News

သူငယ်ချင်းတွေနဲ့အတူတူကစားလို့ရမယ့် Digital-Physical ဂိမ်း Escape Team

Escape Team လို့အမည်ရတဲ့ဒီဂိမ်းလေးက သာမန်မြင်နေကျ Mobile ဂိမ်းမျိုးတော့မဟုတ်ပါဘူး။ ဒီဂိမ်းမှာ ကတ်ကြေးတွေလည်းလိုမယ်၊ ဘောပင်တွေလည်းလိုမယ်၊ တိပ်တွေလည်းလိုနိုင်ပါတယ်။ ရုတ်တရက်ဆို ဒါကြီးက ဘယ်လိုလုပ်ပြီး Mobile ဂိမ်းဖြစ်မှာလဲလို့ တွေးကောင်းတွေးမိသွားနိုင်ပါတယ်။

Escape Team ဟာ Mobile ဂိမ်းနဲ့ Physical Activity တွေကိုပေါင်းစပ်ထားတဲ့ digital-physical puzzle ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကစားဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ပစ္စည်းတွေအပြင် Printer တစ်လုံးတော့လိုအပ်ပါလိမ့်မယ်။ Mission တစ်ခုချင်းစီအတွက် လိုအပ်တဲ့အရာတွေကိုဒေါင်းလုပ်ဆွဲပြီး Print ထုတ်ရမှာဖြစ်လို့ပါ။ ပြီးတော့ စာရွက်တွေပေါ်က ညွှန်ကြားချက်တွေနဲ့ ဖုန်းပေါ်ကညွှန်ကြားချက်တွေကိုလိုက်လံဆောင်ရွက်ပြီး ကစားရမှာဖြစ်ပါတယ်။

Mission တွေကလည်းအမျိုးမျိုးပါဝင်ပါတယ်။ ဗုံးစနက်ဖြုတ်တာကနေ Hacked ခံထားရတဲ့ဓာတ်လှေကားကိုပြန်သိမ်းတာနဲ့ ပျက်ကျခါနီးလေယာဉ်ကိုကယ်တင်တာတွေအထိ အစုံအလင်ပါဝင်ပါတယ်။ စာရွက်တွေကို ကတ်ကြေးနဲ့ဖြတ်တာ၊ Maze တွေမှာလမ်းကြောင်းရှာတာ၊ Morse Code တွေကိုဖုန်းထဲရိုက်ထည့်ရတာ စတာတွေကိုပြုလုပ်ပြီးကစားရမှာပါ။ သင့်ရဲ့ Goal ကတော့ Timer မပြည့်ခင်မှာ ပေးထားတဲ့ Mission ကိုအောင်မြင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီတော့ သင်ဖြတ်ထိုးဉာဏ်ဘယ်လောက်ကောင်းတယ်ဆိုတာကို စမ်းသပ်မယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဂိမ်းကို Play Store နဲ့ App Store တွေမှာ အခမဲ့ရယူဆော့ကစားနိုင်ပါတယ်။ Training နဲ့ Mission 1 တို့ကိုအခမဲ့ဆော့ကစားလို့ရမှာဖြစ်ပြီး Mission 2 ကနေ 5 တို့ကိုတော့ တစ်ခုကို $0.99 နဲ့ဝယ်ယူလို့ရမှာပါ။

ဒီဂိမ်းဟာ လူ ၂ ယောက်ကနေ ၄ ယောက်အထိအတူကစားဖို့ ဖန်တီးထားတာဖြစ်တဲ့အတွက် သင့်ရဲ့သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားလို့ရမှာပါ။ ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ဆိုရင် Digital ဂိမ်းတွေဆော့ရတာပျင်းလာလို့ Board Game ၊ Card Game စတဲ့ Physical Game တွေဖက်ကိုဦးလှည့်နေကြတာပါ။ ဒီတော့ Physical Interaction တွေပါတဲ့ Escape Team ဟာ ကျွန်တော်တို့လိုလူမျိုးတွေအတွက် ကွက်တိပါပဲ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: