Monsters ကြီးများနဲ့အပြန်အလှန် Fight ချင်သောဘော်ဘော်တို့အတွက် Devil Ninja 2!

Monsters ကြီးတွေနဲ့ Fight ရမယ်ဆိုတဲ့အတိုင်း Monster နယ်မြေကိုသွားရောက်တိုက်ခိုက်ရမယ့် Ninja ကောင်လေးနေရာမှာမိတ်ဆွေဆော့ရမှာဖြစ်ပါတယ်။ ဒီဂိမ်းကNinja ကောင်လေးတစ်ယောက်နဲ့Monster Island တစ်ခုလုံးရဲ့တိုက်ပွဲပါ။ အဲ့ဒီတော့ Monster ကြီးတွေနဲ့Fight ရတာဝါသနာပါတဲ့ သူတွေအတွက်ကတော့ရှယ်ပါပဲ။

 

မိတ်ဆွေလုပ်ဆောင်ရမှာကတော့မြင်သမျှ Monster တွေနဲ့သူတို့ရဲ့ဘုရင်ကိုအကုန်သတ်ဖြတ်ရမှာပါ။ Monster တွေရဲ့ဘုရင်ကတော့အကောင်အကြီးဆုံးနဲ့အကြမ်းဆုံးဖြစ်တာကြောင့် မိတ်ဆွေကသတိထားရမှာပါ။ Monster တွေကိုသတ်တာများလာတာနဲ့ energy ball နဲ့ item တွေရရှိနိုင်မှာဖြစ်ပြီး အဲ့ဒီကနေမှပိုပိုကြမ်းတဲ့လက်နက်တွေလည်းရနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေ combo ကောင်းကောင်းနဲ့သတ်နိုင်ခဲ့ ရင်bonus energy ball တွေထပ်မံရှိမှာပါ။ Energy ball တွေကိုစုပြီးလက်နက်ရောင်းတဲ့နေရာမှာလက်နက်တွေဝယ်နိုင်မှာဖြစ်ပါတယ်။လက်နက်အနေနဲ့၁၀၀ကျော်လောက်ပါဝင်တာကိုလည်းတွေ့ရမှာပါ။ Newsအနေနဲ့ Devil World နဲ့ Powerful Boss : The King of Devildom  စတာတွေကိုစောင့်ရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာထင်သလောက်တော့မလွယ်ပါဘူး။ လမ်းသွားနေရင်းနဲ့ လမ်းမှာရှိတဲ့ Monster တွေသာမကBoss Type Monster ကိုပါတစ်ခါတည်းသတ်ရမှာကြောင့်အနည်းအငယ်တော့ခက်ခဲပါလိမ့်မယ်။

Android ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Tablet တွေမှာလည်း Support ပေးပါတယ်။ HD resolution နဲ့လည်းအမိုက်စားဆော့နိုင်ပါတယ်။Free To Play ပါ။ Sound System, Graphic, animation တွေလည်း မဆိုးတာကြောင့်Mobile Player များအတွက်အဆင်ပြေပါတယ်။ ဒီဂိမ်းလေးဟာ Mobile Player များအတွက်အဆင်ပြေတဲ့ဂိမ်းတစ်ခုဖြစ်ကြောင်းသတင်းကောင်းပေးလိုက်ပါတယ်။

Register New Account
Reset Password