News

မကြာခင် ကစားနိုင်တော့မယ့် Dino war: Survival

ဒိုင်နိုင်ဆောကြီးတွေနဲ့ ဖိုက်ရမယ့် Dino war: Survival အခု April လထဲမှာထွက်ရှိတော့မှာဖြစ်ပါတယ်။ အကြမ်းစား အမိုက်စား တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တာကြောင့် မိုလ်ဘိုင်း gamer တွေအတွက် တကယ့်ကို သတင်းကောင်းတစ်ခုပါပဲ။ King Group က Dino war: Survival အတွက် ပိုစတာတွေ ကြိုတင်ပြီးချပြခဲ့ပါတယ်။ လက်ရှိ မျက်မှောက် ကာလမဟုတ်ပဲ အနာဂတ် မှာဖြစ်တဲ့ setting ပုံစံ ဖန်တီးထားတာကြောင့် ဂိမ်းထဲမှာတွေ့ရမယ့် အရာအားလုံးကို ထူးဆန်းနေမှာပါ။

Science-fiction ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Android အသုံးပြုသူတွေအတွက် Closed Beta Test ကိုပြုလုပ်ပေးခဲ့ပါတယ်။ Closed Beta Test အတွက် အချိန်ကာလ နှစ်လ ကြာမြင့်ခဲ့ပြီး Dino war: Survival ဂိမ်းကစားရင် အသုံးဝင်မယ့် လက်ဆောင်တွေကို ဆု အဖြစ်ချီးမြှင့်ခဲ့ပါတယ်။ Close Beta Test ရဲ့ရည်ရွယ်ချက်ကတော့ Dino war: Survival တရားဝင် မထွက်သေးခင် အချိန်မှာ ကြိုတင်ပြီး ဂိမ်းထဲမှာ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေနဲ့ ရင်းနှီးနေစေဖို့အတွက် ဖြစ်ပါတယ်။

Strategy ဂိမ်းဖြစ်တဲ့အတွက် ဒီဂိမ်းထဲမှာ သင့်ရဲ့ နည်းဗျူဟာက တော်တော် အရေးပါပါတယ်။ အကောင်းဆုံးနဲ့ အခိုင်မာဆုံး စစ်စခန်း တစ်ခုဖြစ်လာစေဖို့အတွက် လိုအပ်တဲ့ အဆောက်အအုံတွေဆောက်လုပ်ပြီး စစ်လက်နက်ပစ္စည်းတွေ တီထွင်ကာ အခြား commander တွေထံပြန်လည်ရောင်းချရမှာလည်း သင့်ရဲ့ တာဝန်ပါပဲ။ ဒါ့အပြင် ကျူးကျော်ရန်သူတွေ ဝင်ရောက်လာရင်လည်း ချေမှုန်းရမှာပါ။ ဂိမ်းရဲ့ ပုံစံက Game of War, Final Fantasy XV: A New Empire နဲ့ Game of Thrones: Conquest တို့ နဲ့ ဆင် ပါတယ်။

ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲ ကြားဖူးတွေ့ဖူးတဲ့ ဒိုင်နိုဆော သတ္တဝါကြီးတွေ ကို 3D ရုပ်ထွက်နဲ့ လုံးဝကို အမိုက်စား ပြန်လည်တွေ့မြင်ရမယ့်ဂိမ်းဖြစ်တာကြောင့် OP ကတော့ တရားဝင်ဂိမ်းထွက်မယ့်ရက်ကို မြန်မြန်ရောက်စေချင်နေပါပြီ။ တရားဝင်ဂိမ်းက အခု April လ ၂၆ ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ ကဲ..ဒါဆို OP နဲ့ အတူတူ Dino war: Survival ကို ခုကတည်းက pre-order လုပ်ထားလိုက်ကြရအောင်နော်..။

Pre-register – Android/ IOS

 

Source Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: