News

Android နဲ့ iOS ပေါ်ကို Dead Island: Survivors ရောက်နေပြီဆိုတာ သိပြီးကြပြီလား???

ဘော်ဒါတို့ရေ PC/Console ပေါ်မှာ နာမည်ကြီးရေပန်းစားခဲ့တဲ့ Dead Island ကိုမှတ်မိကြသေးလား??? Dead Island ဟာ ၂၀၁၁ တုန်းက Console ပေါ်မှာအရင်ထွက်ရှိခဲ့တဲ့ Survival RPG ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ အခုထွက်လာတဲ့ Dead Island: Survivors ကတော့ မူလဂိမ်းရဲ့ spin-off အနေနဲ့ထွက်ရှိလာတာပါ။ Dead Island:Survivors ရဲ့ သမိုင်းကြောင်းကတော့ ၂၀၁၆ ခုနှစ်မှာ iOS အတွက် Soft launch ထွက်ရှိခဲ့ပါတယ်။ Soft launch ပြီးသိပ်မကြာခင်မှာ Android beta ထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ၂၀၁၈ ခုနှစ်ရောက်မှ official ထွက်လာတာပါ။

ပထမဦးဆုံးအနေနဲ့ အမှန်အကန်အထာကျတဲ့ Trailer လေးကို အရင်ရှိုးလိုက်ကြပါဦး။

Trailer ထဲက အချစ်တော် ဇွန်ဘီ ကောင်တွေကို မြင်တာနဲ့တင် horror, adventure ဂိမ်း ပရိသတ်တွေ စိတ်ထိန်းလို့မရတော့ဘူးဆိုတာ Admin ခံစားမိပါတယ်။ ဟဲဟဲ 😀

ဂိမ်းကတော့ မူလဂိမ်း Dead Island လိုမျိုး Action RPG မဟုတ်ပါဘူး။ Survivors က Base တွေဆောက်ပြီး ရန်သူတွေလာတာကို ကာကွယ်ရတဲ့ Tower Defense ဂိမ်းမျိုးဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့တွေ့ရမယ့် ဇွန်ဘီကောင်တွေက အရမ်းကိုများပြားလွန်းတာကြောင့် စကစားချင်းမှာ ထိန်းချုပ်ရတာ နည်းနည်းတော့ ခက်ခဲပါလိမ့်မယ့်။ ဒါပေမယ့် အသားကျသွားရင်တော့ အားလုံးက အေးအေးဆေးဆေး ပြန်ဖြစ်သွားမှာပါ။ Download လုပ်ယူခကတော့ အခမဲ့ဆိုပေမယ့် နောက်ပိုင်းမှာ ငွေနဲ့ပေးဝယ်ရမယ့် App Purchase တွေက item တစ်ခုကို ဒေါ်လာ ၀.၉၉ ကနေ ၉၉.၉၉ အထိရှိတယ်လို့သိရပါတယ်။ Purchase နဲ့ မကစားချင်ရင်လည်း Free flow လေးနဲ့ပဲကစားသွားပေါ့နော်။ 😎

Google Play ရဲ့ ဖော်ပြချက်အရ Dead Island: Survivors ကို ဒေါင်းလုတ်လုပ်သူအရေအတွက် ၅သောင်းကျော်နေပြီလို့သိရပါတယ်။ ဒါ့အပြင် fan တွေကလည်း မူလဂိမ်းရဲ့ direct sequel ဖြစ်မယ့် “Dead Island 2” ထပ်ပြီး ထွက်ရှိလာဖို့အတွက်ကို မျှော်လင့်နေကြပါတယ်။

Dead Island: Survivors ကို Download မလုပ်ခင် အသိပေးစရာတစ်ခုရှိပါတယ်။ နောက်ပိုင်းဂိမ်းတွေထုံးစံအတိုင်း File Size ကြီးပါတယ်။ iOS သမားတွေဆို တစ်ခါတည်း 1 GB လောက် တန်းဒေါင်းရပါတယ်။ အဲ့တော့ wifi လေးနဲ့ဒေါင်းကြဖို့ recommend ပေးချင်ပါတယ်နော်။

Note: Device တိုင်းနဲ့ ကိုက်ညီမှုမရှိသေးတဲ့အတွက် အချို့အချို့သော device တွေမှာ ကစားလို့ရမှာမဟုတ်ပါဘူး။

Ref: Variety

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: