့မှာ ကိုးယို့ကားယား လုပ်သွားတယ်ဆိုရင် စိတ်ထဲမှာ မကျေမနပ်နဲ့ မြည်တွန်းတောက်တီးမိကြမှာပါ။ အကယ်၍ အဲဒီအချိုးမပြေတဲ့ကားကိုမောင်းတာက မိမိကိုယ်တိုင်ပဲဆိုရင် ဘယ်လိုလုပ်မလဲ။ Does not Commute လို့အမည်ရတဲ့ ဒီဂိမ်းမှာတော့ အဲဒီအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရမှာပါ။

Does not Commute ဟာ ကားမောင်းတာနဲ့ strategy ကို ပေါင်းစပ်ထားတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ သင်ဟာ အကြောင်းအမျိုးမျိုးနဲ့ သွားလာနေကြသူတွေရဲ့ကားကို ထိန်းချုပ်ပြီး လိုရာပို့ပေးရမှာပါ။ ကြည့်ရတာ အရမ်းရိုးရှင်းတယ်လို့ ထင်မနေဘူးလား။ စိတ်မပူပါနဲ့။ အဲဒီလောက် ရိုးရှင်းရင် ဒီဂိမ်းဟာ Editor’s Choice အနေနဲ့ ဖော်ပြခြင်းခံရမှာ မဟုတ်ပါဘူး။ သင်ဟာ ကားတစ်စီးကို အရင်ဆုံး လိုရာပို့ပေးရပါမယ်။ အဲဒီကားက လိုရာကို ရောက်သွားရင် ဒုတိယကားကို ဆက်လက်ထိန်းချုပ်ရပါမယ်။ တစ်ခုရှိတာက ကားနှစ်စီးလုံးဟာ timeline တစ်ခုတည်းမှာ တစ်ပြိုင်တည်း သွားနေကြတာပါ။ အဲဒီတော့ သင် ဒုတိယကားကို မောင်းနှင်နေတဲ့အချိန်မှာ ပထမကားက သင်မောင်းနှင်ခဲ့တဲ့အတိုင်း သူ့ပန်းတိုင်ကိုသွားနေမှာပါ။ အဲဒီနည်းနဲ့ သင်ဟာ ကား ၁၅ စီးလောက်အထိကို လိုရာပန်းတိုင်ဆီ ပို့ဆောင်ပေးရမှာပါ။

အဲဒီတော့ အရှေ့ကားတွေကို ကိုယ်ဘယ်လို မောင်းခဲ့သလဲဆိုတာ မှတ်ထားရမှာပါ။ တကယ်လို့ လမ်းလယ်ခေါင်မှာ ကားနှစ်စီး တိုက်မိထားတယ်ဆိုရင် နောက်ကားတွေက အဲဒီနေရာကို ရှောင်သွားဖို့ ကြိုးစားရမှာပါ။ ကားအရေအတွက်များလာလေလေ လွတ်လွတ် ကျွတ်ကျွတ်သွားလို့ရတဲ့ လမ်းကြောင်းကနည်းလာလေလေဖြစ်မှာပါ။ နောက်ပြီးတော့ ကားတွေအားလုံးကို သတ်မှတ်ထားတဲ့အချိန် မကုန်ခင်မှာ ပြီးဆုံးအောင် ပို့ပေးရမှာဖြစ်တဲ့အတွက် ဘယ်ကားကို ဘယ်လမ်းကြောင်းကနေ ဘယ်လိုမောင်းနှင်မယ်ဆိုတာတွေကို တွက်ချက်ရမယ့်အပြင် သင့်ရဲ့ ကားမောင်းကျွမ်းကျင်မှုကိုပါ စမ်းသပ်မှာဖြစ်ပါတယ်။

 .         

တကယ်လို့ သင့်ကားတွေ တိုက်မိသွားလို့ လမ်းကြောင်းတွေ အရမ်းရှုပ်သွားမှာ စိုးရိမ်ပါသလား။ မပူပါနဲ့။ မိမိလက်ရှိမောင်းနေတဲ့ကားကို အစကိုပြန်ရွှေ့လို့ရတဲ့ Rewind ခလုပ်ပါဝင်ပါတယ်။ Rewind လုပ်မယ်ဆိုရင်တော့ သင့်ရဲ့ အချိန်ထဲက ၁ စက္ကန့် နှုတ်ယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကားမောင်းရာမှာ အထောက်အကူပြုမယ့် power-up တွေလည်း ပါဝင်သေးတဲ့အတွက် ဉာဏ်ရှိသလို အသုံးပြုနိုင်ပါသေးတယ်။ ဒီဂိမ်းဟာ ကားမောင်းတဲ့အကြောင်းတစ်ခုတည်း မဟုတ်ပါဘူး။ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေဟာဆိုရင် စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်း ရယ်ရပါသေးတယ်။ သင် level တွေမြင့်လာနဲ့အမျှ သူတို့တွေရဲ့ အကြောင်းတွေကို ပိုသိလာရမှာဖြစ်လို့ နောက် level တွေရောက်အောင် ဆက်ကစားဖို့ တွန်းအားပေးစေပါတယ်။

Does not Commute ကို Android နဲ့ iOS နှစ်မျိုးလုံးမှာ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Free version မှာတော့ ရှုံးနိမ့်သွားခဲ့ရင် အစကနေပြန်စရမှာ ဖြစ်ပြီးတော့ check point တွေကနေ ပြန်စချင်ရင်တော့ $2.99 နဲ့ Premium version ကို ဝယ်ယူနိုင်မှာပါ။ Premium Version ကတော့ အရမ်းလိုတာမဟုတ်ပါဘူး။ Free version မှာပဲ ဂိမ်းကို ပြီးအောင်ဆော့သွားနိုင်တဲ့သူတွေ အများကြီးပါ။ အဲဒါကြောင့် ပိုက်ဆံမသုံးချင်တဲ့သူတွေ အနေနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Does not Commute ကတော့ လူကြီးလူငယ်မရွေး time-killer အနေနဲ့ ဆော့ကစားဖို့သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်လို့ မသိလိုက်မရှိရလေအောင် လက်တို့အသိပေးလိုက်ပါတယ်။

Image Sources:

http://www.mediocre.se/commute/


https://itunes.apple.com/us/app/does-not-commute/id971756507?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password