ကြောက်စရာကောင်းတဲ့ မြေအောက်သတ္တဝါကြီး နဲ့တွေ့ဆုံရမယ့် Death Worm Free!

Death Worm ဆိုတဲ့ နာမည်နဲ့ App Store, Playstore တို့မှာလည်းရှိပါသေးတယ်။ အဲ့ဒါကတော့ Free To Play မဟုတ်ပါဘူး။ Dollar 0.99 နဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ ဒီ Death Worm Free ဆိုတဲ့ဂိမ်းက တော့ Free To Play ပါ။

ဒီဂိမ်းမှာတော့ မိတ်ဆွေရဲ့ Character က ကြောက်စရာကောင်းတဲ့ မြေအောက်သတ္တဝါဖြစ်တဲ့ Death Worm ပါ။ Death Worm ကလူသားစားပြီး မြေအောက်မှာနေပါတယ်။ အဲ့ဒီတော့ မိတ်ဆွေက Death Worm နေရာကနေ လူတွေလိုက်စား၊ တွေ့တဲ့ပစ္စည်းတွေလိုက်ဖျက်ဆီး၊ ပြီးတော့ မြေအောက်ထဲပြန်ဝင်၊ အဲ့လိုလေးလုပ်နေရမှာပါ။

 

ဒီဂိမ်းမှာ မိတ်ဆွေကသောင်းကျန်းရမယ့် နေရာကပဲဖြစ်ပါတယ်။ စစချင်းမှာ တော့ မိတ်ဆွေဘက်က အသာစီးရနေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစချင်းမှာ မိတ်ဆွေစားရမယ့်လူတွေနဲ့ ဖျက်ဆီးရမယ့်ပစ္စည်းတွေပဲရှိနေတာကြောင့်ပါ။ ဒါပေမဲ့နောက်ပိုင်းရောက်ရင်တော့ အသာစီးရချင်မှရမှာပါ။ ဘာလို့လဲဆိုတော့ မိတ်ဆွေကို ပစ်ခတ်မယ့်ရဲတွေ၊ မိုးပေါ်ကနေ ဗုံးကြဲမယ့်လေယာဥ်တွေ ပါလာမှာ မို့လို့ပါ။ နောက်ပိုင်းမှာမိတ်ဆွေကို တိုက်ခိုက်တာ ကြမ်းလာမှာဖြစ်တဲ့အတွက် မိတ်ဆွေက မြေအောက်မှာ ခဏတာဝင်ပုန်းနေရမယ့် အခြေအနေတွေလည်းရှိလာမှာပါ။

Death Worm Free ဆိုတဲ့ဂိမ်းမှာ Campaign, Blitz, Survival, Mini Games ဆိုပြီး Game Mode ၄ခုပါဝင်ပါတယ်။

  • Campaign Mode ထဲမှာ Desert Warfare, Worm And The City ဆိုပြီးအခန်း ၂ ခန်းပါဝင်ပါတယ်။
  • Blitz Mode မှာတော့ Blitz Survival, Christmas Blitz ဆိုပြီး ၂ ခန်းရှိနေမှာပါ။
  • Survival Mode မှာတော့ Endless Mode, Extreme Survival, Halloween Survival ဆိုပြီး ၃ ခန်းရှိနေမှာပါ။
  • Mini Games Mode မှာတော့ Super Dash, Air Defense, Countdown ဆိုပြီး ၃ ခန်းရှိနေမှာပါ။

Mini Games Mode နဲ့ Survival Mode ထဲကဂိမ်းတွေကတော့ စစချင်းမှာ Lock ဖြစ်နေမှာပါ။ In-game Coin နဲ့ Unlock လုပ်ရမှာဖြစ်ပါတယ်။ Campaign Mode နဲ့ Blitz Mode ထဲကအချို့အခန်းတွေလည်း Lock ဖြစ်နေမှာဖြစ်တာကြောင့် In-game ထဲက Coin နဲ့ပဲ unlock လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Achievements ဆိုတဲ့ Option တစ်ခုကိုတွေ့ရဦးမှာပါ။ အဲ့ဒီ Achievements Option က မိတ်ဆွေကိုဆုပေးမယ့်နေရာပဲဖြစ်ပါတယ်။ ဘာဆုပေးမယ်ဆိုတာ မပြထားပေမဲ့ ဘယ် Level ကနေ ဘယ် Level အထိပြီးရင် အဲ့ဒီဆုကိုရမယ်ဆိုတာတော့ပြထားပါတယ်။ In-Game ထဲမှာ Fire နဲ့ Skin တွေကိုလည်း Update လုပ်နိုင်ပါတယ်။ Fire ကတော့ မိတ်ဆွေက Power အလုံးလေးတွေကို လိုက်စားမှပစ်နိုင်မှာဖြစ်ပါတယ်။ Skin ကို Update လုပ်ရင်တော့ မိတ်ဆွေရဲ့ Worm ကြီးရဲ့ခံနိုင်ရည်အားပိုများလာမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ကစားနိုင်ပြီး စိတ်ကြိုက်သောင်းကျန်းနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။ ဒါ့အပြင် Death Worm Free  နဲ့ Death Worm ဂိမ်းနှစ်ခုရဲ့ကွာခြားချက်ကို ရေးဖို့အစီအစဉ်ရှိသေးတာမို့ဆက်လက်စောင့်ကြည့်ဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.playcreek.DeathWorm_Free

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password