မိမိရဲ့ ရဲတိုက်ကြီးကို မိစ္ဆာတွေရန်ကနေ ကာကွယ်ချင်သော Player များအတွက် Defender!

မိစ္ဆာ၊ ဘီလူး၊ သားရိုင်း စတာတွေပါဝင်တဲ့ရန်သူအသိုက်ကြီးကတော့ မိတ်ဆွေရဲ့ ရဲတိုက်ကြီးကိုဖျက်ဆီးဖို့ အသင့်ပါပဲ။ ဖျက်ဆီးမယ့်သူကအဆင်သင့်ဖြစ်နေတာကြောင့်လေးမြှားကြီးကိုသုံးပြီး မိမိရဲ့ရဲတိုက်ကိုကာကွယ်ရမယ့်မိတ်ဆွေကလည်းအဆင်သင့်ဖြစ်နေသင့်ပါပြီ။ ဒီဂိမ်းမှာ မိတ်ဆွေက မြားလေးချောင်းပူးပါတဲ့ လေးမြှားကြီးကိုကိုင်ပြီး ကျူးကျော်တိုက်ခိုက်မယ့် ရန်သူမိစ္စာတွေကို ရဲတိုက်ပေါ်ကနေ အပီပစ်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေအသက်ကတော့ ရဲတိုက်ကြီးအသက်နဲ့တူတူပါပဲ။ ရဲတိုက်ကြီးရဲ့အသက်ကိုတော့ဘေးနားမှာ HP တန်းလေးနဲ့ဖော်ပြပေးထားမှာပါ။ ရန်သူတွေကတော့ရဲတိုက်နားကိုရောက်တာနဲ့ရဲတိုက်ကြီးကိုဖျက်ဆီးမှာပါပဲ။ ရန်သူတွေချတာကိုခံရတာများလေလေရဲတိုက်ကြီးရဲ့ HP လည်းတဖြည်းဖြည်းလျော့လာမှာဖြစ်ပါတယ်။

ရန်သူတွေက HP ကုန်အောင်ချသွားရင်တော့ မိတ်ဆွေရဲ့ ရဲတိုက်ကြီးပြိုကျမှာဖြစ်ပြီးမိတ်ဆွေလည်း Game Over သွားမှာပဲဖြစ်ပါတယ်။ ကျူးကျော်လာမယ့်ရန်သူတွေကလည်းအများကြီးဖြစ်နေမှာကြောင့်အရမ်းလွယ်လှတဲ့Game တော့မဟုတ်ပါဘူး။ အရေအတွက်များလာတာနဲ့အမျှမိတ်ဆွေလည်း ပစ်ရတာတော်တော်ခက်လာမှာပါ။

                                 

ဒါပေမယ့် မပူပါနဲ့၊ ဘာလို့လဲဆိုတော့ရန်သူတစ်အုပ်လုံးကိုပျောက်စေနိုင်တဲ့ Spell တွေရှိတာကြောင့်ပါ။ မိတ်ဆွေရဲ့အဓိကလက်နက်ဖြစ်တဲ့ လေးမြှားကိုလည်း Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Spell တွေအနေနဲ့ကတော့ Rocket တွေကိုမိုးရွာသလိုဖြစ်အောင်လုပ်တာတွေ၊ ရန်သူတွေအကုန်လုံးကို ရေခဲနဲ့ချုပ်လိုက်တာတွေ၊ မိုးကြိုးပစ်ချတာတွေစသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အဲ့ဒီ Spell တွေကို Damage ပိုကြမ်းလာအောင် Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ Spell တွေသုံးနိုင်မယ့် ပမာဏကို ဘေးနားက Mana တန်းရှည်လေးနဲ့ ကန့်သတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီ Mana တန်းရှည်လေးကုန်သွားရင်တော့ Spell တွေသုံးလို့ရတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ Mana တန်းလေးကရန်သူကိုသတ်တာတွေများရာကပြန်ပြည့်လာမှာဖြစ်ပါတယ်။

မိတ်ဆွေက ရဲတိုက်ကြီးရဲ့ HP ကိုများလာအောင် upgrade လုပ်နိုင်မှာဖြစ်သလို မိတ်ဆွေရဲ့ လက်နက်ဖြစ်တယ့်လေးမြှားရဲ့ Damage ပိုကြမ်းလာအောင်တို့၊ ပစ်နှုန်းပိုမြန်လာအောင်တို့ကိုလည်း upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေဒီဂိမ်းဆော့တော့မယ်ဆိုရင် Level မြင့်လာတာနဲ့အမျှ ရန်သူတွေရဲ့အုပ်စုက ပိုများလာမှာဖြစ်သလို၊ အကောင်တွေလည်းပိုပိုကြမ်းလာမှာပါ။ ဒါ့အပြင် ရန်သူ Boss အသစ်အသစ်တွေကိုလည်းတွေ့မြင်ရမှာပါ။ Boss တွေကတော့တော်တော်ပစ်ရမှာပါ။

Free To Play ပါ။ Android ဂိမ်းအမျိုးအစားပါ။ IOS ကိုင်သူတွေလည်းစိတ်ပါရင်အိမ်က Android အမျိုးအစားကိုင်တဲ့ သူတွေဆီကလုဆော့နိုင်ပါတယ်။ Android ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် Mobile Player များအားသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.droidhen.defender&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password