Zombie တွေ အရှင်မထားနဲ့! သူတို့က မြို့ကို ဖျက်ဆီးတဲ့သူတွေ….Dead Rivals – Zombie MMO

တကယ့်ကို အမိုက်စားပုံစံ Graphic နဲ့ ဂိမ်းအဖွင့်မှာ မြို့ပျက်ကြီးရဲ့ မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။

တစ်နေရာကနေ ရုတ်တရက်ထွက်ပေါ်လာမယ့် Zombie တွေကလည်း အဆင်သင့်ရှိနေမှာဖြစ်ပြီး တချို့နေရာတွေမှာ လူတွေကို ကိုက်ခဲနေတဲ့ Zombie တွေကို တွေ့ရမှာဖြစ်ပါတယ်။

  

ဒါကို ရပ်ကြည့်နေဖို့မလိုပါဘူး။ သင့်မှာ Zombie တွေ ကောင်းကောင်းပစ်ခတ်နိုင်တဲ့ သေနတ်အပြည့်အစုံ ပေးထားပါတယ်။

ဂိမ်းဟာ Mission အလိုက် သွားရမှာဖြစ်ပြီး Zombie တွေရဲ့ ဦးခေါင်းကို ပစ်နိုင်လေ အမှတ်ပိုတက်လေဖြစ်ပြီး သတ်မှတ်ချက်မှာ Pro အဆင့်ရရှိမှာဖြစ်ပါတယ်။ တချို့ Zombie တွေက သင့်အနားကို အမြန်ဆုံးနှုန်းနဲ့ ရောက်လာမှာဖြစ်ပြီး သူတို့ ရောက်မလာခင်မှာ အသံတချို့ကြားရမှာဖြစ်ပါတယ်။

Dead Rivals – Zombie MMO က တစ်ချိန်ကထွက်ခဲ့တဲ့ Window Game ဖြစ်တဲ့ Left 4 Dead နဲ့ ပုံစံတူပါတယ်။

ဂိမ်းထဲက ဇာတ်ကောင်ရဲ့ Character၊ဆံပင်ပုံစံနဲ့ အဝတ်အစားတွေကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။

ကိုယ်က အမျိုးသမီး ဇာတ်ကောင်ကိုရွေးထားလို့ပဲဖြစ်ဖြစ် အမျိုးသားဇာတ်ဆောင် ရွေးထားတာပဲဖြစ်ပြီး သူတို့ကိုယ်ပိုင် Attack Function တွေပါဝင်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ Gun တွေနဲ့ Attack Button ကို နှိပ်ပြီး တိုက်ခိုက်နိုင်အောင် လွယ်ကူတဲ့ပုံစံနဲ့ ပြုလုပ်ပေးထားပါတယ်။

ကိုယ့်ရဲ့ Back Side မှာလည်း Zombie ရှိ/မရှိဆိုတာ ကြည့်နိုင်ပါတယ်။ တကယ်လို့ သင်က မျက်စိမလျင်ဘဲ Zombie တွေသာ သင်နဲ့ နီးကပ်ဆုံးရောက်လာပြီဆိုရင် သင့်ကို ဦးနှောက်ဖောက်စားတော့မှာဖြစ်ပါတယ်။ ဒီတော့ သင်ကလက်ဦးမှုရယူပြီး သူတို့ရဲ့ ခေါင်းကို  သေနတ်နဲ့ ပစ်မလား? သူတို့ကပဲ ကိုယ့်ကို ဦးနှောက်ဖောက်မလားဆိုတဲ့အပြန်အလှန် အမဲလိုက်ရတဲ့ ဂိမ်းဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို အသံနဲ့ ရုပ်နဲ့ရော အကောင်းမွန်ဆုံး ပံ့ပိုးပေးထားတဲ့ ဂိမ်းကောင်းလေးဖြစ်ပါတယ်။

ဒီဂိမ်းလေးကို စိတ်ဝင်စားလို့ ကစားချင်ရင် ဒီနေရာမှာ Download ရယူနိုင်ပါတယ်။

Image Source : https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftWOHM&hl=en

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password