Graphic အလန်းစားနဲ့ RTS ဂိမ်း Dawn of Titans

Real Time Strategy (RTS) ဂိမ်းကောင်းတွေဟာ PC မှာ ပေါများသလောက် မိုဘိုင်းလ် platform မှာတော့ တော်တော်ကို ရှာဖွေယူရပါတယ်။ အဲဒီထဲကမှ graphic အလန်းစားနဲ့ ဂိမ်းတွေက ပိုလို့တောင် ရှားပါသေးတယ်။ Graphic ကောင်းကောင်းနဲ့ RTS ဂိမ်းတွေကို ရှာဖွေနေကြတယ်ဆိုရင်တော့ ဝေးဝေးလံလံ လိုက်ရှာမနေပါနဲ့။ အခုပဲ အဲဒီလိုဂိမ်းမျိုးနဲ့ မိတ်ဆက်ပေးပါမယ်။ ဂိမ်းရဲ့ နာမည်ကတော့ Dawn of Titans လို့ခေါ်ပါတယ်။ ဒီဂိမ်းဟာ Apple App Store မှာရော Google Play Store မှာပါ Editor’s Choice အနေနဲ့ ရွေးချယ်ဖော်ပြခြင်းခံရတဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့လို့ ကောင်းမကောင်းကတော့ အထူးတလည် စာဖွဲ့ပြနေစရာ မလိုဘူးလို့ ထင်ပါတယ်။

 .         

Dawn of Titans ကို အနီးစပ်ဆုံးနှိုင်းယှဉ်ပြရမယ်ဆိုရင်တော့ PC က Total War ဂိမ်းတွေကို ညွှန်ပြရမှာပါ။ မိမိရဲ့ စစ်သားတွေကို အချိန်နဲ့ တစ်ပြေးညီ ညွှန်ကြားချက်တွေပေးပြီး ရန်သူကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲမစခင်မှာ စစ်သားတွေကို မိမိသွားစေလိုတဲ့ လမ်းကြောင်းတွေ အသေးစိတ် ရေးဆွဲပြီး battle plan ချမှတ်နိုင်မှာပါ။ ရန်သူတပ်ကို ဘေးကနေ ပတ်တိုက်မလား။ ထိပ်တိုက်ဝင်တိုးမလား။ မိမိစစ်တပ်တစ်ခုလုံးက ရန်သူတစ်ယောက်တည်းကို အရင်ဖိချမလား။ သင်စဉ်းစားလို့ရသမျှ နည်းဗျူဟာတွေကို အသေးစိတ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ Battle plan ချပြီးရင် တိုက်ပွဲစလို့ ရပါပြီ။ တိုက်ပွဲစသွားရင်လည်း သင့်ရဲ့ နည်းဗျူဟာကို အခြေအနေအရ လိုအပ်သလို တောက်လျှောက် ပြောင်းလဲနေနိုင်ဦးမှာပါ။ ရန်သူတပ်ဖွဲ့တစ်ခုလုံး ကုန်သွားရင်တော့ တိုက်ပွဲကို အောင်နိုင်ပြီ ဖြစ်ပါတယ်။

ဂိမ်းအကြောင်း ရှင်းပြသွားတာ တစ်ခုခု လိုနေတယ်လို့ခံစားနေရပါသလား။ ဟုတ်ပါတယ်။ ဒီဂိမ်းရဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို မပြောရသေးပါဘူး။ ကစားသူဟာ စစ်သားတွေအပြင် Titan တွေကိုပါ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ Titan တွေဟာ ဒီဂိမ်းရဲ့  အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်တာဖြစ်ပြီး သင့် Titan က ကြမ်းမှသာ တိုက်ပွဲတွေကို အောင်နိုင်မှာ ဖြစ်ပါတယ်။ Titan တွေကနေတစ်ဆင့် အသုံးပြုလို့ရတဲ့ magic spell တွေဟာဆိုရင်လည်း တိုက်ပွဲအောင်နိုင်ဖို့အတွက် အခရာကျပါတယ်။ Titan တွေကို ပိုပြီးအစွမ်းထက်လာအောင် level မြင့်တင်ခြင်း၊ skill အဆင့်မြင့်တင်ခြင်းတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Titan တွေကိုလည်း စစ်သားတွေကို ထိန်းချုပ်သလိုမျိုးပဲ အချိန်နဲ့ တစ်ပြေးညီ ညွှန်ကြားချက်တွေ ပေးပြီး တိုက်ပွဲ ဆင်နွှဲခိုင်းရမှာပါ။ တိုက်ပွဲအတွင်းမှာ Titan တွေကို စနစ်တကျ အသုံးပြုတတ်မှသာ တိုက်ပွဲကို အောင်နိုင်မှာ ဖြစ်ပါတယ်။

 .         

Dawn of Titans မှာ single-player campaign ရော clan war တွေပါ ပါဝင်တဲ့အတွက် မိမိအားသန်ရာကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ အပေါ်မှာလည်း ပြောခဲ့ပါတယ်။ Dawn of Titans ဟာ graphic အင်မတန်ကောင်းမွန်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ graphic အရည်အသွေးဟာ မိုဘိုင်းလ်ဂိမ်းတွေအတွက်ဆိုရင် ထိပ်တန်းအရည်အသွေးရှိတဲ့ graphic လို့ ပြောရမှာပါ။ ဂိမ်းထဲက လေပေါ်မှာပျံဝဲနေတဲ့ကျွန်းတွေဟာ ကစားသူတွေကို ရင်သပ်ရှုမော ဖြစ်သွားစေမှာပါ။ တိုက်ပွဲအတွင်းမှာဆိုရင်လည်း PC ဂိမ်းတွေနီးပါး အသေးစိတ်ကျတာကို မြင်တွေ့ရမှာပါ။ Zoom အနီးကပ်ဆွဲယူပြီးဖြစ်စေ၊ အဝေးမှဖြစ်စေ သင်စိတ်ကြိုက် ကြည့်ရှုပြီး Dawn of Titans ရဲ့ graphic ကောင်းမွန်မှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Dawn of Titans ကို Android ရော iOS မှာပါ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Freemium ဂိမ်းတို့ထုံးစံအတိုင်း Titan အကောင်းစားတွေရဖို့ကတော့ gacha ကနေ ကံစမ်းရယူရမှာဖြစ်တဲ့အတွက် ကံ သို့မဟုတ် ပိုက်ဆံတော့ လိုပါတယ်။ မိမိရဲ့ စခန်းကို အဆင့်မြင့်တင်ရာမှာလည်း gem တွေသုံးပြီး မြန်မြန်ပြီးအောင် လုပ်လို့ရပါသေးတယ်။ စိတ်ရှည်ရှည်နဲ့ ကစားမယ်ဆိုရင်တော့ ပိုက်ဆံသုံးစရာမလိုပါဘူး။ Dawn of Titans ဟာ မိုဘိုင်းလ် gamer တွေအတွက်ကတော့ တကယ်ကို godsend  ပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကလည်း အချိန်အကြာကြီး မယူတဲ့အတွက် လမ်းသွားလမ်းလာရင်း ဆော့ကစားလို့လည်း အဆင်ပြေပါတယ်။ Graphic အလန်းစားနဲ့ RTS ဂိမ်းကောင်းကောင်း ရှာဖွေနေသူတွေအတွက်ကတော့ လုံးဝလက်မလွတ်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ ဆော့ဖြစ်အောင် ဆော့ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Image Sources:

https://www.youtube.com/watch?v=X7SEIFBeg1k

https://itunes.apple.com/us/app/dawn-of-titans/id911800950?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password