
ကျေးရွာလေးတစ်ရွာမှာနေတဲ့ Alice ဆိုတဲ့ကောင်မလေးက တစ်နေ့မှာ စမ်းချောင်းထဲက သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ သေတ္တာထဲမှာ ကျောက်တုံးပုံစံ ဥတစ်မျိုးကိုတွေ့ရှိခဲ့ပြီး Alice လက်ထဲရောက်ရောက်ချင်းမှာ မီးငှက်တစ်ကောင် အဖြစ်ပြောင်းသွားပြီး Alice ရဲ့လက်ထဲကို ဝင်သွားခဲ့တယ်။ အဲ့ကိစ္စဖြစ်ပြီး တစ်နေ့မှာ ဘယ်ကမှန်းမသိတဲ့ စစ်သည်တော်တွေရောက်လာပြီး Alice ကိုလာရှာရင်းနဲ့ Alice ရဲ့အဖေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြပါတယ်။ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေကို သိရှိဖို့ Alice တစ်ယောက်
သူ့ရဲ့ဦးလေးဖြစ်သူကိုလိုက်ရှာရင်း စွန့်စားခန်းတွေ စတင်ပါတော့တယ်။
ဒီgameထဲမှာ သင်က Alice နေရာကနေပါဝင်ကစားရမှာပါ။လမ်းခရီးမှာရှိတဲ့ ပစ္စည်းတွေကို ရှာဖွေ စုဆောင်းပြီး ပဟေဋ္ဌိ တွေကိုဖြေရှင်းသွားရမှာဖြစ်တယ်။Mini-games တွေ ပဟေဋ္ဌိတွေကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ အံ့ဖွယ်ကမ္ဘာကြီးရဲ့ အဓိက မကောင်းဆိုးရွားကြီးနဲ့ ရင်ဆိုင်ရမှာပါ။ နေရာပေါင်း ၅၀ ကျော်ကို ဖြတ်သန်းရမှာဖြစ်ပြီး လမ်းမှာ ဆန်းကြယ်တဲ့ လူတွေအများကြီးနဲ့တွေ့ရမှာဖြစ်တယ်။
Easy, Hard နဲ့ Normal ဆိုပြီး အဆင့် ၃မျိုးရွေးချယ်နိုင် မှာဖြစ်လို့ ကိုယ်ကစားချင်တဲ့ တစ်ခုကို ရွေးချယ်လိုက်ရုံနဲ့ စတင်ကစားနိုင်ပါပြီ။ အံ့ဖွယ် ကမ္ဘာကြီးရဲ့ ထူးခြားဆန်းကြယ်မှုတွေ နဲ့ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေတဲ့ challenges တွေက အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါ့အပြင် တတ်ကြွလှပတဲ့ ရုပ်ထွက် နဲ့ အသံတွေက ဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။
Story ပုံစံ တည်ဆောက်ထားတဲ့ ဂိမ်းဖြစ်လို့ ကစားရင်းပျင်းသွားမှာလုံးဝမပူရပါဘူး။ သည်းထိပ်ရင်ဖို စွန့်စားခန်းတွေပါဝင်မှာဖြစ်လို့ အားလပ်ရပ်တွေမှာ အေးအေးဆေးဆေး ကစားလို့ကောင်းမယ့် game ဖြစ်ပါတယ်။
Android, iOS နှစ်မျိုးစလုံးနဲ့free ကစားနိုင်ပါတယ်။ ဒါပေမယ့် အချို့Android devices တွေနဲ့ ကစားလို့မရပါဘူးနော်။ iOS မှာ Rating 4.8 အထိတောင်ရှိပြီး Android မှာ rating 4.6 စီရှိကြပါတယ်။
Image Source – Darkness and Flame: Born of Fire