Reviews

‘Destiny’နဲ့ဆင်တူတဲ့ အပျံစား RPG-FPS ဂိမ်း ‘Shadowgun Legends’

Playon ပရိသတ်တွေကို အလန်းစားဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးဦးမယ်ဗျာ…

ဒီရက်ပိုင်းက PUBG လည်းထွက်၊ Fortnite Beta ကလည်းစဆိုတော့ လက်မလည်အောင်အလုပ်ရှုပ်နေကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းက အရမ်းကိုကောင်းလွန်းလို့ Mobile ပေါ်မှာ FPS ကောင်းကောင်းကစားချင်သူတိုင်း စမ်းကြည့်သင့်တဲ့ဂိမ်းတစ်ခုပါ။ ဘယ်လောက်တောင်လည်းဆိုရင် အချို့လူတွေက Shadowgun Legends ကို ၂၀၁၈ ရဲ့အကောင်းဆုံး Shooter ဂိမ်းလို့တောင်ပြောနေကြတဲ့အထိပါပဲ။

Shadowgun Legends ကို စကားလုံးအနည်းဆုံးနဲ့ ဖော်ပြရမယ်ဆိုရင် “Mobile Platform ရဲ့ Destiny” လို့ပြောရမှာပါ။ Destiny လိုပဲ RPG စတိုင် Equipment စနစ်၊ Talent စနစ်၊ Multiplayer PvP ၊ Single Player Campaign ၊ Multiplayer Raids အစရှိတဲ့ Feature တွေအကုန်ပါဝင်ပါတယ်။ Mobile ဂိမ်းတစ်ခုမှာ အဲဒီလောက် Feature တွေ အများကြီးစုပြုံပြီးထည့်ထားတော့ အလုပ်မှဖြစ်ရဲ့လားလို့သံသယဝင်စရာပါပဲ။ အဲဒါကိုအဖြေရှာဖို့အတွက် ကျွန်တော်ကိုယ်တိုင်ဆော့ကြည့်လိုက်ပါတယ်။

ဂိမ်းထဲရောက်ရောက်ချင်းမှာပဲ “Wow…” ဆိုတဲ့ခံစားချက်မျိုးကို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ Main Hub ဖြစ်တဲ့ မြို့ကြီးက Player တွေနဲ့ ပျားပန်းခတ်နေပါတယ်။ ပြီးတော့ Graphic ကလည်း Mobile ဂိမ်းတစ်ခုလို့မထင်ရလောက်အောင် လှနေပါတယ်။ Character Customization ကလည်း JRPG တွေလောက် မစုံပေမယ့် သူ့အနေအထားနဲ့သူ အသင့်အတင့်ပါဝင်တဲ့အတွက် မဆိုးလှဘူးလို့ပြောရမှာပါ။

shadowgun legends

ဒါပေမယ့် အဲဒါတွေက ဒီဂိမ်းကောင်းကွက်တွေရဲ့ အပေါ်ယံအဆင့်ပဲရှိပါသေးတယ်။ တကယ်တမ်း ကျွန်တော့်ကို စွဲသွားစေတာက သူ့ရဲ့ ရိုးရှင်းအောင်လုပ်ထားတဲ့ Control စနစ်ပါ။ ကျွန်တော်က Mobile Platform ပေါ်က Shooter တွေကို အင်မတန်မုန်းသူတွေထဲမှာ ထိပ်ဆုံးမဟုတ်ရင်တောင် အဲဒီနားလောက်ကနေ ပါဝင်ပါတယ်။ ပစ်ရခတ်ရတာ အင်မတန် ကရိကထများပြီး လက်ပေါက်ကပ်လွန်းလို့ပါ။ Mobile Game Dev တွေအတွက်လည်း PC/Console ပေါ်က FPS Experience ကို Mobile ပေါ်ကိုအသွင်ကူပြောင်းယူရတာက အင်မတန်ခက်တယ်ဆိုတာ သဘောပေါက်ပါတယ်.. ဒါပေမယ့် အလုပ်မဖြစ်တာက အလုပ်မဖြစ်တာပါပဲ။

Shadowgun Legends မှာတော့ Developer Madfinger Games က “Screw other Devs, Let’s do it MY WAY” ဆိုပြီး Control Scheme တစ်ခုလုံးကို Streamline လုပ်ပလိုက်ပါတယ်။ ဒီဂိမ်းမှာ ခုန်လို့မရပါဘူး၊ ဝပ်လို့မရပါဘူး၊ ဒူးထောက်လို့မရပါဘူး… အဲဒါတွေအကုန်လုံးကိုဖြုတ်ပစ်ထားပြီး Basic Movement ပဲချန်ထားပါတယ်။ ပြီးတော့ သေနတ်ရဲ့ Crosshair က ရန်သူပေါ်ရောက်တာနဲ့ အော်တိုတန်းပစ်ပါတယ် (Manual ပစ်လို့လည်းရပါတယ်)။ အဲဒီတော့ ရန်သူကိုလိုက်ချိန်ပြီးပစ်ဖို့အတွက် နှစ်တစ်ရာလောက် ဂူအောင်းကျင့်စရာမလိုတော့ပဲ ညာဖက်လက်နဲ့ Camera လေးကိုလိုက်ချိန်ပေးရုံနဲ့ ရန်သူတွေက အတုန်းအရုံးရှောကုန်ကြမှာပါ။ Mobile Platform နဲ့ တော်တော်လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်.. တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ပိုပြီးအထာကျတာက Control Layout တစ်ခုလုံးကို စိတ်တိုင်းကျ Customize လုပ်လို့ရတာပဲဖြစ်ပါတယ်။

shadowgun legends

ပြီးတော့ RPG စတိုင် Gear တွေလိုက်စုရတာ၊ Level တက်တိုင်း Skill Point တွေကို Talent Tree မှာ စိတ်ကြိုက်သွားသုံးလို့ရတာတွေကတော့ RPG Fan တွေအတွက် အကြိုက်တွေ့စေမှာပါ။ ကျွန်တော်ကတော့ Guild ထဲမဝင်ရသေးလို့ Multiplayer Content တွေမစမ်းကြည့်ရသေးပါဘူး။ ဒါပေမယ့် လက်ရှိဆော့ပြီးသလောက် Single Player Content တွေနဲ့တင်ကို တော်တော်လေးသဘောကျမိပါတယ်။ နောက်ပြီး ခုချိန်ထိတော့ Pay-To-Win Wall မတွေ့မိသေးပါဘူး။ ဝယ်ရတာတွေကလည်း Cosmetic တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ပိုက်ဆံနည်းနည်းသုံးပြီး Backpack နဲ့ Inventory Slot တွေဝယ်တာလေးကတော့ တန်တယ်လို့ခံစားမိပါတယ်။

ကဲ.. Destiny လိုဂိမ်းမျိုးကိုကြိုက်တဲ့ ဘရိုတွေ.. Shadowgun Legends ကို ဆော့ဖြစ်အောင်ဆော့ကြည့်ပါ။ ဂိမ်းကိုဒေါင်းဖို့ ကုန်မယ့်ဘေလ်နဲ့တန်တဲ့ စိတ်ကျေနပ်မှုမျိုးပြန်ရမယ်လို့ အာမခံပါတယ်။ အောက်မှာ သူ့ရဲ့ဂိမ်း Trailer နဲ့ ကျွန်တော်ကိုယ်တိုင်ဆော့ထားတဲ့ Gameplay ဗီဒီယိုကိုကြည့်ပြီး ဒီဂိမ်းဘယ်လိုနေတယ်ဆိုတာ အကဲခတ်ကြည့်နိုင်ပါတယ်။

Download Links: Android, iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: