Reviews

Arpg တော်လှန်ရေး (သို့မဟုတ်) Darkness Rises

Dark Avanger series အနေနဲ့လွန်ခဲ့တဲ့လတွေထဲက Dark Avanger 3 ဆိုတဲ့ သတင်းသဲ့သဲ့နဲ့ gamer တွေကိုလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ Beta အဆင့်အဆင့်နဲ့အရင်ဆုံး Korea နိုင်ငံမှာစမ်းဆော့ခိုင်းပြီး Korea စာတွေနဲ့ပဲ release အရင်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတောင် VPN ကျော်ပြီးဆော့ကစားသူအများအပြားရှိနေတာပါ။

Global Grand Opening ရောက်လာတဲ့အခါမှာတော့ Darkness Rises လို့ပြောင်းလဲခဲ့ပါတယ်။ DA series ဟာ အရင်ကတည်းကသြဇာကြီးမားတဲ့ Arpg game series တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ယှဉ်ပြိုင်မှုအားကောင်းလွန်းတဲ့ PvP mode ကြောင့် player အခိုင်အမာရှိတဲ့ series တစ်ခုပါ။ အခု တတိယမျိုးဆက်မှာတော့ဘယ်လိုဆန်းသစ်မှုတွေနဲ့ Arpg လောကကိုတော်လှန်ထားလည်းဆိုတာကိုပြောပြပေးသွားပါမယ်။

ပထမဦးဆုံးအနေနဲ့ ပြောပြချင်တာက အရမ်းကိုလန်းလွန်းတဲ့ Graphic အကြောင်းပါ။ ဂိမ်းကိုစဝင်လိုက်တာနဲ့ ဒါဟာ Mobile ဂိမ်းဟုတ်ရဲ့လားလို့ခံစားရစေပါတယ်။ သင့်ဖုန်းကထွက်ပေးနိုင်သမျှအကောင်းဆုံးရုပ်ပုံကိုခံစားနိုင်မှာပါ။ စက်ပိုင်းဆိုင်ရာအနေနဲ့တော့ Mid-range ဖုန်းတွေမှာတောင် ကောင်းကောင်းကစားလို့ရတာတွေ့ရပါတယ်။

နောက်တစ်ချက်က တော့အသေးစိတ်လွန်းတဲ့ ဇာတ်ကောင်ဖန်တီးမှုပါ။ Gamer တွေမှာလောဘတစ်ခုရှိပါတယ်.. ဘာလဲဆိုတော့ ကိုယ်ကိုင်တဲ့ hero ကိုဘယ်သူနဲ့မှမတူချင်ပဲ ကိုယ့်အတွက် special ဖြစ်နေစေချင်တဲလောဘပါ။ ဂိမ်း developer တွေအနေနဲ့ဒီအချက်ကိုကောင်းကောင်းသိပုံရပါတယ်။ ကိုယ့်ရဲ့ဇာတ်ကောင်ကို ကိုယ့်စိတ်ကူးအတိုင်းစိတ်ကြိုက် အသေးစိတ်ဖန်တီးလို့ရအောင်ပြုလုပ်ပေးထားတာက gamer တွေအကြိုက်တွေ့စေမှာပါ။(စကားမစပ် female character လေးတွေအရမ်းချောပါတယ်)။

ဒီဂိမ်းကို Arpg တော်လှန်ရေးလို့ပြောရတဲ့အချက်တွေထဲကတစ်ခုက ဂိမ်းရဲ့ story ကြောင့်ပါပဲ။ ပုံမှန်ဆော့နေကြ Arpg တွေထဲကလို လျှောက်သွားလိုက် တွေ့တဲ့အကောင်သတ်လိုက်မဟုတ်ပဲ ထူးခြားနေတာကအချို့အခန်းတွေမှာကိုယ်ချလို့နိုင်သွားတဲ့အကောင်ကြီး တွေကိုထိန်းချုပ်လို့ရနေတာပါ။ (ဆော့နေရင်းGod of Warဂိမ်းတွေကိုသတိရမိ) 180 ဒီဂရီမြင်ကွင်းနဲ့ finishing combo mode တွေအကြားမှာ ပထမဦးဆုံး plot တွေ twist တွေနဲ့ မရိုးအောင်လုပ်နိုင်တဲ့ Arpg လို့တင်စားချင်ပါတယ်။ (download ဆွဲပြီးပြီးချင်းကနေဖုန်းအားကုန်တဲ့အထိ story မှာနစ်မြောသွားတာ).. ဒါပေမဲ့ story အခန်းတွေအနေနဲ့အလကားမရပါဘူး adventure mode ကိုတွဲဆော့မှ unlock ဖြစ်ပါတယ်။

အခြားအနေနဲ့ကတော့ class လေးခုနဲ့ skill ရာကျော်၊ အဖွဲ့လိုက် boss kill တာတွေ၊ boss weakness ကိုရှာပြီးသတ်ရတာတွေ၊ competitive ဖြစ်တဲ့ pvp mode တွေ အများကြီးပါ ဆက်ပြောရင်အရသာပျက်မှာစိုးတာကြောင့် ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါဦးခင်ဗျာ။ အောက်ပါ link မှာဒေါင်းယူနိုင်ပါတယ်။

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: