NewsReviews

Disney ရဲ့ ဂိမ်းအသစ် Disney Heroes: Battle Mode

ကလေးဆန်တယ်ပဲပြောပြော Mature မဖြစ်ဘူးလို့ပဲပြောပြော ဟိုးအရင်ကရော အခုအချိန်ထိပါ Disney ဇာတ်ကောင်တွေကို နှစ်သက်ကြတဲ့ Disney fan တွေရှိကြဆဲပါ။ အဲ့တာကြောင့် အခုတစ်ခေါက်မှာလည်း Disney fan တွေအတွက် မကြာသေးခင်ကမှ အသစ်ထွက်ရှိခဲ့တဲ့ Disney Heroes: battle mode ဆိုတဲ့ဂိမ်းလေးအကြောင်းကို ပြောပြပေးသွားပါမယ်။

Disney က ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းတုန်းက Marvel Heroes လိုဂိမ်းမျိုးကို ပိတ်သိမ်းခဲ့ပြီးနောက်မှာ mobile gaming strategy အသစ်ပြန်လည် တည်ဆောက်နေတယ်လို့ ဇန်နဝါရီလတုန်းက ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်အရ အခု အသစ် ထွက်ရှိလာတဲ့ Disney Heroes: battle mode ဟာ strategy အသစ်နဲ့ ပြုလုပ်ထားတာ လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ပုံစံက အရင် Disney ဂိမ်းပုံစံတွေနဲ့ နည်းနည်း ကွဲထွက်နေလို့ပါ။

5 v 5 RPG ဂိမ်းအမျိုးအစားဖြစ်ပြီး ကိုယ်ရဲ့ ဟီးရိုးဇာတ်ကောင်ကို player က စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Disney ဟီးရိုးတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ability တွေရှိပါတယ်။ ပိုကောင်းတဲ့ ability ရဖို့ level တွေမြှင့်ပေးသွားပြီး ဟီးရိုး အတွက်အဆင်တန်ဆာတွေကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

ဂိမ်းထဲမှာ The Incredible, Toy Story, Wreck-It Ralph, Monsters, နဲ့ Zootopia တို့က အဓိက ဇာတ်ကောင် ၃၀ ကျော်ပါဝင်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ ဇာတ်ကောင်တွေဆိုတော့ ဟီးရိုးတွေက အားလုံးနဲ့ရင်းနှီးပြီးသားတွေဖြစ်နေမှာပါ။ Gameplay ပုံစံက Electronic Art ရဲ့ Star Wars: Galaxy of Heroes, FoxNext Games ရဲ့ Marvel Strike Force တို့နဲ့ နည်းနည်းဆင်ပါတယ်။ Avengers တွေအစား ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဖိုက်ရတဲ့ ပုံစံကွာသွားမှာပါ။

Disney ရဲ့ gaming strategy အသစ်နဲ့ပြုလုပ်ထား တာကြောင့် ထူးခြားတဲ့ ကွာခြားမှုလေးတွေကတော့ရှိနေဦးမှာပါပဲ။ ဘာတွေ ကွာခြားလည်း ဆိုတာ တွေ့ရဖို့ trailer လေးကြည့်လိုက်ပါဦး။

Disney ရဲ့ချစ်စရာ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ RPG ဂိမ်းကောင်း ကစားကြည့်ချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ Play Store နဲ့ App Store တို့မှာ အခမဲ့ ဒေါင်းလုတ်လုပ်ယူနိုင်နေပါပြီနော်။

 

Ref

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password