၂၀၁၈ Spring မှာ ထွက်ရှိလာတော့မယ့် Doctor Who Infinity

Doctor Who ပရိသတ်တွေ သင်တို့ရဲ့ ပြက္ခဒိန်မှာ ပြေးမှတ်ထားလိုက်ကြပါ။ ၂၀၁၈ Spring မှာ Doctor Who Infinity လို့အမည်ရတဲ့ Doctor Who ဂိမ်းအသစ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Android ၊ iOS နဲ့ PC Platform တွေမှာ ဆော့ကစားလို့ရမယ့် ဒီဂိမ်းကို Doctor Who Legacy ကို ရေးဆွဲခဲ့တဲ့ Tiny Rebel Games ကပဲ ဆက်လက်ရေးဆွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။


ဒီဂိမ်းဟာ ပထမဂိမ်းဖြစ်တဲ့ Doctor Who Legacy လိုပဲ Match-Three ပုံစံ Role-Playing Puzzle ဂိမ်းဖြစ်ပါတယ်။ Developer တွေကတော့ ဒီဂိမ်းမှာ ပထမဂိမ်းက Mechanic တွေကို ပြန်လည်အသုံးပြုထားသလို အားနည်းချက်တွေကိုလည်း ပြင်ဆင်ထားပါတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းတွေကို နာမည်ကြီး Doctor Who စာရေးဆရာတွေက ရေးသားပေးထားတာဖြစ်လို့ Doctor Who ပရိသတ်တွေ နှစ်သက်ကြမှာပါလို့လည်း အာမခံထားပါသေးတယ်။ ဂိမ်းထွက်ရှိရှိချင်းမှာ ဆော့ကစားရမယ့် ဇာတ်လမ်းရဲ့နာမည်ကတော့ The Dalek Invasion of Time ဖြစ်ပြီးတော့ Doctor Who ဇာတ်လမ်းတွေရေးသားခဲ့တဲ့ စာရေးဆရာ George Mann နဲ့ Doctor Who Comic တွေရေးဆွဲခဲ့သူ Mike Collins တို့က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Whovian တွေ ဖုန်းပြင်ပြီးသာ စောင့်နေကြပါလို့ နှိုးဆော်လိုက်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password