News

Disney ရဲ့ ၂၀၁၉ ဂိမ်းအသစ် Epic Quest

Disney ရဲ့ ဂိမ်းလေးတွေတော်တော်များများမှာ လူတိုင်းနဲ့ရင်းနှီးပြီးသား ဇာတ်ကောင်လေးတွေကို အမြဲထည့်သွင်းလေ့ရှိတာကြောင့် လူကြိုက်များကြပါတယ်။ အဲ့လိုပဲ အခု အသစ်ဖန်တီးထားတဲ့ Disney ဂိမ်းအသစ်လေး Epic Quest ထဲမှာလည်း အားလုံးရဲ့ မျက်လုံးနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်လေးတွေကို ထပ်မံ မြင်တွေ့ကြရမှာပါ။

ဒီဂိမ်းလေးကို လာမယ့် ၂၀၁၉ ခုနှစ်ကျရင် အရှေ့တောင်အာရှမှာ အရင် စတင် ထုတ်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။ အဲ့တာကြောင့် အရှေ့တောင် အာရှနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အက်မင်တို့ မြန်မာ နိုင်ငံလည်းပါဝင်မှာပါနော်။ Disney Epic Quest ကို ပြီးခဲ့တဲ့စနေနေ့တုန်းက စင်ကာပူနိုင်ငံ အခြေစိုက် GameStart Asia ရဲ့ gaming convention မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

ဂိမ်းကို စင်ကာပူအခြေစိုက် developer goGame မှ ဖန်တီးထားတာဖြစ်ပြီး အခမဲ့ ခေါင်းစဉ်နဲ့ လာမယ့် ဂိမ်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဂိမ်းထဲမှာ cooperative play နဲ့ Player -versus-player(pvp) game mode ဆိုပြီး mode နှစ် မျိုးနဲ့ ကစားနိုင်မှာပါ။ ဂိမ်းထဲမှာ Disney နဲ့ Pixer တို့က ဇာတ်ကောင်တွေကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

ဇာတ်ကောင်တွေကို feature ယူထားတဲ့ ရုပ်ရှင်ကားတွေကတော့ Wreck-it Ralph, The Incredibles , Pirate of the Caribbean နဲ့ Big Hero 6 တို့မှဖြစ်ပါတယ်။ ဒီဇာတ်ကားလေးတွေက နာမည်ပြောလိုက်တာနဲ့ လူတိုင်းသိကြမယ့် နာမည်ကြီး ကာတွန်းကားလေးတွေပါ။ သူတို့အပြင် အခြား နာမည်ကြီး မပါမဖြစ် ဇာတ်ကောင်လေးတွေဖြစ်ကြတဲ့ Mickey Mouse, Donald နဲ့ Goofy တို့ကိုလည်း တွေ့ရအုံးမှာနော်။ Marvel ထဲက ဇာတ်ကောင်တွေတော့ ပါဝင်မှာလား မပါဘူးလား သေချာ မသိရသေးပါဘူး။

ဇာတ်ကောင်တွေကို သူတို့ရဲ့ movie ထဲက အသွင်အပြင် ပေါ်ကို အခြေခံ ကာ အဆင့်တွေ မြှင့်ပြီး ရလာတဲ့ skill တွေကို အသုံးပြု ရမှာပါ။
ဂိမ်းကို English, Bahasa, Indonesia, Simplified Chinese, Thai နဲ့ Vietnamese ဘာသာစကားတွေနဲ့ ထုတ်မှာဖြစ်တယ်လို့သိရပါတယ်။

Disney fan တွေ နေလို့ ရမှာ မဟုတ်တော့ဘူးဆိုတာအက်မင် guess လို့ရပါတယ်။ အဲ့တော့ Disney ပရိသတ်အပေါင်းတို့ရေ Epic Quest ကို လာမယ့် ၂၀၁၉ အထိ စောင့်ကြရမှာပါနော်။ နောက်ထပ် ထွက်ရှိလာမယ့် သတင်းတွေကို လည်း ဆက်လက် ဖော်ပြပေးသွားမှာ မို့လို့ Playon ထဲဝင်ပြီး စောင့်ကြည့်ဖို့မမေ့ကြနဲ့ဦးနော်…

Source – https://www.cnet.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password