Despicable me ရဲ့ဇာတ်ကောင်တွေနေရာကဆော့ရမယ့် Despicable Me : Minion Rush!

Despicable Me လို့ပြောလိုက်တာနဲ့ Minion တွေကိုအရင်ဆုံးပြေးမြင်ကြမှာပါ။  Despicable Me ရဲ့ Fan တွေဆို Minion တွေကိုအရမ်းချစ်ကြပါတယ်။ ဒီဂိမ်းဟာ Despicable Me ရဲ့ Fan တွေနဲ့အံကိုက်ဖြစ်မယ့် ဂိမ်းလို့ပြောပါရစေ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ Minion တွေနေရာကဆော့ရမှာကြောင့်ဖြစ်ပါတယ်။

Minion Rush ဂိမ်းမှာတော့မိတ်ဆွေက Minion တစ်ကောင်ရဲ့နေရာကနေဆော့ရမှာဖြစ်ပါတယ်။ Minion နေရာကနေ လမ်းတစ်လျှောက်ဆက်တိုက်ပြေးနေရမှာပဲဖြစ်ပါတယ်။ ဆက်တိုက်ပြေးတဲ့အခါ လမ်းက အတားအဆီးတွေကို မိတ်ဆွေကရှောင်ပေးရမှာပဲဖြစ်ပါတယ်။ အတားအဆီးတွေအပြင် လမ်းတစ်လျှောက်မှာ Minion တွေကြိုက်တဲ့ငှက်ပျောသီး တွေလည်းပေးထားမှာဖြစ်ပါတယ်။ ငှက်ပျောသီးတွေကိုတော့လိုက်စားရမှာဖြစ်ပါတယ်။  အဲ့လိုဆက်တိုက်ပြေးရတဲ့ ဂိမ်းတော်တော်များများက Endless အမျိုးအစားတွေပဲဖြစ်ကြပါတယ်။ ဒါပေမယ့်ဒီဂိမ်းက Endless တော့မဟုတ်ပါဘူး။ Level တွေအများကြီးပိုင်းခြားထားပါတယ်။ Level မြင့်လာတာနဲ့ဆော့ရမယ့်နေရာတွေကပြောင်းသွားမှာဖြစ်ပြီး အနည်းငယ်ခက်လာမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ငှက်ပျောသီးပမာဏအတိအကျစားနိုင်ရင် Level တစ်ခုအောင်မှာဖြစ်ပါတယ်။

အဲ့လို Endless လည်းမဟုတ်၊ ဆက်တိုက်လည်းသွား ရတဲ့ နောက်ဂိမ်းတစ်မျိုး Playon ထဲမှာရှိပါသေးတယ်။ အဲ့ဒါကတော့ Cars : Lightning League ပဲဖြစ်ပါတယ်။ Cars : Lightning League ကလည်း Minion Rush လိုပါပဲ၊ ဆက်တိုက်သွားရပြီး Endless လည်းမဟုတ်၊ Level တွေအများကြီးခွဲထားတာပဲဖြစ်ပါတယ်။ မိတ်ဆွေဆော့ကြည့်ချင်ရင်တော့ Playon ရဲ့ Search Box ထဲမှာရှာနိုင်ပါတယ်။ မိတ်ဆွေကကျွန်တော့်လိုအနည်းငယ်ပျင်းပြီးမရှာချင်ဘူးဆိုရင်တော့ အောက်က Link ကနေ Download တန်းဆွဲနိုင်ပါတယ်။

https://playon.com/cars-lightning-league/

ဒါမှမဟုတ် မိတ်ဆွေက Article ဖတ်ပြီးမှဆော့ချင်တယ်ဆိုရင်တော့အောက်က Article link ထဲမှာသွားရောက် ဖတ်ရှုနိုင်ပါတယ်။

https://playon.com/article-cars-lightning-league-170906/

အဲ့ဒါကတော့မဆိုင်ပေမဲ့ ကြုံတုန်းလေးမိတ်ဆွေကိုအသိပေးတာပါ။

                                                    

ဒီ Minion Rush ဂိမ်းမှာမိတ်ဆွေကမတူညီတဲ့ Minion 3 ကောင်နေရာကဆော့ရမှာပါ။ အဲ့ဒါကတော့ Carl, Jerry, Dave စတဲ့ 3 ကောင်ပါ။ အဲ့ဒီ 3 ကောင်ကိုမိတ်ဆွေတော့မသိဘူး၊ ကျွန်တော်တော့သေချာမခွဲတတ်သေးပါဘူး။ ဒါ့အပြင်မတူညီတဲ့ ဝတ်စုံ 50 ကျော်ကိုလည်းတွေ့ရဦးမှာပါ။ Disco ကတဲ့ဝတ်စုံ၊ လှိုင်းစီးတဲ့အခါဝတ်တဲ့ဝတ်စုံ စတာတွေအပါအဝင်ပါ။ Level မြင့်လာရင်ပြောင်းသွားမယ့်နေရာတွေကလည်း Despicable Me ဇာတ်ကားတွေထဲက နေရာတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ Despicable Me : Minion Rush ကိုDownload ဆွဲပြီးဆော့ကစားတဲ့လူ တစ်ကမ္ဘာလုံးမှာစုစုပေါင်း 800 Million ရှိပါတယ်။ အဲ့ဒီ 800 Million နဲ့အတူဆော့ကစားဖို့မိတ်ဆွေအားဖိတ်ခေါ်ပါရစေ။ Offline ဂိမ်းအမျိုးအစားပါ။ Offline ပေမဲ့ ဂိမ်းစစချင်းသွင်းပြီးတဲ့အချိန်မှာ Data အချို့ကိုတော့ Download ပြန်ဆွဲရမှာပါ။ Download ကသူ့ဘာသာဆွဲသွားမှာပါ၊ မိတ်ဆွေက Online လေးဖွင့်ထားပေးရုံပါပဲ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ရောက်နေတဲ့နေရာမှာဆော့ကစားနိုင်တာကြောင့် မိတ်ဆွေအားအသိပေးပါရစေ။

 

Image Source :

https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftDMHM&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password