Reviews

Disney ဇာတ်ကောင်တွေနဲ့ ကစားရမယ့် Disney Magic Kingdoms

Disney လို့ပြောလိုက်တာနဲ့ မိတ်ဆွေရဲ့ အချစ်တော် Disney ဇာတ်ကောင်လေးတွေကို အရင် ပြေးမြင်ကြမှာပါ။ ဟုတ်ပါတယ်။ ဒီ game ထဲမှာ Mickey Mouse, Rapunzel, Cinderella, Snow White, Goofy, Buzz Lightyear, Tinker Bell စတဲ့ Disney ဇာတ်ကောင်လေးတွေ အများကြီးပါဝင်မှာဖြစ်တယ်။ ကစားကွင်းရဲ့ designs အပြင်အဆင်တွေကို Disneyland, Walt Disney World, Tokyo Disneyland, Disneyland Paris စတဲ့ တကယ့်အပြင်က Disney ကစားကွင်းတွေရဲ့ ဒီဇိုင်းအတိုင်း ဖန်တီးထားတာဖြစ်တယ်။

အေးချမ်းလှပပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နေတဲ့ Disney magic kingdoms ကို တစ်နေ့မှာ Maleficent စုန်းမကြီး ရောက်လာပြီး ပျော်ရွှင်စရာတွေကို စုပ်ယူလိုက်ပါတယ်။ ပျက်စီးသွားတဲ့ Disney magic kingdoms ကို အရင်အတိုင်းပြန်ဖြစ်လာအောင် မိတ်ဆွေက ဖန်တီးပေးရမှာဖြစ်တယ်။ စစချင်းမှာတော့ Mickey Mouse ကိုပဲတွေရဦးမှာဖြစ်ပြီး ကစားရင်းကစားရင်းနဲ့ characters တွေတိုးလာမှာဖြစ်တယ်။

ပျော်ရွှင်မှုတွေများများရမှ မိတ်ဆွေရဲ့ မှော်အစွမ်းတွေတိုးလာမှာဖြစ်ပြီး စုန်းမကြီးတွေကိုရင်ဆိုင်နိုင်မှာဖြစ်တဲ့ အတွက် အခြားသူတွေရဲ့ ပျော်ရွှင်မှုတွေကို လိုအပ်ပါတယ်။ အခြားသူတွေပျော်ရွှင်အောင် ကလေးလေးတွေအတွက် ကစားကွင်းဆောက်ပေး ရမှာဖြစ်တယ်။ ဒါ့အပြင် မိတ်ဆွေရဲ့ သူငယ်ချင်းဖြစ်တဲ့ အခြား characters လေးတွေရဲ့ လိုအင်ဆန္ဒ တွေကို ဖြည့်ဆည်းပေးပြီးလည်း ပျော်ရွှင်မှု တွေ တိုးလာမှာဖြစ်တယ်။ အခြားသူတွေရဲ့ ပျော်ရွှင်မှုက ရတဲ့ အစွမ်းနဲ့ Maleficent ရဲ့ မှော်ကျိန်စာတွေ ဖုံးနေတဲ့ နယ်ပယ်တစ်ခုချင်းဆီကို unlock လုပ်ပေးရမှာဖြစ်တယ်။

Game ရဲ့ အဓိက goal က ပျော်ရွှင်မှုတွေပျောက်ဆုံးသွားတဲ့ Disney Magic Kingdom ကို ပြန်လည် တည်ဆောက်ပေးရမှာဖြစ်လို့ ပျော်ရွှင်မှုကအရမ်းအရေးပါပါတယ်။ Disney ရဲ့ ဇာတ်လိုက် characters  တွေရော ဗီလိန်စုန်းမကြီးတွေရောအားလုံး စုပေါင်းပြီး ပါဝင်မှာဖြစ်တဲ့ အရမ်းကို ဆွဲဆောင်မှုများတဲ့ ဂိမ်း ဖြစ်တယ်။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ Graphic designs နဲ့ ပြတ်သားတဲ့ Audio ပိုင်းက မိတ်ဆွေကို တကယ့် Disney ကမ္ဘာကြီးထဲကို ရောက်သွားသလို ထင်မှတ်မိစေမှာပါ။ အရမ်းအရမ်းကို မိုက်တဲ့ game ဖြစ်လို့ မိတ်ဆွေကို play ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးမှာ ကစားနိုင်ပြီး နောက်ထပ်သတင်းကောင်းကတော့ free to play ဖြစ်ပါတယ်။ Rating ပိုင်းမှာ iOS – 4.7 နဲ့ Android – 4.2 အသီးသီးရရှိထားပါတယ်။ Android အတွက် version 4.03 နှင့်အထက် နဲ့ iOS အတွက် ios 8.0 နှင့်အထက်ရှိမှ ကစားနိုင်မှာဖြစ်ပါတယ်။

 

 

 

Image Source –  Disney Magic Kingdoms

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: