DC Universe က Character တွေကိုတွေ့မြင်ရမယ့်အပြင် Story Mode ပုံစံဆော့ကစားသွားရမယ့် DC Legends : Battle For Justice!

ထွက်ရှိထားတာ ၂၀၁၆ တည်းကဆိုပေမယ့် You can’t save the world alone လို့ Poster မှာရေးထားပြီး မကြာသေးမီကမှထွက်ရှိထားတဲ့ Justice League Movie ထဲက Cyborg နဲ့ Aquaman တို့သာမက Villain ကြီးဖြစ်တဲ့ Steppenwolf ကိုပါ ဒီဂိမ်းမှာတွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီအချက်ကိုကြည့်ရင် ဒီဂိမ်းရဲ့ Developer တွေက Active ဖြစ်တာကိုတွေ့ရမှာပါ။

Batman, Nightwing, Green Lantern, Green Arrow, Flash, Wonder Woman, Superman (Man of Steel), Shazam စတာတွေအပါအဝင် Hero ပေါင်းများစွာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ Joker, Deadshot, Deathstroke, Harley Quinn စတာတွေအပါအဝင် Villain များစွာကိုလည်း တွေ့ရဉီးမှာပါ။ အဲ့ဒီအချက်တွေကိုကြည့်ခြင်းဖြင့် Character ပိုင်းကစုံစုံလင်လင်ပါဝင်တာကို ကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ်။

Chapter လေးတွေနဲ့ ဆော့ရမှာဖြစ်ပြီး Chapter တစ်ခုနဲ့တစ်ခု မှာတွေ့ရမယ့်ရန်သူတွေကလည်း တူညီနေမှာမဟုတ်ပါဘူး။ ဇာတ်လမ်းသွား Chapter လေးတွေဖြစ်တာကြောင့် Chapter တစ်ခုနဲ့တစ်ခုက နေရာတူညီနေမှာမဟုတ်ပါဘူး။ Character တစ်ကောင်တည်းနေရာကနေ ဆော့ကစားရမှာမဟုတ်ပဲ Team တစ်ခုအနေနဲ့ကစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။

Team တစ်ခုမှာ Hero ၄ ယောက်အထိပါဝင်နိုင်မှာဖြစ်ပါတယ်။ တွေ့ရမယ့်ရန်သူတွေကလည်း တစ်ယောက်တည်းဖြစ်နေမှာမဟုတ်ပဲ အဖွဲ့နဲ့ဖြစ်နေမှာဖြစ်ပါတယ်။ ဂိမ်းစစချင်းမှာ Green Arrow နဲ့ Zatanna စတဲ့ Character ယောက်သာမိတ်ဆွေ ပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ Team တစ်ခုရဲ့ formation က ၄ ယောက်ဆိုပေမယ့်လည်း  ၂ ယောက်ပဲပိုင်ဆိုင်ထားတဲ့အချိန်မှာ Team formation ကို ၂ ယောက်နဲ့စတင်ရမှာဖြစ်ပါတယ်။

ရန်သူတွေက Movie တွေ၊ Comic တွေအတိုင်းဖြစ်နေမှာမဟုတ်ပဲ ဂြိုလ်ပေါ်က စက်ရုပ်တွေဖြစ်နေမှာပါ။ တစ်ခါတလေ Hero တွေကိုလည်း Villain တွေအဖြစ်မြင်တွေ့ရမှာပါ။ တူတာဆိုလို့ Character တွေနဲ့ Ability လောက်ပဲရှိတာပါ။ ဂိမ်းဖြစ်နေတဲ့အတွက်ကြောင့် Movie နဲ့ ကွဲထွက်နေတာတော့မထူးဆန်းလှပါဘူး။ ရန်သူဘက်မှာ Hero တွေကိုတွေ့မြင်ရမှာဖြစ်သလို Villain တွေကိုလည်းမိတ်ဆွေဘက်မှာ Teammate အနေနဲ့ထားရှိနိုင်မှာဖြစ်ပါတယ်။

Hero တစ်ကောင်ချင်းစီမှာ Level တွေရှိသလို Spell တွေလည်းရှိနေပါတယ်။ စစချင်းမှာ တော့ Damage အနည်းငယ်သာရှိနေမှာပါ။ Damage ရော Level ရောများချင်ရင်တော့ မိတ်ဆွေကိုယ်တိုင် Gem (သို့) Resources တစ်ခုခုနဲ့ Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။  ဒါ့အပြင် PvP (Player Vs Player) mode ပါဝင်တာကြောင့် မိတ်ဆွေမှာရှိတဲ့ Hero တွေနဲ့ Global က Player တွေကို ချဲနိုင်မှာဖြစ်ပါတယ်။ PvP mode ကမိတ်ဆွေရဲ့ Player Level 10 ရောက်ရှိမှသာ Unlock ဖြစ်မှာပါ။ Strategy ကောင်းကောင်းနဲ့ formation ချပြီး ဖိုက်နိုင်ရင် အနိုင်ရရှိမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ RPG နဲ့ Strategy ပုံစံနှစ်မျိုးရောစပ်နေမှာဖြစ်ပြီး DC universe က Character များစွာကိုတွေ့မြင်ရမှာဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : DC Legends : Battle For Justice

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password