အလန်းစား Dart ဂိမ်း ‘Darts of Fury’

တခြားဘာမှမကြည့်ခင် နာမည်တစ်ခုတည်းနဲ့တင် တော်တော်ရှိန်သွားပါတယ်။ ‘Darts of Fury’ တဲ့။ ဒါပေမယ့် နာမည်ပဲလှပြီး ဆော့မကောင်းတဲ့ဂိမ်းတွေအများကြီးရှိတာမို့ ဒီဂိမ်းရောဘယ်လိုနေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

ဒီဂိမ်းကတော့ နာမည်ဖတ်ရုံနဲ့တင် ဘာဂိမ်းအမျိုးအစားဆိုတာ သိသာပါတယ်။ စက်ဝိုင်းကွင်းထဲကိုမြှားတွေပေါက်ပြီး ရမှတ်တွေရယူရတဲ့အားကစားနည်းကို သင့်ရဲ့ Mobile Device တွေပေါ်မှာကစားရမှာဖြစ်ပါတယ်။ Darts of Fury ထဲဝင်လိုက်တာနဲ့ သူ့ရဲ့အရောင်အသွေးစုံလင်ပြီး ရိုးရှင်းသပ်ရပ်တဲ့ Interface ကိုမြင်တွေ့ရမှာပါ။ ဒါ့အပြင် ခပ်လန်းလန်းနောက်ခံတီးလုံးက သင့်ကိုသွေးတကြွကြွဖြစ်နေစေဦးမှာပါ။

ဒီဂိမ်းမှာ League နဲ့ Training ဆိုပြီး Game Mode ၂ မျိုးပါဝင်ပါတယ်။ League မှာကတော့ ကမ္ဘာတစ်ဝန်းက Player တွေနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အင်တာနက်ရှိဖို့တော့လိုပါလိမ့်မယ်။ League ဆိုတဲ့အတိုင်း ပွဲတွေကစားပြီး Level တွေတင်ရမှာပါ။ Level တက်လာတာနဲ့အမျှ Speed ၊ Stability ၊ Slimness ပိုကောင်းတဲ့မြှားတွေကို အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။ ဒီ Mode မှာ Dart Game Rules အတိုင်းပဲ ပေးထားတဲ့အမှတ်အတိုင်းရအောင် စက်ဝိုင်းထဲကအကွက်တွေကို ချိန်တွက်ပြီးပစ်ရမှာပါ။ League တစ်ပွဲကစားရင် Token တစ်ခုကုန်မှာဖြစ်ပြီး Token တွေက အချိန်နဲ့ပြန်ပြည့်ပါတယ်။ စိတ်တိုင်းကျကစားလို့မရတာတစ်ခုကတော့ သိပ်မမိုက်ပါဘူး။

 .          .         

နောက် Mode ဖြစ်တဲ့ Training ကိုတော့ League ကစားရင်းကရတဲ့ Coin တွေပေးပြီးကစားရမှာဖြစ်ပါတယ်။ Easy နဲ့ Pro ဆိုပြီး Difficulty ၂ မျိုးရှိပါတယ်။ Easy မှာက စက်ဝိုင်းထဲကအကွက်တွေကို ၁ ကနေ ၂၀ အထိအစဉ်အတိုင်း ၂ မိနစ်အတွင်းမှာပြီးအောင်ပစ်ရမှာပါ။ Pro မှာတော့ ပိုခက်သွားပါတယ်။ Double Bed နေရာတွေကို ၁ ကနေ ၂၀ အထိ အစဉ်အတိုင်းပစ်ရမှာဖြစ်ပါတယ်။ ဒီ Mode ကစားရင်တော့ လက်တည့်လာတာအမှန်ပါပဲ။

Developer တွေ တော်တော်ဉာဏ်ကောင်းတယ်လို့ဆိုရမှာပါ။ Dart Game မှာသုံးတဲ့မြှားကို ရအောင် Customization Option တွေထည့်သွင်းထားပါတယ်။ ဟုတ်ပါတယ်၊ Stats Parameter တွေအပြင် မြှားကိုအလှဆင်လို့ရပါသေးတယ်။ ဒါပေမယ့် Free-to-Play ဂိမ်းဖြစ်တဲ့အတွက် Developer တွေပိုက်ဆံရှာတယ်လို့ပဲ ယူဆပေးလိုက်လို့ရပါတယ်။ Style Option တွေက ဂိမ်းအပေါ်မှာသက်ရောက်မှုမရှိတဲ့အတွက် ပြဿနာမရှိပါဘူး။

 .         

Game ရဲ့ Physics ကလည်း တော်တော်ကောင်းတယ်လို့ဆိုရမှာပါ။ နည်းနည်းကျင့်သားရလာတာနဲ့ လိုချင်တဲ့နေရာကို ချိန်ဆပြီးပစ်လို့ရပါတယ်။ Game Physics မကောင်းတဲ့ဂိမ်းတွေကို ကြုံဖူးကောင်းကြုံဖူးကြမှာပါ။ သွားစေချင်တဲ့ဖက်မသွား၊ ချိန်တဲ့ဖက်မရောက်နဲ့ တော်တော်ကိုဆော့ကစားရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ Darts of Fury မှာတော့ အဲဒီပြဿနာမရှိတာကြောင့် ဆော့ကစားရတာ တော်တော်အရသာရှိစေပါတယ်။

Darts of Fury ဟာ App Store ပေါ်မှာရှိတဲ့ အကောင်းဆုံး Dart Game တွေထဲကတစ်ခုဖြစ်တယ်ဆိုတာကတော့ သူ့ရဲ့ Quality ကိုကြည့်ရုံနဲ့ ခန့်မှန်းနိုင်ပါတယ်။ Game ကအရမ်းလည်းမရှုပ်ထွေးဘဲ သူ့ရဲ့အဓိက Feature ဖြစ်တဲ့ မြှားပေါက်တာကို ကစားသူတွေကျေနပ်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Unlimited Play မရတာတစ်ခုတော့ သိပ်အားမရပေမယ့် ဒီခေတ်ဂိမ်းတွေအားလုံးက ဒီလိုမျိုးတွေပဲဆိုတော့ ဘာမှမပြောသာပါဘူး။ ဖေဖေမေမေတွေလည်း မြှားပေါက်ရတာဝါသနာပါတဲ့ ကလေးငယ်တွေကို အန္တရာယ်ကင်းကင်းနဲ့ သူတို့ဝါသနာပါတာကို ဆော့ကစားနိုင်စေဦးမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ Short Burst ဆော့ကစားလို့ရမယ့် ဂိမ်းတစ်မျိုးမျိုးရှာဖွေနေတယ်ဆိုရင်တော့ Darts of Fury ကိုစမ်းဆော့ကြည့်ပါလို့ ညွှန်းလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password