Global Version ထွက်ရှိလာပြီဖြစ်တဲ့ DigimonLinks

Digimon ပရိသတ်တွေ ပျော်လိုက်လို့ရပါပြီ။ ၂၀၁၆ ခုနှစ်က ဂျပန်နိုင်ငံအတွက်သာ ထုတ်ဝေထားတဲ့ Digimon Links ဟာ ၁ နှစ်ကျော်ကြာပြီးနောက်မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ Global Version ထွက်ရှိလာပြီ ဖြစ်ပါတယ်။

Battle System က 3-on-3 ပုံစံဖြစ်ပြီး သင့် Digimon တွေရဲ့ Attribute နဲ့ Resistance တွေကို သေသေချာချာစဉ်းစားပြီး ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Leader Skill ၊ Signature Skill နဲ့ Legacy Skill ဆိုပြီး Ability အမျိုးမျိုးပါဝင်ပါသေးတယ်။ ဒါတင်မကပါဘူး၊ Online Co-op Mode ပါဝင်ပြီးတော့ အခြားကစားသူတွေနဲ့တွဲပြီး Mission တွေဆော့ကစားနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီဂိမ်းမှာ Battle ချည်းပဲ ချနေရမှာမဟုတ်ပါဘူး။ Digi-space လို့ခေါ်တဲ့ သင့်ရဲ့စခန်းမှာ Facility မျိုးစုံတည်ဆောက်ပြီး သင့်ရဲ့ Digimon တွေကို ပိုကြမ်းလာအောင် လေ့ကျင့်ပေးလို့ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Digivole နဲ့ Breeding တွေလည်းလုပ်လို့ရမှာဖြစ်လို့ တကယ့် Digimon ဂိမ်းတစ်ခုရဲ့အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

DigimonLinks ရဲ့ တာထွက်ကတော့ တော်တော်ကောင်းနေပါတယ်။ ရေရှည်မှာဘယ်လိုနေမလဲဆိုတာကတော့ Bandai Namco ရဲ့ IAP နဲ့ Gameplay ကို မျှမျှတတဖြစ်အောင် ထိန်းချုပ်နိုင်မှုနဲ့ Online Co-op ကို အဆင်ပြေအောင် ဆောင်ရွက်နိုင်မှုတွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အရှေ့က Digimon Mobile Game တွေနဲ့မတူတာကြောင့် DigimonLinks ကို Digimon ပရိသတ်တွေရဲ့ ချီးကျူးနေသံအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

A Digimon game for true Digimon fans. I looked through the charts and every Digimon I could think of wanting was there.

Source: Google Play

I’ve been waiting for this since the Japanese release and this is the closest game to what I expect out of a Digimon game. I’ve played all the Digimon worlds games and this game shows signs of its Tamagachi origins while having the same battle mechanics as many of the worlds games.

Source: App Store

 .          .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password