English Version ထွက်ရှိတော့မယ့် Danmachi Mobile ဂိမ်း

Danmachi လို့အတိုကောက်ခေါ်ကြတဲ့ နာမည်ကြီး Anime Series တစ်ခုဖြစ်တဲ့ “Is It Wrong to Try to Pick Up Girls in a Dungeon?” ကို မှီငြမ်းထားတဲ့ “Danmachi ~Memoria Freese~” ဆိုတဲ့ Mobile Game ဟာ ၂၀၁၇ ဇွန်လကတည်းက ထွက်ရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန် Game Developer တွေဟာ သူတို့ရဲ့ဂိမ်းတွေကို ဂျပန်နိုင်ငံအတွက်သာ ထုတ်ဝေလေ့ရှိကြပြီး တော်ရုံနဲ့ English Version ထုတ်ဝေလေ့ မရှိကြပါဘူး။ ဒါကြောင့် ဂျပန်ဂိမ်းတစ်ခု English Version ထွက်ရှိမယ်ဆိုတိုင်း သတင်းတစ်ခုဖြစ်တာ ထုံးစံလိုကို ဖြစ်နေပါတယ်။

ဂျပန်နိုင်ငံက Mobile Game Publisher တစ်ဦးဖြစ်တဲ့ GREE နဲ့ အမေရိကန်နိုင်ငံက Publisher Crunchyroll တို့ရဲ့ ဂျပန်နိုင်ငံကဂိမ်းတွေကို နိုင်ငံတကာသို့ဖြန်ချိရေး သဘောတူညီချက် ရဲ့ ပထမခြေလှမ်းအဖြစ် International ပရိသတ်အင်အား တောင့်တင်းတဲ့ Danmachi Franchise ကိုရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ Project စတင်တဲ့ ၂၀၁၈ နှစ်ဦးပိုင်းမှာ Danmachi ~Memoria Freese~ ရဲ့ English Version ကို Android နဲ့ iOS Platform တွေအတွက် ထုတ်ဝေပေးမှာဖြစ်ပါတယ်။

Danmachi ~Memoria Freese~ ဟာ မူရင်း Danmachi ဇာတ်လမ်းကိုမှီငြမ်းထားတာတဲ့ RPG ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ Character တွေကို Anime ထဲက အသံသရုပ်ဆောင်တွေကိုယ်တိုင် သရုပ်ဆောင်ပေးထားပါသေးတယ်။ ဒီဂိမ်းမှာ ကစားသူတွေဟာ Bell Cranel ၊ Riveria Ljos Alf ၊ Ais Wallenstein နဲ့ Liliruca Arde စတဲ့ အထင်ကရ Character တွေကို အသုံးပြုပြီး ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းနဲ့ မူရင်းအသံသရုပ်ဆောင် တွေကိုအသုံးပြုထားတာမို့ Danmachi ပရိသတ်တွေ သဘောကျကြမှာပါ။ English Version App ထွက်ရှိမယ့်ရက် အတိအကျသိရှိခဲ့ရရင် ဒီနေရာကနေ ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password