ArticleNewsReviews

ဂြိုလ်သားတွေနဲ့ ဖိုက်ရမယ့် Distrust မိုဘိုင်လ်းပေါ်ရောက်လာတော့မယ်နော်

ဒီတစ်ခေါက်မှာတော့ Playon ကဘော်ဘော်တို့အတွက် နည်းနည်း အထူးအဆန်းလေးဖြစ်သွာအောင် Distrust ဆိုတဲ့ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Distrust ကို အရင်က ကစားဖူးတဲ့ သူတွေတော့ ကောင်းကောင်းသိကြမှာပါ။ ဘာလို့ဆိုတော့ သူက Microsoft Windows, macOS, Macintosh operating systems တို့မှာ ထွက်ရှိပြီးသားမို့လို့ပါ။ မိုဘိုင်လ်းပေါ်ကိုတော့ မရောက်သေးပါဘူး။ မိုဘိုင်လ်းပေါ်ကိုဖေဖော်ဝါရီ ၂၈လောက်ရောက်မယ်လို့ App Store မှာ ဖော်ပြထားပါတယ်။ Preorder ကတော့ လုပ်လို့ ရနေပါပြီ။ အရင်ဆုံး ဂိမ်းအကြောင်းနဲ့ မိတ်ဆက်ပေးပါမယ်နော်။

ဒီဂိမ်းကို မကစားခင် ဂြိုလ်သားတွေနဲ့ ခန့်မှန်းရခက်တဲ့ လူ့စိတ်ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရပါမယ်။ Distrust ကို ဆိုက်ဘေးရီးယား အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Cheerdealers က ဖန်တီးထားတာပါ။ ဂိမ်းအမျိုးအစား က horror survival STG ဂိမ်းဖြစ်တာကြောင့် ကစားရမှာတော့ ကျောချမ်းစရာပါ။

ဂိမ်းထဲမှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ စီးလာတဲ့ ဟယ်လီကော်ပတာ ပျက်ကျသွားတာကြောင့် မြောက်ဝန်ရိုးစွန်းတစ်နေရာမှာ နေထိုင်ဖို့ အခြေအနေ ဖြစ်လာပါတယ်။ သိပ္ပံပညာရှင် အုပ်စု ရွက်ဖျင်တဲတွေမှာ နေထိုင်ပြီး အသက်ရှင်ဖို့အတွက် ကြိုးစားရပါတယ်။ အဲ့လိုကြိုးစားရုန်းကန်နေရတဲ့ သိပ္ပံပညာရှင်တွေဟာ မကြာခင်မှာပဲ အဖြစ်ဆိုးကြီးနဲ့ ကြုံလာရပါတယ်။ အဲ့တာကတော့ ညဘက် သူတို့အိပ်ပျော်သွားတဲ့ အချိန်ရောက်ရင် ဂြိုလ်သားတွေရောက်လာတာပါ။ ဂြိုလ်သားတွေက ဒီတိုင်း လာရုံ လာတာ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ အသက် ဝိညာဉ်တွေကိုပါ ခြိမ်းခြောက်လာပါတယ်။ အဲ့တော့ အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့အသက်ဘေးအတွက် ညမအိပ်ကြဘဲ အလှည့်ကြ ကင်းစောင့်ကြတာပေါ့။ အဲ့မှာ ဇာတ်လမ်းက စတာပါ။ ညမအိပ်ရတဲ့ အဖွဲ့ဝင်တွေဟာ တစ်နေ့နဲ့တစ်နေ့ စိတ်ကယောက်ခြောက်ခြား တွေဖြစ်လာပြီး ဘယ်ဟာက အစစ် ဘယ်ဟာက အတုဆိုတာကို ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး။ အဲ့လိုနဲ့… သူတို့တွေဟာ အချင်းချင်း …လူမှန်းသူမှန်းမသိတော့ပဲ ဘာတွေဖြစ်လာကြမယ်ထင်လဲ??? အဖြေကိုတော့ အက်မင်မပြောတော့ဘူးနော့် ကိုယ်ဘာသာ စဉ်းစားကြပါလို့…. ?)

ဂိမ်းထဲမှာ player က အဖွဲ့ဝင်တွေကို ကြမ်းတမ်းတဲ့ဝင်ရိုးစွန်း အအေးဒဏ်နဲ့ ဂြိုလ်သားတွေရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် ကယ်တင်ပေးရမှာပါ။ နမူနာ ဗီဒီယိုကို တစ်ချက် ရှိုးလိုက်ပါဦး။

Wow!! ဘယ်လိုလဲ??? မိုက်တယ်မဟုတ်??? Gameplay ပုံစံရော ဂိမ်းအကြောင်းအရာရောက လုံးဝကို လက်တွေ့ဆန်တာကြောင့် အကယ်၍ သင်က horror ဂိမ်းတွေကို စိတ်ဝင်စားရင် ခုပဲ ပြေး preorder လိုက်တော့နော်။ Download လုပ်ခကတော့ ခုချိန်ထိ မသိရသေးပါဘူး။

မှတ်ချက်။ ။ ဖေဖော်ဝါရီ ၂၈လောက်မှ ထွက်မှာဖြစ်တာကြောင့် မထွက်ခင် အနည်းငယ် ပြောင်းလဲသွားနိုင်တာလေးတွေရှိကောင်းရှိနိုင်ပါတယ်။

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password