Mission တွေကိုလုပ်ဆောင်ရင်းလမ်းတလျှောက်မှာရှိတဲ့ Zombie တွေကိုပစ်ခတ်သွားရမယ့် Dead Trigger 2!

Zombie တွေနဲ့တိုက်ခိုက်ရတဲ့ ဂိမ်းတွေတော်တော်များများရဲ့ထုံးစံအတိုင်း တစ်မြို့လုံး Zombie Virus စွဲကပ်ရာက စတင်မှာဖြစ်ပါတယ်။ မိတ်ဆွေကဒီဂိမ်းမှာ Zombie တွေရန်ကလွတ်မြောက်ပြီး ရှင်သန်အောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။ တစ်မြို့လုံး Zombie တွေဖြစ်နေပြီး ဒီဂိမ်းမှာတော့ မိတ်ဆွေတစ်ယောက်တည်း Zombie မဖြစ်ပဲကျန်ခဲ့တာတော့မဟုတ်ပါဘူး။ မိတ်ဆွေလိုပဲ Zombie တွေကြားကရှင်သန်ဖို့ကြိုးစားနေတဲ့ လူအများအပြားရှိနေမှာပါ။

သွားရာလမ်းတလျှောက်မှာ အဲ့ဒီလူတွေနဲ့လည်း မိတ်ဆွေတွေ့ရမှာဖြစ်ပါတယ်။ ရှင်သန်ဖို့ရုန်းကန်နေတဲ့ ရည်ရွယ်ချက်ခြင်းတူညီတာကြောင့် သူတို့ကမိတ်ဆွေနဲ့ လာပူးပေါင်းမှာဖြစ်ပါတယ်။ လာပူးပေါင်းမဲ့လူတွေက အများကြီးဖြစ်ပေမဲ့ မိတ်ဆွေ တကယ်အလုပ်တွဲလုပ်ရမယ့် လူက အဓိကအနေနဲ့ ၄ ယောက်သာရှိမှာပါ။ အဲ့ဒီ ၄ ဉီးကိုအစပိုင်း Mission တွေမှာထဲက မိတ်ဆွေတွေ့ရမှာဖြစ်ပါတယ်။

  •       ပထဉီးဆုံး မိတ်ဆွေတွေ့ရမှာကတော့ လက်နက်တွေလုပ်တတ် တဲ့လူနဲ့ပါ။ သူကတော့ မိတ်ဆွေ Zombie တွေကိုတိုက်ခိုက်ဖို့ သေနတ်တွေ၊ လက်နက်တွေ ကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။
  •     ဒုတိယတစ်ယောက်ကတော့ ဆေးပညာမှာတော်ပြီး မိတ်ဆွေလိုပဲ ရှင်သန်ဖို့ကြိုစားနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူကမိတ်ဆွေနဲ့လာပူးပေါင်းမှာဖြစ်ပြီး မိတ်ဆွေ Zombie ဆီကလာတဲ့ Damage တွေကိုသက်သာအောင် ဆေးတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။
  •      မိတ်ဆွေနဲ့တွေ့ဆုံရမဲ့ တတိယ တစ်ယောက်ကတော့ အင်ဂျင်နီယာ ပဲဖြစ်ပါတယ်။ အဲ့ဒီ အင်ဂျင်နီယာ ကတော့ မိတ်ဆွေကဗုံးတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။
  •      နောက်ဆုံးတစ်ယောက်ကတော့ မှောင်ခိုသမားဖြစ်ပါတယ်။ သူကတော့ မိတ်ဆွေရဲ့ သေနတ် Damage တွေပိုကြမ်းအောင်၊ သွေးဖြည့်တာပိုမြန်အောင် အစရှိတဲ့ မိတ်ဆွေလိုအပ်တဲ့အရာတွေကိုစွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

သူတို့ ၄ ယောက်နဲ့အတူတူနေဖို့ မိတ်ဆွေစီမှာ Zombie တွေမရှိတဲ့ ပုန်းခိုရာ တစ်နေရာရှိနေမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ဂိမ်းစတည်းကပေးထားပြီးဖြစ်ပါတယ်။ သူတို့ ၄ ယောက်ရဲ့ အကူအညီနဲ့ မိတ်ဆွေကနေရာအသစ်တွေသွားပြီး Zombie တွေကိုသတ်၊ လိုအပ်တဲ့ကိရိယာတွေကိုသွားယူ စတာတွေလုပ်နေရမှာပါ။

ဒီဂိမ်းမှာ မိတ်ဆွေဆော့နိုင်တဲ့ Mission စုစုပေါင်း ၆၀၀ နီးပါးရှိပါတယ်။ Mission တစ်ခုမှာ လုပ်ရမဲ့အလုပ်တွေပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီအလုပ်တွေကိုမိတ်ဆွေမသေပဲ လုပ်ဆောင်နိုင်မှသာ Mission တစ်ခုပြီးမြောက်မှာဖြစ်ပါတယ်။ Mission နောက်ပိုင်းရောက်လာတာနဲ့ အမျှထူးခြားတဲ့နေရာတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။

Zombie တွေကလမ်းတလျှောက်မှာရှိနေမှာဖြစ်ပြီး Zombie Boss တွေနဲ့လည်း နောက်ပိုင်း Mission တွေမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ စစချင်းမှာ Pistol တစ်လက်နဲ့ Screw Bar တစ်လက်သာမိတ်ဆွေစီမှာရှိနေမှာပါ။ နောက်ပိုင်း ကျမှမိတ်ဆွေလူတွေရဲ့အကူအညီနဲ့ လက်နက်တွေများလာမှာဖြစ်ပါတယ်။ Graphics ပိုင်းကတော့ အဆင်ပြေတာထက်ကိုပိုပါတယ်။ Zombie အသံတွေကိုကြည်ကြည်လင်လင်ကြားနေရအောင် Sound System နဲ့လည်းတော်တော်ပံ့ပိုးထားတာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး Mobile Game တစ်ခုထက်ပိုတဲ့ ခံစားမှုမျိုးပေးနိုင်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Dead Trigger 2 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password